ဘုရားသခင်၏လူတစ်ဦးသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း ယုဒပြည်မှ ဗေသလမြို့သို့ ရောက်လာ၏။ ထိုအချိန်တွင် ယေရောဗောင်မင်းကြီးသည် နံ့သာပေါင်းကို မီးရှို့ပူဇော်ရန် ယဇ်ပလ္လင်နားတွင် ရပ်နေ၏။
၃ ရာ 12:33 - မြန်မာ့စံမီသမ္မာကျမ်း သူကိုယ်တိုင်သတ်မှတ်ထားသောလဖြစ်သည့် ထိုအဋ္ဌမလ၊ တစ်ဆယ့်ငါးရက်နေ့တွင် ဗေသလမြို့၌ သူတည်ခဲ့သောယဇ်ပလ္လင်တွင် ယဇ်ပူဇော်၏။ အစ္စရေးအမျိုးသားတို့အဖို့ ပွဲတော်ကို ကျင်းပပေးပြီး သူသည် ယဇ်ပလ္လင်ပေါ်သို့တက်ကာ နံ့သာပေါင်းကို မီးရှို့ပူဇော်၏။ Common Language Bible မင်းကြီးသည်မိမိသတ်မှတ်ပေးသည့်နေ့ရက် ဖြစ်သည့် အဋ္ဌမလတစ်ဆယ့်ငါးရက်နေ့၌ ဗေသလမြို့ရှိယဇ်ပလ္လင်သို့သွား၍ ယဇ်ပူဇော် ကာဣသရေလပြည်သူတို့အတွက် မိမိကိုယ် တိုင်တီထွင်ပြဋ္ဌာန်းပေးသည့်ပွဲတော်ကို ကျင်းပတော်မူသတည်း။ Garrad Bible ထို သို့ သ ဘော အ တိုင်း ချိန်း ချက် သော အ ဋ္ဌ မ လ၊ ဆယ့် ငါး ရက် တွင် ဣ သ ရေ လ အ မျိုး သား တို့ အ ဖို့ စီ မံ သည့် ပွဲ အ ခါ ဗေ သ လ မြို့၌ ကိုယ် တည် သော ပူ ဇော် ရာ ပ လ္လင် သို့ တက် ပြီး လျှင် မီး ဖြင့် ဆက် ကပ် လေ ၏။ Judson Bible ထိုသို့ ကိုယ်အလိုအလျောက် ချိန်းချက်သော အဋ္ဌမလတစ်ဆယ့်ငါးရက်နေ့တွင် ဗေသလမြို့၌ မိမိလုပ်သော ယဇ်ပလ္လင်ပေါ်မှာပူဇော်၏။ ဣသရေလအမျိုးသားတို့အား ပွဲကိုလည်းစီရင်၏။ ယဇ်ပလ္လင်ပေါ်မှာ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့၏။ |
ဘုရားသခင်၏လူတစ်ဦးသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း ယုဒပြည်မှ ဗေသလမြို့သို့ ရောက်လာ၏။ ထိုအချိန်တွင် ယေရောဗောင်မင်းကြီးသည် နံ့သာပေါင်းကို မီးရှို့ပူဇော်ရန် ယဇ်ပလ္လင်နားတွင် ရပ်နေ၏။
ဒမတ်စကပ်မြို့မှရှင်ဘုရင်ပြန်ရောက်လာ၍ ရှင်ဘုရင်သည် ယဇ်ပလ္လင်ကိုမြင်လျှင် ထိုယဇ်ပလ္လင်နားသို့လာ၍ ယဇ်ပလ္လင်ပေါ်သို့ တက်သွားပြီး
သူတို့သည် ထာဝရဘုရားကိုကြောက်ရွံ့ကြသော်လည်း အထွတ်အမြတ်ထားရာကုန်းမြင့်ရှိဝတ်ကျောင်းတို့တွင် အမှုဆောင်ဖို့ သာမန်လူတို့ကို အထွတ်အမြတ်ထားရာကုန်းမြင့်၌ ယဇ်ပုရောဟိတ်အဖြစ် ခန့်ထားပြီး သူတို့အဖို့ ယဇ်ပူဇော်စေကြ၏။
အစ္စရေးလူမျိုးတို့၏ဓလေ့ထုံးစံနောက်သို့လည်းမလိုက်ဘဲ ဘိုးဘေးတို့၏ဘုရားသခင်ကိုသာ ရှာဖွေခဲ့၏။ ထာဝရဘုရား၏ပညတ်တော်အတိုင်း လိုက်လျှောက်၏။
သူသည် ဖိလိတ္တိလူမျိုးတို့ကို ချီတက်တိုက်ခိုက်ပြီး ဂါသမြို့ရိုး၊ ယာဗနေမြို့ရိုး၊ အာဇုတ်မြို့ရိုးတို့ကို ဖြိုဖျက်၏။ အာဇုတ်မြို့ဝန်းကျင်နှင့် ဖိလိတ္တိပြည်အတွင်းရှိ မြို့ရွာများကို ပြန်လည်တည်ဆောက်၏။
သူတို့သည် မိမိတို့ပြုသောအမှုများဖြင့် မိမိတို့ကိုယ်ကိုညစ်ညူးစေ၍ မိမိတို့၏အပြုအမူများဖြင့် ဖောက်ပြန်မှားယွင်းကြ၏။
ဘုရားရှင်ကလည်း “ဤလူမျိုးသည် နှုတ်ဖြင့် ချဉ်းကပ်၍ နှုတ်ခမ်းဖြင့် ငါ့ကိုဂုဏ်ပြုချီးမွမ်းကြ၏။ သူတို့၏စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ သူတို့သည် လူတို့သွန်သင်သောပညတ်ချက်အရ ငါ့ကို ကြောက်ရွံ့ကြ၏။
သင်တို့၌ ထိုပန်းဖွားရှိရခြင်းမှာ ထိုပန်းဖွားကို သင်တို့မြင်သောအခါ သင်တို့ကိုဖောက်ပြန်မှားယွင်းစေသော သင်တို့၏စိတ်အလို၊ မျက်စိအလို နောက်သို့မလိုက်ဘဲ ထာဝရဘုရား၏ပညတ်တော်အလုံးစုံကို အောက်မေ့၍ ပညတ်တော်တို့ကို ကျင့်ဆောင်ကြစေရန်ဖြစ်၏။
ထိုသူသည် မိမိ၏ဖခင်ကိုဂုဏ်ပြုစရာမလိုပေ’ဟု ပြောဆိုကြ၏။ ဤသို့ဖြင့် သင်တို့သည် မိမိတို့၏ဓလေ့ထုံးတမ်းအတွက် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပယ်ဖျက်ကြ၏။
ဤသို့ဖြင့် သင်တို့သည် မိမိတို့ဆက်ခံသောဓလေ့ထုံးတမ်းအားဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပယ်ဖျက်ကြ၏။ ထိုကဲ့သို့သောအမှုအရာများစွာတို့ကိုလည်း သင်တို့ပြုကြ၏”ဟု မိန့်တော်မူ၏။
‘ထာဝရဘုရားရှေ့တော်၌ ငါမျက်နှာမရသေး။ ဖိလိတ္တိလူမျိုးတို့သည်လည်း ငါရှိရာ ဂိလဂါလမြို့ကို လာတိုက်တော့မည်’ဟု တွေးပြီး အရဲစွန့်၍ မီးရှို့ရာယဇ်ကိုပူဇော်မိခဲ့ပါပြီ”ဟု ဆိုလေ၏။