သူသည် ညအချိန်တွင် သူ၏အစေအပါးတို့ကိုလူစုခွဲ၍ ရန်သူတို့ကိုတိုက်ခိုက်ကာ ဒမတ်စကပ်မြို့မြောက်ဘက်ရှိ ဟောဘမြို့တိုင်အောင် သူတို့ကိုလိုက်လေ၏။
၃ ရာ 11:24 - မြန်မာ့စံမီသမ္မာကျမ်း ဇောဘလူမျိုးတို့ကို ဒါဝိဒ်မင်းကြီး နှိမ်နင်းခဲ့စဉ်က ရေဇုန်သည် လူတို့ကိုစုရုံးပြီး ခေါင်းဆောင်လုပ်ကာ ဓားပြအုပ်စုဖွဲ့လေ၏။ သူတို့သည် ဒမတ်စကပ်မြို့သို့သွားရောက်နေထိုင်ပြီး ထိုမြို့တွင် ဗိုလ်ကျစိုးမိုးကြ၏။ Common Language Bible (ဤသို့ဖြစ်ပျက်မှုမှာဒါဝိဒ်သည်ဟာဒဒေဇာ ကိုနှိမ်နင်း၍ ထိုမင်း၏ရှုရိမဟာမိတ်များကို သုတ်သင်ပြီးချိန်၌ဖြစ်သတည်း။) ရေဇုန်သည် မိမိ၏နောက်လိုက်များနှင့်အတူ ဒမာသက်မြို့ သို့သွားရောက်နေထိုင်ရာသူ၏လူတို့သည်သူ့ ကိုရှုရိဘုရင်အဖြစ်မင်းမြှောက်ကြလေသည်။- Garrad Bible ၎င်း ပြည် သူ ပြည် သား တို့ ကို ဒါ ဝိဒ် မင်း လုပ် ကြံ သည့် ကာ လ၊ စု ဆောင်း ရ ရှိ သော လူ များ အ ပေါ် တွင် ဗိုလ် လုပ် လျက် ဒ မာ သက် မြို့ သို့ ချီ သွား ၍ မင်း ပြု သူ ဖြစ် သ တည်း။ Judson Bible လူများကိုစုဝေးစေသဖြင့်၊ ဒါဝိဒ်မင်းလုပ်ကြံသောအခါ ဗိုလ်ချုပ်လုပ်လေ၏။ တစ်ဖန်ဒမာသက်မြို့သို့သွား၍ မင်းပြုလျက်နေ၏၊ |
သူသည် ညအချိန်တွင် သူ၏အစေအပါးတို့ကိုလူစုခွဲ၍ ရန်သူတို့ကိုတိုက်ခိုက်ကာ ဒမတ်စကပ်မြို့မြောက်ဘက်ရှိ ဟောဘမြို့တိုင်အောင် သူတို့ကိုလိုက်လေ၏။
ဆီးရီးယားလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ရှေ့မှ ထွက်ပြေးကြပြန်၍ ဒါဝိဒ်မင်းကြီးသည် ဆီးရီးယားလူမျိုးတို့၏စစ်ရထားမှူး အယောက်ခုနစ်ရာ၊ မြင်းစီးသူရဲ အယောက်လေးသောင်းတို့ကို ကွပ်မျက်ပစ်လေ၏။ စစ်သူကြီးရှောဗက်ကိုလည်း ထိုနေရာတွင်ပင် အသေသတ်လိုက်လေ၏။
သူတို့အား ဒါဝိဒ်မင်းကြီးစက်ဆုပ်ရွံရှာသွားကြောင်းကို အမ္မုန်အမျိုးသားတို့သိသောအခါ အမ္မုန်အမျိုးသားတို့သည် လူလွှတ်၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့မှဆီးရီးယားလူမျိုး ခြေလျင်တပ်သား အယောက်နှစ်သောင်း၊ မာခါဘုရင်ထံမှ လူတစ်ထောင်၊ တောဘမြို့မှ လူတစ်သောင်းနှစ်ထောင်တို့ကိုငှားရမ်းလေ၏။
အမ္မုန်အမျိုးသားတို့လည်း ချီလာပြီး မြို့တံခါးဝတွင် စစ်ခင်းကျင်းကြ၏။ ဇောဘမြို့နှင့် ရဟောဘမြို့မှဆီးရီးယားလူမျိုး၊ တောဘနှင့် မာခါအမျိုးသားတို့မူကား မြို့ပြင်တွင် အသီးသီးစစ်ခင်းကျင်းကြ၏။
