ဤသို့ပြုမူခြင်းများသည် ယေရောဗောင်မင်းမျိုးမင်းနွယ်အတွက် အပြစ်ဖြစ်လာပြီး သူတို့ကို မြေမျက်နှာပြင်ပေါ်မှဖျက်ဆီးသုတ်သင်ပစ်ရမည့်အခြေသို့ ဆိုက်လေ၏။
၃ ရာ 14:10 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ယခု ငါသည် ယေရောဗောင်မင်းမျိုးမင်းနွယ်တို့အပေါ် ဘေးဆိုးကျရောက်စေမည်။ အစ္စရေးပြည်ရှိ ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူပါမကျန် ယေရောဗောင်မင်းမျိုးမင်းနွယ်ထဲမှ ယောက်ျားတို့ကို ငါပယ်ရှင်းမည်။ အမှိုက်ပုံကို မီးရှို့ရှင်းလင်းပစ်သကဲ့သို့ ယေရောဗောင်မင်းမျိုးမင်းနွယ်တို့ကို သုတ်သင်ပယ်ရှင်းပစ်မည်။ Common Language Bible ဤအကြောင်းကြောင့်ငါသည်သင်၏မင်းဆက် ကိုပျက်သုဉ်းစေမည်။ ကြီးငယ်မရွေးသင်၏ သားမြေးထဲမှယောကျာ်းမှန်သမျှကိုသုတ် သင်ပစ်မည်။ သင်၏အိမ်ထောင်စုသားတို့ကို ငါပယ်ရှင်းမည်။ သူတို့အားနောက်ချေးသဖွယ် ရှင်းလင်းပစ်မည်။- Garrad Bible သို့ ဖြစ် ၍ ယေ ရော ဗောင် မင်း မျိုး၌ ဘေး သင့် စေ လျက် ဣ သ ရေ လ နိုင် ငံ တွင် ယေ ရော ဗောင် နှင့် တော် စပ် သူ အ ကျဉ်း သား၊ အ လွတ် သား၊ ယောက်ျား ဟူ သ မျှ ကို သုတ် သင်၍ အ မှိုက် ကျွမ်း လောင် ဘိ သ ကဲ့ သို့ ယေ ရော ဗောင် မင်း မျိုး ကို အ ကြွင်း မဲ့ ငါ ကျွမ်း လောင် စေ မည်။ Judson Bible ထိုကြောင့် ယေရောဗောင်အမျိုးအပေါ်သို့ ဘေးဥပဒ်ရောက်စေမည်။ ဣသရေလမြို့ရွာ၌ အချုပ်ခံသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ ယေရောဗောင်အမျိုး ယောက်ျားများကို ပယ်ဖြတ်မည်။ လူသည် နောက်ချေးကို အကုန်အစင် ကျုံးသွားသကဲ့သို့၊ ကျန်ကြွင်းသော ယေရောဗောင်အမျိုးသားကို ပယ်သွားမည်။ |
ဤသို့ပြုမူခြင်းများသည် ယေရောဗောင်မင်းမျိုးမင်းနွယ်အတွက် အပြစ်ဖြစ်လာပြီး သူတို့ကို မြေမျက်နှာပြင်ပေါ်မှဖျက်ဆီးသုတ်သင်ပစ်ရမည့်အခြေသို့ ဆိုက်လေ၏။
သူသည် ထီးနန်းရ၍ ရာဇပလ္လင်ပေါ်စံမြန်းသည်နှင့် ဗာရှာမင်းကြီး၏မင်းမျိုးမင်းနွယ်အားလုံးနှင့်တကွ သူ၏ဆွေမျိုးများ၊ မိတ်ဆွေများထဲမှ ယောက်ျားတစ်ယောက်ကိုမျှ မချန်ထားဘဲ သုတ်သင်ပစ်၏။
ကြည့်ရှုလော့။ ငါသည် ဗာရှာနှင့်သူ့အမျိုးအနွယ်ကို သုတ်သင်ပယ်ရှင်းပစ်မည်။ သူ့အမျိုးအနွယ်ကို နေဗတ်၏သားယေရောဗောင်၏အမျိုးအနွယ်ကဲ့သို့ ဖြစ်စေမည်။
