အစ္စရေးဘုရင်ဗာရှာမင်းကြီးသည် ယုဒပြည်သို့ချီလာ၍ ယုဒဘုရင်အာသမင်းကြီးထံ မည်သူမျှဝင်ထွက်သွားလာခြင်းမပြုနိုင်အောင် ရာမမြို့ကိုတည်၏။
၃ ရာ 15:22 - မြန်မာ့စံမီသမ္မာကျမ်း အာသမင်းကြီးသည်လည်း ရာမမြို့ကို ဗာရှာမင်းကြီးတည်ရာ၌ အသုံးပြုခဲ့သော ကျောက်တုံးများ၊ သစ်သားများကို ပြည်သူပြည်သားတစ်ယောက်မကျန် သယ်ဆောင်ရမည်ဟု ယုဒပြည်တစ်ပြည်လုံးသို့ အမိန့်ထုတ်ပြန်၏။ ထို့နောက် အာသမင်းကြီးသည် ထိုပစ္စည်းများဖြင့် ဗင်္ယာမိန်နယ်တွင် ဂေဗမြို့နှင့် မိဇပါမြို့ကို တည်လေ၏။ Common Language Bible ထိုအခါအာသမင်းသည် ယုဒပြည်တစ်လျှောက် လုံးသို့အမိန့်ထုတ်ပြန်တော်မူပြီးလျှင် ပြည်သူ အပေါင်းတို့အားတစ်ယောက်မကျန်ရာမမြို့ တံတိုင်းတည်ဆောက်ရန်အတွက် ဗာရှာမင်းအသုံး ပြုလျက်နေခဲ့သည့်ကျောက်တုံးများနှင့်သစ် သားများကိုဝိုင်းဝန်းသယ်ဆောင်စေတော်မူ၏။ ထိုပစ္စည်းများဖြင့်အာသသည် မိဇပါမြို့နှင့် ဗင်္ယာမိန်နယ်တွင်ရှိသောဂေဘမြို့ကိုတံတိုင်း ကာရံတော်မူ၏။ Garrad Bible တိ ရ ဇာ မြို့၌ စံ နေ စဉ် အာ သ မင်း သည် ယု ဒ တစ် မျိုး လုံး အား တစ် ယောက် မ ကျန်၊ အ မိန့် တော် ထုတ် ဆင့် ပြီး လျှင် ဗာ ရှာ မင်း တည် ဆဲ ဖြစ် သော ရာ မ မြို့ မှ ကျောက်၊ သစ် သား များ ကို သယ် ယူ၍ မိ ဇ ပါ မြို့ နှင့် ဗင်္ယာ မိန့် နယ် ရှိ ဂေဗ မြို့ များ ကို ချဲ့ တည် လေ ၏။ Judson Bible ထိုအခါ အာသမင်းကြီးသည် ယုဒပြည်တစ်လျှောက်လုံးတွင် အမိန့်တော်ကို ကြော်ငြာစေသဖြင့်၊ ပြည်သားတစ်ယောက်မျှမလွတ်၊ ရှိသမျှတို့သည် ရာမမြို့၌ ဗာရှာမင်းသွင်းသောကျောက်နှင့် သစ်သားကိုယူသွားကြ၍၊ အာသမင်းကြီးသည် ဗင်္ယာမိန်ခရိုင်၌ဂေဘမြို့နှင့် မိဇပါမြို့ကိုတည်၏။ |
အစ္စရေးဘုရင်ဗာရှာမင်းကြီးသည် ယုဒပြည်သို့ချီလာ၍ ယုဒဘုရင်အာသမင်းကြီးထံ မည်သူမျှဝင်ထွက်သွားလာခြင်းမပြုနိုင်အောင် ရာမမြို့ကိုတည်၏။
