ယခု အကျွန်ုပ်တို့ဂျော်ဒန်မြစ်သို့သွား၍ တစ်ယောက်လျှင် သစ်လုံးတစ်လုံးစီယူပြီး ထိုနေရာတွင် အကျွန်ုပ်တို့အတွက်နေစရာကို ဆောက်ပါရစေ”ဟု ဆိုကြလျှင် ဧလိရှဲက “သွားပါ”ဟု ခွင့်ပြု၏။
၂ သက် 3:8 - မြန်မာ့စံမီသမ္မာကျမ်း မည်သူ၏အစားအစာကိုမျှ အလကားမစားဘဲ သင်တို့ထဲမှ မည်သူ့အပေါ်၌မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ကြိုးပမ်းအားထုတ်လျက် ပင်ပန်းခက်ခဲစွာဖြင့် နေ့ရောညပါအလုပ်လုပ်ကြ၏။ Common Language Bible ငါတို့စားစရိတ်မှန်သမျှကိုငါတို့ကျခံ ခဲ့ကြ၏။ သင်တို့တစ်ဦးတစ်ယောက်အားမျှ ငါတို့အတွက်တာဝန်မရှိရစေရန် ငါတို့ သည်အလုပ်ကိုပင်ပန်းစွာနေ့ရောညဥ့်ပါ လုပ်ကိုင်ခဲ့ကြ၏။- Garrad Bible ငါ တို့ သည် မည် သူ့ ထံ၌ မျှ ဆွမ်း ခံ၍ မ စား။ သင် တို့ အ နက် မည် သူ့ အ ပေါ် တွင် မျှ ဝန် မ ဖြစ် စေ ရန် နေ့ ညဉ့် မ ပြတ် ပင် ပန်း စွာ လုပ် ကိုင် ကြိုး စား လျက် နေ ခဲ့ ကြ ၏။ Judson Bible အဘယ်သူ၏ အစာကိုမျှ အလိုအလျောက်မစား။ သင်တို့တွင် တစ်ယောက်ကိုမျှ မနှောင့်ယှက်ခြင်းငှာ၊ ပင်ပန်းစွာ ကြိုးစားအားထုတ်၍ နေ့ညမပြတ်လုပ်ဆောင်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် အဖိုးအခမပေးဘဲ မည်သူတစ်ဦးတစ်ယောက်၏ အစားအစာကိုမျှ မစားခဲ့ကြ။ သင်တို့တစ်ဦးတစ်ယောက်ကိုမျှ ကျွန်ုပ်တို့ကြောင့် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် နေ့ရောညပါ ကြိုးစား၍ အလုပ်လုပ်ခဲ့ကြ၏။ |
ယခု အကျွန်ုပ်တို့ဂျော်ဒန်မြစ်သို့သွား၍ တစ်ယောက်လျှင် သစ်လုံးတစ်လုံးစီယူပြီး ထိုနေရာတွင် အကျွန်ုပ်တို့အတွက်နေစရာကို ဆောက်ပါရစေ”ဟု ဆိုကြလျှင် ဧလိရှဲက “သွားပါ”ဟု ခွင့်ပြု၏။
ထိုအတွက် နေ့တိုင်း နွားတစ်ကောင်၊ ဆူဖြိုးသောသိုးခြောက်ကောင်နှင့် ကြက်ငှက်များကို ပြင်ဆင်ပေးရ၏။ စပျစ်ဝိုင်အမျိုးမျိုးကိုလည်း ဆယ်ရက်တစ်ခါ အလျှံအပယ်ချပေး၏။ ထိုမျှကုန်သော်လည်း ငါသည် ဘုရင်ခံရထိုက်သောရိက္ခာကို လုံးဝမတောင်း။ အကြောင်းမှာ ဤအမှုသည် ပြည်သူပြည်သားတို့အတွက် ဝန်ထုပ်ဖြစ်လှ၏။
မိမိအိမ်သူအိမ်သားတို့၏အရေးကိစ္စများကို သေချာစွာကြည့်ရှုတတ်၏။ ပျင်းရိခြင်းအစာကို မစားတတ်။