ရဟောဘ၏သား၊ ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးသည် ယူဖရေးတီးမြစ်တစ်လျှောက်ကို ပြန်လည်သိမ်းပိုက်ရန် စစ်ချီလာသောအခါ ဒါဝိဒ်မင်းကြီးသည် သူ့ကိုတိုက်ခိုက်ပြီး
ရေဇုန်သည် ဆီးရီးယားပြည်တွင် ကြီးစိုး၏။ အစ္စရေးလူမျိုးတို့ကို ရွံမုန်းသဖြင့် ဟာဒဒ်ကဲ့သို့ အစ္စရေးလူမျိုးတို့ကို ဒုက္ခပေး၍ ရှောလမုန်မင်းကြီးလက်ထက်တစ်လျှောက်လုံး အစ္စရေးလူမျိုးတို့ကို ရန်မူလေ၏။
ထိုအခါ အာသမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်၌ ကျန်ရှိသောရွှေငွေများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာအားလုံးကိုယူပြီး မိမိအမှုထမ်းတို့လက်သို့အပ်လိုက်၏။ ထို့နောက် အာသမင်းကြီးသည် ဒမတ်စကပ်မြို့၌နန်းစံသော ဟေဇယုန်မင်းကြီး၏မြေးတော်၊ တာဗရိမ္မုန်မင်းကြီး၏သားတော် ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးထံသို့ ပေးပို့လျက်
ထာဝရဘုရားကလည်း သူ့အား “သင်လာသည့်လမ်းအတိုင်း ဒမတ်စကပ်တောကန္တာရသို့ ပြန်သွားလော့။ ရောက်လျှင် ဟာဇေလကို ဆီးရီးယားဘုရင်အဖြစ်၊
ဗင်္ဟာဒဒ်မင်းကြီးက အာဟပ်မင်းကြီးအား “သင့်ခမည်းတော်ထံမှ အကျွန်ုပ်ခမည်းတော်သိမ်းယူခဲ့သောမြို့များကို သင့်အား ပြန်ပေးပါမည်။ အကျွန်ုပ်ခမည်းတော်သည် ရှမာရိမြို့တွင် ဈေးတည်သကဲ့သို့ သင်လည်း ဒမတ်စကပ်မြို့တွင် ဈေးတည်ပါ”ဟု ဆို၏။ အာဟပ်မင်းကြီးကလည်း “ဤကတိသစ္စာကြောင့် သင့်ကို ငါလွှတ်ပေးမည်”ဟု ဆိုကာ ဗင်္ဟာဒဒ်မင်းကြီးနှင့် ကတိသစ္စာပြုပြီး သူ့ကို လွှတ်လိုက်လေ၏။
ကျန်ရှိနေသော ယေရောဗောင်မင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများ၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံ၊ ယုဒပြည်အပိုင် ဒမတ်စကပ်မြို့နှင့် ဟာမတ်မြို့တို့ကို အစ္စရေးလူမျိုးအဖို့ ပြန်လည်တိုက်ခိုက်သိမ်းယူပေးခဲ့ပုံ စသည်တို့ကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ထို့နောက် ဧလိရှဲသည် ဒမတ်စကပ်မြို့သို့သွားရာ ထိုအချိန်တွင် ဆီးရီးယားဘုရင် ဗင်္ဟာဒဒ်မင်းကြီးသည် နာမကျန်းဖြစ်နေ၏။ ထိုအခါ သူ့အား “ဘုရားသခင်၏လူ ဤမြို့သို့ရောက်နေပါ၏”ဟု လျှောက်တင်လျှင်
ဤတရားလမ်းသို့ လိုက်သောသူကိုတွေ့လျှင် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ချည်နှောင်၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာနိုင်ရန် ဒမတ်စကပ်မြို့ရှိ ဝတ်ပြုစည်းဝေးကျောင်းများသို့ ပေးစာများကို သူ့ထံမှ တောင်းလေ၏။