ဤသို့ဖြင့် အဗရှလုံ၏ငယ်သားတို့သည် အဗရှလုံမှာထားသည့်အတိုင်း အာမနုန်ကို ပြုလေ၏။ ထိုအခါ ရှင်ဘုရင်၏သားတော်အပေါင်းတို့သည် ထ၍ ကိုယ့်လားကိုယ်စီးပြီး ထွက်ပြေးကြလေ၏။
၃ ရာ 1:38 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒ၏သား ဗေနာယတို့အပါအဝင် ခေရသိလူမျိုး၊ ပေလသိလူမျိုးတို့သည် ရှောလမုန်ကို ဒါဝိဒ်မင်းကြီး၏လားပေါ်တင်၍ ဂိဟုန်မြို့သို့ ခေါ်ဆောင်သွားကြ၏။ Common Language Bible ထို့ကြောင့်ဇာဒုတ်၊ နာသန်၊ ဗေနာယနှင့်ဘုရင့် ကိုယ်ရံတော်တပ်သားတို့သည်ရှောလမုန်အား ဒါဝိဒ်မင်း၏မြည်းတော်ကိုစီးစေလျက် ဂိဟုန်စမ်းသို့ပို့ကြ၏။- Garrad Bible ထို နောက် ပ ရော ဟိတ် ဇာ ဒုတ်၊ ပ ရော ဖက် နာ သန်၊ ယော ယ ဒ သား ဗေ နာ ယ တို့ သည် ခေ ရ သိ၊ ပေ လ သိ တပ် တော် နှင့် တ ကွ ချီ ထွက် သ ဖြင့် ရှော လ မုန် ကို ဒါ ဝိဒ် မင်း စီး တော် လား ပေါ် မှာ တင် လျက် ဂိ ဟုန် အ ရပ် သို့ ပို့ ကြ ပြီး လျှင် Judson Bible ထိုအခါ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒသားဗေနာယ၊ ခေရသိလူ၊ ပေလသိလူတို့သည်ထွက်၍ ရှောလမုန်ကို ဒါဝိဒ်မင်းကြီး၏ မြင်းလားပေါ်မှာစီးစေလျက် ဂိဟုန်မြို့သို့ ဆောင်သွားကြ၏။ |
ဤသို့ဖြင့် အဗရှလုံ၏ငယ်သားတို့သည် အဗရှလုံမှာထားသည့်အတိုင်း အာမနုန်ကို ပြုလေ၏။ ထိုအခါ ရှင်ဘုရင်၏သားတော်အပေါင်းတို့သည် ထ၍ ကိုယ့်လားကိုယ်စီးပြီး ထွက်ပြေးကြလေ၏။
အထံတော်ပါး၌ခစားရသောမင်းမှုထမ်းအားလုံးတို့သည် ဘုရင့်ရှေ့တော်၌ ချီသွားကြ၏။ ခေရသိလူမျိုးအားလုံး၊ ပေလသိလူမျိုးအားလုံးနှင့် ဂါသမြို့မှလိုက်လာသော ဂိတ္တိလူမျိုးအားလုံး လူအယောက်ခြောက်ရာတို့သည်လည်း ဘုရင့်ရှေ့တော်၌ ချီသွားကြ၏။
ထို့ကြောင့် ယွာဘ၏နောက်လိုက်များမှစ၍ ခေရသိလူမျိုး၊ ပေလသိလူမျိုးတို့အပါအဝင် သူရဲကောင်းအပေါင်းတို့သည် အဘိရှဲနှင့်အတူ ဂျေရုဆလင်မြို့မှ ထွက်သွားပြီး ဗိခရိ၏သား ရှေဘကိုလိုက်ကြ၏။
ယောယဒ၏သားဗေနာယကား ခေရသိလူမျိုးနှင့် ပေလသိလူမျိုးတို့ကို အုပ်ချုပ်ရသူ၊ ဒါဝိဒ်မင်းကြီး၏သားတို့ကား နန်းတွင်းအရာရှိများ စသည်ဖြင့် အသီးသီးနေရာရကြ၏။
သို့သော် အရှင့်အစေအပါးအကျွန်ုပ်၊ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ယောယဒသားဗေနာယနှင့် အရှင့်အစေအပါးရှောလမုန်တို့ကိုမူ မဖိတ်ခေါ်ပါ။
ထိုအခါ ရှင်ဘုရင်က သူတို့အား “သင်တို့နှင့်အတူ သင်တို့သခင်၏အမှုထမ်းတို့ကိုခေါ်ပြီး သားတော်ရှောလမုန်ကို ငါစီးသောလားကိုစီးစေ၍ သူ့ကို ဂိဟုန်မြို့သို့ ခေါ်ဆောင်သွားလော့။
သို့သော် ယဇ်ပုရောဟိတ်ဇာဒုတ်၊ ယောယဒ၏သားဗေနာယ၊ ပရောဖက်နာသန်၊ ရှိမိ၊ ရေဣနှင့် ဒါဝိဒ်မင်းကြီး၏စစ်သူရဲတို့ကား အဒေါနိယဘက်၌ မနေကြပေ။
ထိုအခါ အဒေါနိယက “အစ္စရေးလူမျိုးအပေါင်းတို့သည် အကျွန်ုပ်ကို ရှင်ဘုရင်အဖြစ်လက်ခံ၍ ဤနိုင်ငံတော်ကို အကျွန်ုပ်ပိုင်ကြောင်း မယ်တော်သိပါ၏။ သို့သော် နိုင်ငံတော်သည် အကျွန်ုပ်လက်မှလွတ်၍ ညီတော်ထံ ရောက်သွားလေပြီ။ အကယ်စင်စစ် ထာဝရဘုရားသည် သူ့ထံသို့ ရောက်စေတော်မူပြီ။
ထို့နောက် ရှင်ဘုရင်သည် ယောယဒ၏သားဗေနာယကို ယွာဘ၏နေရာတွင် စစ်တပ်ကို အုပ်ချုပ်စေ၏။ ယဇ်ပုရောဟိတ်ဇာဒုတ်ကိုလည်း အဗျာသာနေရာ၌ ခန့်ထားလေ၏။
ယောယဒ၏သား ဗေနာယကား ခေရသိလူမျိုးနှင့်ပေလသိလူမျိုးတို့ကို အုပ်ချုပ်ရသူ၊ ဒါဝိဒ်မင်းကြီး၏သားတို့ကား ရှင်ဘုရင်အနား၌ ခစားရသော အရာရှိများ စသည်ဖြင့် အသီးသီးနေရာရကြ၏။
ပင်လယ်ကမ်းရိုးတန်း၌နေထိုင်သောခေရသိလူမျိုးတို့၊ သင်တို့၌အမင်္ဂလာရှိ၏။ အို ခါနာန်ပြည်ရှိဖိလိတ္တိလူမျိုးတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သင်တို့ကို ဆန့်ကျင်လျက် “စင်စစ် သင်တို့ကို တစ်ယောက်မကျန် ငါဖျက်ဆီးမည်”ဟု မိန့်ဆိုပြီ။
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။
အကျွန်ုပ်တို့သည် ခေရသိလူမျိုးပိုင်သောနေဂေ့အရပ်ဒေသ၊ ယုဒလူမျိုးပိုင်သောအရပ်ဒေသနှင့် ကာလက်လူမျိုးပိုင်သောနေဂေ့အရပ်ဒေသတို့ကို ဝင်ရောက်စီးနင်းပြီး ဇိကလတ်မြို့ကို မီးရှို့ခဲ့ပါပြီ”ဟု ပြန်ဖြေ၏။