Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 15:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ထို​သူ​သည် မိမိ​၏​ဖခင်​ကို​ဂုဏ်ပြု​စရာ​မ​လို​ပေ’​ဟု ပြောဆို​ကြ​၏။ ဤသို့ဖြင့် သင်​တို့​သည် မိမိ​တို့​၏​ဓလေ့​ထုံးတမ်း​အတွက် ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကို ပယ်ဖျက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ထို​သူ​သည်​မိ​ဘ​အား​ထောက်​ပံ့​ရန်​မ​လို​ဟု​သင် တို့​သွန်​သင်​ကြ​၏။ ဤ​သို့​လျှင်​သင်​တို့​သည်​မိ​မိ တို့​၏​ထုံး​တမ်း​စဉ်​လာ​များ​ကို​လိုက်​နာ​ရန်​ဘု​ရား သ​ခင်​၏​ပ​ညတ်​တော်​ကို​ပစ်​ပယ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 မိ ဘ ကို ရို သေ သ မှု မ ပြု ရ ဟု မြစ် တား ရာ ရောက်၍၊ ကိုယ့် ရှေး ထုံး နည်း အ တွက် နှင့် ဘု ရား သ ခင်၏ အ မိန့် တော် ကို အ ချည်း နှီး ဖြစ် စေ ကြ ပြီ တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ထို​သူ​သည် ကိုယ်​မိ​ဘ​ကို​ပင် ရို​သေ​စွာ​မ​ပြု​ရ​ဟု ဆို၏။ ထို​သို့​သင်​တို့​သည် အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​အား​ဖြင့် ဘု​ရား​သ​ခင်၏​ပ​ညတ်​တော်​ကို ပယ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ဤ​နည်း​ဖြင့် သင်တို့​သည် မိဘ​ကို ရိုသေ​ရန် မလိုအပ်ကြောင်း လူတို့​အား သွန်သင်ကြ၏။ သင်တို့​သည် သင်တို့​၏​ဓလေ့ထုံးတမ်း​အတွက် ဘုရားသခင်​၏​ပညတ်တော်​ကို ချိုးဖောက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

6 ထို​သူ​သည် ကိုယ်​မိ​ဘ​ကို​ပင် ရို​သေ​စွာ​မ​ပြု​ရ​ဟု ဆို၏။ ထို​သို့​သင်​တို့​သည် အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​အား​ဖြင့် ဘု​ရား​သ​ခင်၏​ပ​ညတ်​တော်​ကို ပယ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 15:6
12 ပူးပေါင်းရင်းမြစ်များ  

အို ထာဝရဘုရား​၊ လူ​တို့​သည် ကိုယ်တော်​၏​တရားတော်​ကို ချိုးဖောက်​ကြ​သည်​ဖြစ်၍ ကိုယ်တော် စီရင်​တော်မူ​ချိန်​ရောက်​ပါ​ပြီ​။


အကျွန်ုပ်​၏​ရန်သူ​တို့​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို မေ့လျော့​ကြ​သောကြောင့် အကျွန်ုပ်​၏​စိတ်အားထက်သန်​ခြင်း​သည် အကျွန်ုပ်​ကို​ဖိစီးလွှမ်းမိုး​လျက်​ရှိ​ပါ​၏​။


‘​ငါ​တို့​သည် ပညာရှိ​ဖြစ်​၏​။ ထာဝရဘုရား​၏​ပညတ်တရား​သည် ငါ​တို့​နှင့်အတူ​ရှိ​၏​’​ဟု သင်​တို့ မည်သို့​ပြော​နိုင်​မည်နည်း​။ အကယ်စင်စစ် ကျမ်းတတ်ဆရာ​တို့​၏​မုသား​ကညစ်​မှ မုသားတရား​ထွက်​လေ​ပြီ​တကား​။


ငါ့​လူမျိုး​တော်​သည် အသိပညာ​မဲ့​သောကြောင့် ပျက်စီး​ရ​လေ​ပြီ​။ သင်​သည် အသိပညာ​ကို ငြင်းပယ်​သောကြောင့် သင့်​ကို ယဇ်ပုရောဟိတ်​အဖြစ်​မှ ငါ​စွန့်ပယ်​မည်​။ သင်​သည် ဘုရားသခင်​၏​ပညတ်တရားတော်​ကို မေ့လျော့​သောကြောင့် သင့်​သားသမီး​တို့​ကို ငါ​မေ့လျော့​မည်​။


သို့သော် သင်​တို့​က ‘မည်သူမဆို မိခင်​၊ သို့မဟုတ် ဖခင်​အား အကျွန်ုပ်​ထံမှ သင်​တို့​ခံစား​ထိုက်​သည့်​အရာ​သည် လှူဖွယ်ဝတ္ထု​ဖြစ်​ပါ​ပြီ​ဟု ဆို​လျှင်


သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့၊ သင်​တို့​နှင့်​ပတ်သက်၍ ဟေရှာယ​က


ဤသို့ဖြင့် သင်​တို့​သည် မိမိ​တို့​ဆက်ခံ​သော​ဓလေ့​ထုံးတမ်း​အားဖြင့် ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကို ပယ်ဖျက်​ကြ​၏။ ထိုကဲ့သို့သော​အမှုအရာ​များစွာ​တို့​ကို​လည်း သင်​တို့​ပြု​ကြ​၏”​ဟု မိန့်​တော်မူ​၏။


သို့ဖြစ်လျှင် ငါ​တို့​သည် ယုံကြည်​ခြင်း​ကြောင့် ပညတ်​တရား​ကို ပယ်ဖျက်​ကြ​သလော။ လုံးဝ​မ​ပယ်ဖျက်​ကြ။ ပညတ်​တရား​ကို တည်မြဲ​တည်​စေ​ကြ​၏။


ယုံကြည်​သူ​အမျိုးသမီး​တစ်စုံတစ်ဦး​၌ ဆွေမျိုး​တော်စပ်​သည့်​မုဆိုးမ​များ​ရှိ​လျှင် အသင်းတော်​အတွက် ဝန်ထုပ်ဝန်ပိုး​မ​ဖြစ်​စေ​ဘဲ ထို​မုဆိုးမ​တို့​ကို သူ​ကိုယ်တိုင်​ကူညီ​စောင့်ရှောက်​ပါစေ။ သို့ပြုလျှင် အသင်းတော်​သည် အမှန်တကယ်​အကူအညီ​လိုအပ်​သည့်​မုဆိုးမ​များ​ကို ကူညီ​စောင့်ရှောက်​နိုင်​လိမ့်မည်။


မည်သူမဆို မိမိ​ဆွေမျိုးသားချင်း၊ အထူးသဖြင့် မိမိ​အိမ်သူအိမ်သား​တို့​ကို ဂရုမစိုက်​ဘဲ​နေ​လျှင် ထို​သူ​သည် ယုံကြည်​ခြင်း​ကို​ငြင်းပယ်​ပြီ​ဖြစ်၍ မ​ယုံကြည်​သူ​ထက် ဆိုးရွား​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