အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၃ ရာ 13:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုအခါ ရှင်ဘုရင်​က ဘုရားသခင်​၏​လူ​အား “​သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ တိုးလျှိုးတောင်းပန်​ပေး​ပါ​လော့​။ ငါ့​လက်​ကို ပြန်ရုပ်​နိုင်​ဖို့ ငါ့​အတွက် ဆုတောင်း​ပေး​ပါ​လော့​”​ဟု ဆို​သဖြင့် ဘုရားသခင်​၏​လူ​သည် ထာဝရဘုရား​ထံ တိုးလျှိုးတောင်းပန်​ပေး​ရာ ရှင်ဘုရင်​၏​လက်​သည် နဂို​အတိုင်း​ပြန်​ကောင်း​သွား​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ယေ​ရော​ဗောင်​မင်း​က``အ​ကျွန်ုပ်​၏​လက်​ပျောက်​ကင်း စေ​ရန် သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ အ​သ​နား​ခံ​ပါ​လော့'' ဟု​တောင်း​ပန်​၏။ ပ​ရော​ဖက်​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဆု တောင်း​သ​ဖြင့် မင်း​ကြီး​၏​လက်​သည်​ရော​ဂါ ပျောက်​လေ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထို အ ခါ ဘု ရင် မင်း က ပြ က တေ့ အ ဖြစ် သို့ ငါ့ လက် ရုံး ရောက် စေ ခြင်း ငှါ ငါ့ အ ဖို့ တောင်း လျှောက် ၍ သင့် ဘုရား သ ခင် ထာ ဝ ရ ဘု ရား ထံ အ သ နား တော် ခံ ပါ လော့ ဟု ဘု ရား သ ခင့် လူ ယုံ တော် ကို တောင်း ပန် သည် နှင့် အ ညီ ထာ ဝ ရ ဘု ရား ထံ ဘု ရား သ ခင့် လူ ယုံ တော် အ သ နား တော် ခံ သ ဖြင့် ဘု ရင် မင်း လက် ရုံး သည် ပြ က တေ့ အ ဖြစ် သို့ ရောက် ပြန် လေ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ရှင်​ဘု​ရင်​က​လည်း၊ ငါ့​လက်၌ ရောက်​သော​ရော​ဂါ​ကို ပျောက်​စေ​မည်​အ​ကြောင်း၊ ငါ့​အ​တွက်​ပ​တ္ထ​နာ​ပြု၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တောင်း​ပန်​ပါ​လော့​ဟု ဘု​ရား​သ​ခင်၏​လူ​ကို​ပြော​ဆို၏။ ဘု​ရား​သ​ခင်၏​လူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​ပန်​သ​ဖြင့်၊ ရှင်​ဘု​ရင်​လက်​သည် ရော​ဂါ​ပျောက်၍ ပ​က​တိ​အ​တိုင်း​ဖြစ်​လေ၏။

အခန်းကိုကြည့်ပါ။



၃ ရာ 13:6
25 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်​၏​လူ​ကို ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့် နိမိတ်လက္ခဏာ​အတိုင်း ယဇ်ပလ္လင်​အက်ကွဲ​ပြီး ယဇ်ပလ္လင်​ပေါ်မှ​ပြာ​များ ဖိတ်ကျ​လာ​လေ​၏​။


အကျွန်ုပ်​သည် ကိုယ်တော်​၏​မျက်နှာ​တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​ပါ​၏​။ ကိုယ်တော်​၏​ကတိ​တော်​အတိုင်း အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။


ယခု​တစ်ကြိမ်​သာလျှင် ငါ့​အပြစ်​ကို ခွင့်လွှတ်​ပါ​လော့​။ ဤ​သေဘေး​ကို​လည်း ငါ့​ထံ​မှ​ဖယ်ရှား​ပေး​မည့်​အကြောင်း သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ဆုတောင်း​ပေး​ပါ​လော့​”​ဟု မိန့်ဆို​လျှင်


သင်​တို့​လျှောက်ထား​သည့်​အတိုင်း သင်​တို့​၏​သိုးဆိတ်​များ​၊ နွား​များ​ကို ယူ​၍​သွား​ကြ​လော့​။ ငါ့​ကို​လည်း ကောင်းချီးပေး​ကြ​လော့​”​ဟု ဆို​လေ​၏​။