ထာဝရဘုရားက ‘ကြည့်ရှုလော့။ ယခု ငါသည် သင့်အပေါ် ဘေးဆိုးကျရောက်စေမည်။ သင့်ကို ငါသုတ်သင်ပယ်ရှင်းမည်။ အစ္စရေးပြည်ရှိ အာဟပ်မင်းကြီးအမျိုးထဲမှ ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူပါမကျန် ယောက်ျားအားလုံးကို ငါပယ်ရှင်းမည်။
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ အလွန်ခါးသီးစွာခံစားနေရသည်ကို သိမြင်တော်မူ၏။ အစ္စရေးလူမျိုးတို့တွင် ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူကိုပါ ကူညီမည့်သူ တစ်ယောက်မျှမရှိ။
ရှမာရိမြို့ကို တိုင်းသောမျဉ်းကြိုး၊ အာဟပ်မင်းမျိုးမင်းနွယ်ကို တိုင်းသောချိန်သီးဖြင့် ဂျေရုဆလင်မြို့ကို တိုင်းတာမည်။ ပန်းကန်ကိုသုတ်သကဲ့သို့ ဂျေရုဆလင်မြို့ကိုသုတ်ပစ်ပြီး မှောက်ထားမည်။
ယေဇဗေလ၏အလောင်းသည် ယေဇရေလပိုင်မြေကွက်ပေါ်တွင် နောက်ချေးပုံကဲ့သို့ဖြစ်လိမ့်မည်။ ဤသူမှာ ယေဇဗေလဖြစ်သည်ဟု ပြော၍မရအောင်ပင် ဖြစ်လိမ့်မည်’ဟူ၍ မိန့်တော်မူခဲ့သည့်စကား အတိုင်းဖြစ်၏”ဟု ဆိုလေ၏။
သူသည် မိမိမစင်ကဲ့သို့ ပျက်စီးပျောက်ကွယ်သွားရလိမ့်မည်။ သူ့ကိုမြင်ဖူးသောသူတို့က ‘သူဘယ်ရောက်သွားသနည်း’ဟု မေးကြလိမ့်မည်။
သူတို့သည် အင်္ဒေါရအရပ်တွင် ဖျက်ဆီးခြင်းခံရ၍ မြေကြီးပေါ်မှ မြေဆွေးဖြစ်ကြပါပြီ။
သင်မူကား သင်၏သင်္ချိုင်းဂူနှင့်ဝေးရာ၌ ဆွေးမြည့်သောသစ်ကိုင်းကဲ့သို့ လွှင့်ပစ်ခြင်းခံရ၏။ အသတ်ခံရသောသူ၊ ဓားထိုးခံရသောသူ၊ ကျောက်တွင်းထဲသို့ကျသောသူတို့၏အသေကောင်များဖြင့် ဖုံးအုပ်ခြင်းခံရလျက် အနင်းခံရသော အလောင်းကောင်ကဲ့သို့ဖြစ်၏။
တစ်ဖန် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် ထိုမြို့ကို ဖြူကောင်နေရာအရပ်၊ ရေအိုင်ထွန်းရာအရပ်ဖြစ်စေမည်။ ဖျက်ဆီးခြင်းတံမြက်စည်းဖြင့် လှည်းကျင်းမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် မိမိလူမျိုးတော်ကို အမျက်ထွက်၍ သူတို့အပေါ်လက်တော်ကိုဆန့်လျက် ဒဏ်ခတ်တော်မူမည်။ တောင်တို့သည်လှုပ်ခတ်ကြလိမ့်မည်။ သူတို့အလောင်းသည် လမ်းမအလယ်၌ အမှိုက်သရိုက်ကဲ့သို့ဖြစ်လိမ့်မည်။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
ကိုယ်တော်သည် မျိုးဆက်အထောင်အသောင်းကို မေတ္တာကရုဏာပြသောအရှင်ဖြစ်သကဲ့သို့ ဘိုးဘေးတို့၏အပြစ်ကို သားသမီးတို့အား အပြည့်အဝပြန်ပေးဆပ်စေသောအရှင်လည်းဖြစ်၏။ နာမတော်ကား ကြီးမြတ်သော၊ တန်ခိုးကြီးသောဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။