အလုပ်ချင်းတူသောကြောင့် သူတို့နှင့်အတူနေလျက် အလုပ်လုပ်လေ၏။ အကြောင်းမူကား အလုပ်အကိုင်အရ သူတို့သည် ရွက်ထည်တဲချုပ်သူများဖြစ်ကြ၏။
ငါသည် ဤလက်များဖြင့် ငါမှစ၍ ငါနှင့်အတူရှိသောသူတို့၏လိုအပ်ချက်များအတွက် လုပ်ဆောင်ခဲ့ကြောင်း သင်တို့ကိုယ်တိုင်သိကြ၏။
မိမိတို့လက်ဖြင့် အားထုတ်လုပ်ဆောင်လျက် နေကြရ၏။ ပုတ်ခတ်ပြောဆိုခြင်းခံရသောအခါ ကောင်းချီးပေးကြ၏။ ညှဉ်းဆဲခြင်းခံရသောအခါ သည်းခံကြ၏။
ကြိုးပမ်းအားထုတ်ခြင်းနှင့် ပင်ပန်းခက်ခဲခြင်း၊ မကြာခဏအိပ်ရေးပျက်ခြင်း၊ အစာငတ်ခြင်းနှင့် ရေငတ်ခြင်း၊ မကြာခဏ အစာပြတ်လပ်ခြင်း၊ ချမ်းအေးဒဏ်ခံရခြင်းနှင့် အဝတ်အချည်းစည်းနေရခြင်းတို့ကိုလည်း ကြုံတွေ့ခဲ့ရ၏။
မာကေဒေါနိပြည်မှလာသော ညီအစ်ကိုများသည် ငါလိုအပ်သည့်အရာကို ဖြည့်ဆည်းပေးခဲ့သည်ဖြစ်၍ ငါသည် သင်တို့နှင့်အတူရှိစဉ် လိုအပ်ချက်ရှိသည့်အခါ မည်သူ့အတွက်မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်ခဲ့ပေ။ ငါသည် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် မိမိကိုယ်ကို အရာရာ၌စောင့်စည်းခဲ့သည့်နည်းတူ နောင်၌လည်း စောင့်စည်းဦးမည်။
ခိုးတတ်သောသူသည် နောက်ထပ် မခိုးဘဲ လိုအပ်သောသူအား ဝေမျှစရာရှိစေရန် မိမိလက်ဖြင့် ကောင်းသောအလုပ်ကို အားထုတ်လုပ်ဆောင်စေ။
ညီအစ်ကိုတို့၊ ငါတို့၏ကြိုးပမ်းအားထုတ်မှုနှင့်ပင်ပန်းခက်ခဲမှုတို့ကို သင်တို့မှတ်မိကြ၏။ ငါတို့သည် သင်တို့ထဲမှ မည်သူ့အပေါ်၌မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် နေ့ရောညပါအလုပ်လုပ်လျက် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို သင်တို့အား ဟောပြောကြ၏။
သင်တို့အား ငါတို့ညွှန်ကြားခဲ့သည့်အတိုင်း အေးဆေးတည်ငြိမ်စွာနေထိုင်နိုင်ရန် ရည်မှန်းကြိုးစားလျက် မိမိကိစ္စများကိုအာရုံစိုက်၍ မိမိတို့လက်ဖြင့်အလုပ်လုပ်ကြရန်လည်းကောင်း ငါတို့တိုက်တွန်းနှိုးဆော်ပါ၏။
ထိုသို့သောသူတို့သည် ကိုယ့်ထမင်းကိုယ်စားနိုင်ရန်အတွက် အေးဆေးတည်ငြိမ်စွာအလုပ်လုပ်ကြရန် သခင်ယေရှုခရစ်တော်၌ ငါတို့ညွှန်ကြားလျက် တိုက်တွန်းနှိုးဆော်ကြပါ၏။