ဖာရော​မင်းကြီး​က​လည်း “​တောကန္တာရ​ထဲ၌ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား​ယဇ်ပူဇော်​ရန် သင်​တို့​ကို ငါ​လွှတ်ပေး​မည်​။ သို့ရာတွင် ဝေးဝေး​မ​သွား​ရ​။ ငါ့​အတွက်​လည်း​ဆုတောင်း​ပေး​ကြ​လော့​”​ဟု ဆို​လေ​၏​။


ထို့ပြင် ဖား​များ​သည် သင်​မှစ၍ သင့်​ပြည်သူပြည်သား​များ​နှင့် သင့်​အမှုထမ်း​အားလုံး​တို့​အပေါ်​သို့​တက်​ကြ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​ကြောင်း ဆင့်ဆို​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ထိုအခါ ဖာရော​မင်းကြီး​သည် မောရှေ​နှင့်​အာရုန်​ကို​ခေါ်​၍ “​ငါ​နှင့်​ငါ​၏​လူ​တို့​ထံမှ ဖား​များ​ကို​ဖယ်ရှား​ပေး​မည့်​အကြောင်း ထာဝရဘုရား​ထံ ဆုတောင်း​လော့​။ သို့ပြုလျှင် ထာဝရဘုရား​အား​ယဇ်ပူဇော်​ရန် အစ္စရေး​လူ​တို့​ကို​ငါ​လွှတ်ပေး​မည်​”​ဟု ဆို​လေ​၏​။


ဘုရားသခင်​ထံမှ မိုးချုန်းသံ​များ​နှင့်​မိုးသီး​ကျ​ခြင်း​မှာ တော်လောက်​ပါ​ပြီ​။ ထာဝရဘုရား​ထံ​ဆုတောင်း​ပေး​ပါ​လော့​။ သင်​တို့​ကို ဆက်၍​မ​နေ​စေ​ဘဲ သင်​တို့​ကို ငါ​လွှတ်ပေး​မည်​”​ဟု ဆို​လေ​၏​။


ဇေဒကိ​မင်းကြီး​သည် ရှေလမိ​၏​သား ယေဟုကလ​နှင့် မာသေယ​၏​သား ယဇ်ပုရောဟိတ်​ဇေဖနိ​တို့​ကို ပရောဖက်​ယေရမိ​ထံသို့​စေလွှတ်​၍ “​ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ငါ​တို့​အတွက် ဆုတောင်း​ပေး​လော့​”​ဟု မှာလိုက်​လေ​၏​။


ထို​အချိန်​၌ ဗေသလ​မြို့သား​တို့​သည် ရှရေဇာ​၊ ရေဂင်္မေလက်​နှင့် သူ​၏​လူ​အချို့​တို့​ကို ထာဝရဘုရား​ထံ တိုးလျှိုးတောင်းပန်​စေရန်​နှင့်


မောရှေ​က “​အို ဘုရားသခင်​၊ မိရိအံ​ကို ရောဂါပျောက်ကင်း​စေ​တော်မူ​ပါ​”​ဟု ထာဝရဘုရား​ထံ​အော်ဟစ်​တောင်းလျှောက်​လေ​၏​။


ထို့ကြောင့် လူ​တို့​သည် မောရှေ​ထံသို့​လာ​၍ “​အကျွန်ုပ်​တို့​သည် ထာဝရဘုရား​ကို​လည်းကောင်း​၊ သခင့်​ကို​လည်းကောင်း ဆန့်ကျင်​ပြောဆို​၍ ပြစ်မှား​မိ​ကြ​ပါ​ပြီ​။ ထို​မြွေ​များ​ကို အကျွန်ုပ်​တို့​ထံမှ ဖယ်ရှား​ပေး​တော်မူ​ပါ​မည့်​အကြောင်း ထာဝရဘုရား​ထံ ဆုတောင်း​ပေး​ပါ​”​ဟု ဆို​ကြ​သဖြင့် မောရှေ​သည် လူ​တို့​အတွက် ဆုတောင်း​ပေး​လေ​၏​။


