ထာဝရဘုရားက “သင်၏ဝမ်းထဲ၌ လူမျိုးနှစ်မျိုးရှိ၏။ သင့်အထဲမှ လူမျိုးနှစ်မျိုးခွဲထွက်လာလိမ့်မည်။ လူမျိုးတစ်မျိုးသည် အခြားတစ်မျိုးထက်အင်အားကြီးမားလိမ့်မည်။ အကြီးသည် အငယ်ကိုအစေခံရလိမ့်မည်”ဟု သူ့အား မိန့်တော်မူ၏။
၃ ရာ 11:15 - မြန်မာ့စံမီသမ္မာကျမ်း ဧဒုံပြည်၌ ဒါဝိဒ်မင်းကြီးရှိနေခဲ့စဉ်က စစ်ဗိုလ်ချုပ်ယွာဘသည် ကျဆုံးသူများကို သင်္ဂြိုဟ်ရန် ရောက်လာပြီး ဧဒုံပြည်သားယောက်ျားအားလုံးကို သုတ်သင်ပစ်၏။ Common Language Bible ဤအရေးအခင်းမပေါ်ပေါက်မီကာလအတော် ကြာက ဧဒုံပြည်ကိုဒါဝိဒ်နှိမ်နင်းအောင်မြင်ပြီး နောက် တပ်မတော်ဗိုလ်ချုပ်ယွာဘသည်စစ်ပွဲတွင် ကျဆုံးသူတို့ကိုသင်္ဂြိုဟ်ရန်ထိုပြည်သို့သွား၍ မိမိ၏တပ်သားများနှင့်အတူခြောက်လမျှ နေထိုင်ကာဧဒုံပြည်သားယောကျာ်းမှန်သမျှ ကိုသတ်လေသည်။- Garrad Bible ဟာ ဒဒ် ကား၊ ယ မန် ကာ လ တွင် ဒါ ဝိဒ် မင်း နှင့် လိုက် ပါ သော ဗိုလ် ချုပ် ယွာ ဘ သည် ကျ ဆုံး သော အ လောင်း များ ကို သင်္ဂြိုဟ် ရန် ဧ ဒုံ ပြည် သို့ ချီ တက် ၍ ပြည် သား ဟူ သ မျှ ကို မ သတ် ရ မ ချင်း၊ ဣ သ ရေ လ အ လုံး အ ရင်း နှင့် တ ကွ ခြောက် လ တိုင် တိုင် စွဲ ရပ် နေ စဉ် Judson Bible အထက်က ဒါဝိဒ်သည် ဧဒုံပြည်၌ရှိ၍၊ ဗိုလ်ချုပ်ယွာဘသည် ဧဒုံအမျိုးသား ယောက်ျားအပေါင်းတို့ကို ပယ်ဖြတ်မည်ဟု ဣသရေလလူအပေါင်းတို့နှင့် ဧဒုံပြည်၌ ခြောက်လနေပြီးမှ၊ အသေကောင်များကို မြေ၌မြှုပ်စေခြင်းငှာ သွားစဉ်အခါ၊ |
ထာဝရဘုရားက “သင်၏ဝမ်းထဲ၌ လူမျိုးနှစ်မျိုးရှိ၏။ သင့်အထဲမှ လူမျိုးနှစ်မျိုးခွဲထွက်လာလိမ့်မည်။ လူမျိုးတစ်မျိုးသည် အခြားတစ်မျိုးထက်အင်အားကြီးမားလိမ့်မည်။ အကြီးသည် အငယ်ကိုအစေခံရလိမ့်မည်”ဟု သူ့အား မိန့်တော်မူ၏။
သင်သည် ဓားဖြင့်အသက်မွေး၍ သင့်ညီထံ၌အစေခံရလိမ့်မည်။ သို့သော် သင်ရုန်းကန်သောအားဖြင့် သူ၏ထမ်းပိုးကို သင်၏လည်ပင်းမှချွတ်နိုင်လိမ့်မည်”ဟု ဆိုလေ၏။
ဒါဝိဒ်မင်းကြီးသည် ဆီးရီးယားလူမျိုး တစ်သောင်းရှစ်ထောင်ကို ဆားချိုင့်ဝှမ်းတွင် သုတ်သင်နိုင်ခဲ့ပြီး ပြန်လာသောအခါ ဂုဏ်သတင်းကြီးလာလေ၏။
ဧဒုံပြည်တွင်လည်း မြို့စောင့်တပ်များ ချထားလိုက်၏။ ထိုသို့ ဧဒုံပြည်တစ်ပြည်လုံးတွင် မြို့စောင့်တပ်များ ချထားသောကြောင့် ဧဒုံလူမျိုးအပေါင်းတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံဖြစ်သွား၏။ ထာဝရဘုရားသည်လည်း ဒါဝိဒ်မင်းကြီးစစ်ချီသွားလေရာရာ၌ အောင်ပွဲရစေတော်မူ၏။
ထို့နောက် ထာဝရဘုရားသည် ဧဒုံမင်းမျိုးမင်းနွယ်တစ်ဦးဖြစ်သော ဧဒုံအမျိုးသားဟာဒဒ်ကို နှိုးဆော်၍ ရှောလမုန်မင်းကြီးအား ရန်မူစေ၏။
ယွာဘနှင့် အစ္စရေးစစ်သည်အပေါင်းတို့သည် ဧဒုံပြည်သားယောက်ျားအားလုံးကို သုတ်သင်ပြီးသည်အထိ ဧဒုံပြည်တွင် ခြောက်လတာမျှနေခဲ့၏။
မည်သူသည် ငါ့ကို ခံတပ်မြို့သို့ ခေါ်ဆောင်သွားမည်နည်း။ မည်သူသည် ငါ့ကိုဧဒုံပြည်သို့ ပို့ဆောင်ပေးမည်နည်း။
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကိုငြင်းပယ်ခဲ့ပါ၏။ အကျွန်ုပ်တို့ကိုဖြိုဖျက်ခဲ့ပါ၏။ ကိုယ်တော်သည် အမျက်တော်ထွက်ခဲ့ပါ၏။ အကျွန်ုပ်တို့ကို ပြန်လည်ထူထောင်တော်မူပါ။
ထို့ကြောင့် ယခု ယောက်ျားသူငယ်အားလုံး၊ ယောက်ျားနှင့်ဆက်ဆံဖူးသောမိန်းမအားလုံးကို သတ်ပစ်လော့။
သူတို့သည် မောရှေအား ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း မိဒျန်လူမျိုးတို့ကို တိုက်ခိုက်၍ ယောက်ျားရှိသမျှတို့ကိုသတ်လေ၏။
သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုမြို့ကို သင့်လက်သို့အပ်သောအခါ ထိုမြို့ရှိယောက်ျားအားလုံးကို ဓားဖြင့် သတ်ရမည်။