ထို့နောက် ရှင်ဘုရင်သည် ယုဒမြို့ရွာရှိ ယဇ်ပုရောဟိတ်များအားလုံးကိုလည်း ဆင့်ခေါ်၍ ဂေဗမြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ယဇ်ပုရောဟိတ်တို့ နံ့သာပေါင်းမီးရှို့ပူဇော်သောနေရာဖြစ်သည့် အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကို မစင်ကြယ်အောင် လုပ်ပစ်၏။ ထို့ပြင် မြို့တံခါးဝ၏ဝဲဘက်၊ မြို့တော်ဝန်ယောရှုတံခါးနားရှိ အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကိုလည်း ဖြိုဖျက်ပစ်လေ၏။
အာသမင်းကြီးသည်လည်း ယုဒပြည်သူပြည်သားအပေါင်းတို့ကို ခေါ်ဆောင်လာ၍ ရာမမြို့ကိုဗာရှာမင်းကြီးတည်ရာ၌ အသုံးပြုခဲ့သော ကျောက်တုံး၊ သစ်သားများကို ယူဆောင်သွားစေကာ ထိုပစ္စည်းများဖြင့် ဂေဗမြို့နှင့် မိဇပါမြို့ကို တည်လေ၏။
ငါမူကား မိဇပါမြို့တွင်နေထိုင်ပြီး ငါတို့ထံရောက်လာမည့် ခါလဒဲလူမျိုးတို့ကို ရင်ဆိုင်ပေးမည်။ သင်တို့မူကား စပျစ်ဝိုင်မှစ၍ နွေရာသီသီးနှံ၊ ဆီတို့ကို စုသိမ်းပြီး အိုးများ၌ သိုထားကြလော့။ သင်တို့ရထားသောမြို့တို့တွင် နေထိုင်ကြလော့”ဟု ဆိုလေ၏။
ယေရမိသည်လည်း အဟိကံ၏သား ဂေဒလိရှိရာ မိဇပါမြို့သို့ပြန်သွား၍ ပြည်၌ကျန်ရစ်သောပြည်သားတို့နှင့်အတူ နေထိုင်လေ၏။
ဣရှမေလသတ်ခဲ့သော ဂေဒလိနှင့်လူတို့၏အလောင်းများကို ပစ်ချခဲ့ရာတွင်းသည် အစ္စရေးဘုရင်ဗာရှာမင်းကြီးကိုကြောက်၍ အာသမင်းကြီး တူးထားခဲ့သောတွင်းဖြစ်၏။ ဤသို့ဖြင့် နေသနိ၏သားဣရှမေလသည် ထိုတွင်းကို လူသေအလောင်းများဖြင့် ပြည့်စေ၏။
ဂေဗမြို့မှဂျေရုဆလင်မြို့တောင်ဘက် ရိမ္မုန်မြို့တိုင်အောင် မြေတစ်ပြင်လုံးသည် လွင်ပြင်ဖြစ်လိမ့်မည်။ ဂျေရုဆလင်မြို့ကား မြှင့်တင်ခြင်းကိုခံရ၍ ဗင်္ယာမိန်တံခါးမှ မြို့တံခါးဟောင်းနေရာမြို့ထောင့်တံခါးအထိလည်းကောင်း၊ ရှိဟာနနေလမျှော်စင်မှသည် တော်ဝင်စပျစ်သီးနယ်ရာကျင်းအထိလည်းကောင်း ယခင်နေရာ၌ တည်ရှိလိမ့်မည်။
ခေဖာဟာမောနဲမြို့၊ ဩဖနိမြို့၊ ဂေဗမြို့ စသည့်မြို့ပေါင်း တစ်ဆယ့်နှစ်မြို့နှင့်ရွာများ ပါ၏။
ဗင်္ယာမိန်အမျိုးအနွယ်ရသောအမွေမြေထဲမှ ဂိဗောင်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဂေဗမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊
ထိုအခါ ရှမွေလက သူတို့အား “အစ္စရေးတစ်မျိုးသားလုံးကို မိဇပါမြို့၌ စုဝေးစေကြလော့။ သင်တို့အဖို့ ထာဝရဘုရားထံ ငါဆုတောင်းပေးမည်”ဟု ဆို၏။