ထိုအရိုးတို့သည် သူတို့ချစ်၍အစေခံသော၊ သူတို့လိုက်စားသော၊ သူတို့ဆည်းကပ်ကိုးကွယ်သောအရာများဖြစ်သည့် နေ၊ လ စသော ကောင်းကင်တန်ဆာအားလုံးတို့အောက်၌ ဖြန့်ထားခြင်းခံရလိမ့်မည်။ စုသိမ်းသင်္ဂြိုဟ်ခြင်း ခံရမည်မဟုတ်။ မြေပြင်ပေါ်တွင် နောက်ချေးကဲ့သို့ဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
သူတို့သည် တိုင်ရာမြို့ရိုးကို ဖျက်ဆီး၍ ရဲတိုက်များကို ဖြိုချကြလိမ့်မည်။ အကျိုးအပဲ့များကို ရှင်းထုတ်ပြီး သူ့ကို ကျောက်တလင်းပြင်ကဲ့သို့ ငါဖြစ်စေမည်။
မြို့ထဲတွင် တံပိုးမှုတ်သံကြားသောအခါ လူတို့ မထိတ်လန့်ဘဲ နေမည်လော။ ထာဝရဘုရားပြုတော်မမူဘဲ မြို့ထဲတွင် ဘေးအန္တရာယ်ကျရောက်နိုင်မည်လော။
“ငါသည် လူတို့အပေါ်ဘေးဒုက္ခကျရောက်စေမည်။ သူတို့သည် မျက်မမြင်ကဲ့သို့သွားလာရလိမ့်မည်။ သူတို့သည် ထာဝရဘုရားကိုပြစ်မှားသောကြောင့် သူတို့သွေးသည် မြေမှုန့်ကဲ့သို့လည်းကောင်း၊ သူတို့၏အသားသည် မစင်ကဲ့သို့လည်းကောင်း သွန်ပစ်ခံရမည်။”
“သင့်သားစဉ်မြေးဆက်တို့ကိုလည်း ငါဆုံးမမည်။ သင်တို့၏မျက်နှာကို မစင်နှင့် ပက်မည်။ ယဇ်ပူဇော်ပွဲမှတိရစ္ဆာန်တို့၏မစင်နှင့် ပက်မည်။ သင်တို့သည် ထိုမစင်နှင့်အတူ လွှင့်ပစ်ခြင်းကို ခံရမည်။
ထာဝရဘုရားသည် မိမိလူမျိုးတော်တို့ ခွန်အားကုန်ခန်း၍ အချုပ်အနှောင်ခံရသောသူနှင့် လွတ်လပ်သောသူပါ တစ်ယောက်မျှမကျန်တော့သည်ကို မြင်သောအခါ မိမိလူမျိုးတော်အတွက် တရားစီရင်တော်မူမည်။ မိမိအစေအပါးတို့ကို သနားတော်မူမည်။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင့်အမျိုးအနွယ်နှင့်သင့်ဘိုးဘေး၏အမျိုးအနွယ်သည် ငါ့ရှေ့၌ အစဉ်ဝင်ထွက်သွားလာရမည်’ဟူ၍ ငါအမှန်ဆိုခဲ့၏။ ယခုမှာ ထာဝရဘုရားက ‘ထိုမိန့်ဆိုချက်သည် ငါနှင့်ဝေးပါစေ။ ငါ့ကိုဂုဏ်ပြုချီးမြှောက်သောသူကို ငါဂုဏ်ပြုချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် မထီမဲ့မြင်ပြုခြင်းခံရမည်။
ထို့ကြောင့် နံနက်မိုးသောက်ချိန်တွင် ငါသည် သူ့လူယောက်ျားတစ်စုံတစ်ယောက်ကို အသက်ရှင်ကျန်နေစေခဲ့လျှင် ဘုရားသခင်သည် ငါဒါဝိဒ်၏ရန်သူတို့ကို ထိုထက်မက စီရင်တော်မူပါစေ”ဟု ဆိုထားနှင့်၏။
အကယ်စင်စစ် သင့်ကိုရန်ပြုမည့်ဘေးမှ ငါ့ကို ဆီးတားတော်မူသော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်သည်နှင့်အညီ သင်သည် ငါ့ကို အလျင်အမြန်လာမတွေ့လျှင် နံနက်မိုးလင်းသောအခါ နာဗလအပါအဝင် ယောက်ျားတစ်ယောက်မျှ ကျန်တော့မည်မဟုတ်”ဟု ဆို၏။