၃ ရာ 16:11 - မြန်မာ့စံမီသမ္မာကျမ်း11 သူသည် ထီးနန်းရ၍ ရာဇပလ္လင်ပေါ်စံမြန်းသည်နှင့် ဗာရှာမင်းကြီး၏မင်းမျိုးမင်းနွယ်အားလုံးနှင့်တကွ သူ၏ဆွေမျိုးများ၊ မိတ်ဆွေများထဲမှ ယောက်ျားတစ်ယောက်ကိုမျှ မချန်ထားဘဲ သုတ်သင်ပစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible11 ဇိမရိသည်ဘုရင်ဖြစ်လျှင်ဖြစ်ချင်း ဗာရှာ ၏အိမ်ထောင်စုသားအပေါင်းကိုသတ်ပြီး နောက် ဗာရှာ၏ဆွေမျိုးမိတ်သင်္ဂဟများ အနက်ယောကျာ်းမှန်သမျှကိုလည်းသတ် လေသည်။- အခန်းကိုကြည့်ပါ။Garrad Bible11 ရာ ဇ ပ လ္လင် တက် ၍ နန်း စံ လျှင် စံ ချင်း ဗာ ရှာ မင်း ၏ ဆွေ တော် မျိုး တော်၊ အ စွယ် အ ပွား ယောက်ျား တစ် ဦး တစ် ယောက် မ ကျန်၊ မင်း မျိုး ဟူ သ မျှ ကို ကွပ် မျက် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible11 နန်းထိုင်စက၊ ဗာရှာအမျိုးသားအပေါင်းတို့ကို သတ်၏။ ဗာရှာနှင့် ပေါက်ဖော်တော်သောယောက်ျား၊ အဆွေဖွဲ့သော ယောက်ျားတစ်ယောက်ကိုမျှ မချန်မထား။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ယခု ငါသည် ယေရောဗောင်မင်းမျိုးမင်းနွယ်တို့အပေါ် ဘေးဆိုးကျရောက်စေမည်။ အစ္စရေးပြည်ရှိ ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူပါမကျန် ယေရောဗောင်မင်းမျိုးမင်းနွယ်ထဲမှ ယောက်ျားတို့ကို ငါပယ်ရှင်းမည်။ အမှိုက်ပုံကို မီးရှို့ရှင်းလင်းပစ်သကဲ့သို့ ယေရောဗောင်မင်းမျိုးမင်းနွယ်တို့ကို သုတ်သင်ပယ်ရှင်းပစ်မည်။
ထိုအခါ အဒေါနိဗေဇက်မင်းကြီးက “ငါသည် ဘုရင်အပါးခုနစ်ဆယ်တို့၏ခြေမ၊ လက်မကိုဖြတ်၍ ငါ့စားပွဲအောက်၌စားနုပ်စားပေါက်တို့ကိုကောက်စားစေခဲ့၏။ ဘုရားသခင်သည် ငါပြုခဲ့သည့်အတိုင်း ငါ့အားပြန်ပြုတော်မူပြီ”ဟု ဆိုလေ၏။ သူတို့သည် အဒေါနိဗေဇက်မင်းကြီးကို ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွားပြီး ထိုမြို့၌ပင် သူသေလေ၏။