သို့သော် သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​ရန်သူ​များ​ကို​ချစ်​၍ သင်​တို့​ကို​ညှဉ်းဆဲ​သော​သူ​တို့​အတွက် ဆုတောင်း​ပေး​ကြ​လော့။


ထိုအခါ ယေရှု​က“အို အဖ၊ သူ​တို့​သည် မိမိ​တို့​ပြု​နေ​သော​အမှု​ကို မ​သိ​ကြ​သည်​ဖြစ်၍ သူ​တို့​ကို​ခွင့်လွှတ်​တော်မူ​ပါ”​ဟု မြွက်ဆို​တော်မူ​၏။ သူ​တို့​သည် ကိုယ်တော်​၏​အဝတ်​တော်​များ​ကို မဲ​ချ​၍​ခွဲဝေ​ကြ​၏။


ထို့နောက် သူ​သည် ဒူး​ထောက်​လျက် “သခင်​ဘုရား၊ ဤ​အပြစ်​ကို သူ​တို့​အပေါ်​တင်​တော်​မ​မူ​ပါ​နှင့်”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​ပြီးလျှင် အိပ်ပျော်​ခြင်း​သို့​ရောက်​လေ​၏။


ရှိမုန်​က​လည်း “သင်​တို့​ပြော​သည့်​အရာ​တစ်ခုမျှ အကျွန်ုပ်​အပေါ်​မ​သက်ရောက်​စေရန် အကျွန်ုပ်​အတွက် သခင်​ဘုရား​ထံ ဆုတောင်း​ပေး​ကြ​ပါ”​ဟု ပြန်ပြော​လေ​၏။


သင်​တို့​အား​ညှဉ်းဆဲ​သော​သူ​တို့​ကို ကောင်းချီး​ပေး​ကြ​လော့။ ကောင်းချီး​ကို​သာ​ပေး​၍ ကျိန်ဆဲ​ခြင်း​ကို​မ​ပြု​ကြ​နှင့်။


အဆိုး​၏​အနိုင်ယူ​ခြင်း​ကို​မ​ခံ​ဘဲ အကောင်း​အားဖြင့် အဆိုး​ကို​အနိုင်ယူ​လော့။


ကြည့်ရှု​လော့။ မိမိတို့ကိုယ်ကို ဂျူး​လူမျိုး​ဖြစ်​သည်​ဟု​ဆို​ကြ​သော်လည်း ဂျူး​လူမျိုး​မ​ဟုတ်​ဘဲ စာတန်​၏​အသင်းဝင်​များ​ဖြစ်​ကြ​သည့် လိမ်လည်​ပြောဆို​သော​သူ​တို့​ကို သင်​၏​ခြေရင်း​၌ လာ​၍​ရှိခိုး​စေ​ကာ ငါ​သည် သင်​တို့​ကို​ချစ်​ကြောင်း သူ​တို့​အား​သိ​စေ​မည်။


ထို့ကြောင့် လူ​အပေါင်း​တို့​က ရှမွေလ​အား “​အကျွန်ုပ်​တို့​သည် ရှင်ဘုရင်​ကို​တောင်းဆို​ခြင်း​ဖြင့် အကျွန်ုပ်​တို့​၏​အပြစ်​အလုံးစုံ​တို့​အပေါ်​၌ ထပ်၍​မကောင်းမှု​ကို​ပြု​မိ​ပါ​ပြီ​။ အကျွန်ုပ်​တို့ မ​သေ​ရ​မည့်​အကြောင်း အရှင်​၏​အစေအပါး အကျွန်ုပ်​တို့​အဖို့ အရှင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ဆုတောင်း​ပေး​ပါ​လော့​”​ဟု ဆို​ကြ​၏​။


ငါ​မူကား သင်​တို့​အဖို့ ဆု​မ​တောင်း​ဘဲ​နေ​ခြင်း​အားဖြင့် ထာဝရဘုရား​ကို​ပြစ်မှား​ခြင်း​သည် ငါ​နှင့်​ဝေး​ပါစေ​။ ငါ​သည် သင်​တို့​အား ကောင်းမြတ်​သော​လမ်း​၊ မှန်ကန်​သော​လမ်း​ကို သွန်သင်​ပြသ​လျက်​နေ​ပါ​မည်​။