ထိုအခါ ဝိညာဉ်တစ်ပါးထွက်လာ၍ ထာဝရဘုရားရှေ့တော်၌ရပ်လျက် ‘အကျွန်ုပ် ဖြားယောင်းပါမည်’ဟု လျှောက်တင်လျှင် ထာဝရဘုရားက ‘မည်သို့ဖြားယောင်းမည်နည်း’ဟု မေးတော်မူ၏။
၂ သက် 2:9 - မြန်မာ့စံမီသမ္မာကျမ်း တရားမဲ့သောသူသည် စာတန်၏လုပ်ဆောင်မှုအားဖြင့် ရောက်ရှိလာမည်ဖြစ်၍ အမျိုးမျိုးသောတန်ခိုး၊ နိမိတ်လက္ခဏာများ၊ မုသားနှင့်ဆိုင်သောအံ့ဩဖွယ်ရာများဖြင့်လည်းကောင်း၊ Common Language Bible သူယုတ်မာကြီးသည်စာတန်၏တန်ခိုးကိုခံယူ ၍ရောက်ရှိလာသောအခါ အံ့သြဖွယ်ရာထူးဆန်း သောနိမိတ်လက္ခဏာအတုအယောင်အမျိုးမျိုး ကိုပြလိမ့်မည်။- Garrad Bible ကယ် တင် ခြင်း ခံ ရ အံ့ သော ငှါ ဓ မ္မ၌ မွေ့ လျော် သော စိတ် ကို မ ခံ မ ယူ ကြ သော ကြောင့် ပျက် စီး ရာ လိုက် သူ တို့ ရှေ့ မိ စ္ဆာ၏ ဆိုင် ရာ အံ့ ဖွယ် သော တန် ခိုး နိ မိတ် လက္ခ ဏာ အ မျိုး မျိုး၊ မ ဖြောင့် မတ် သော လှည့် စား ခြင်း အ မျိုး မျိုး ဖြင့် စာ တန် ပြု ပြင် သည့် အ တိုင်း ထို သူ ပေါ် လာ လိမ့် မည်။ Judson Bible ထိုအဓမ္မလူ၏ လာခြင်းအကြောင်းဟူမူကား၊ စာတန်ပြုပြင်သောအားဖြင့် မုသားနှင့် စပ်ဆိုင်သော ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှု အမျိုးမျိုးနှင့်လည်းကောင်း၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုတရားမဲ့သူသည် စာတန်ထံက တန်ခိုးကို ရ၍ စာတန်၏ အလုပ်ကို လုပ်ဆောင်ရန် ရောက်လာသောအခါ အတုအယောင်တန်ခိုး၊ အံ့ဖွယ်ဖြစ်ရပ်နှင့် နိမိတ်လက္ခဏာများကို ပြလိမ့်မည်။ |
ထိုအခါ ဝိညာဉ်တစ်ပါးထွက်လာ၍ ထာဝရဘုရားရှေ့တော်၌ရပ်လျက် ‘အကျွန်ုပ် ဖြားယောင်းပါမည်’ဟု လျှောက်တင်လျှင် ထာဝရဘုရားက ‘မည်သို့ဖြားယောင်းမည်နည်း’ဟု မေးတော်မူ၏။
အီဂျစ်နတ်ဝိဇ္ဇာဆရာတို့သည်လည်း မိမိတို့၏ဝိဇ္ဇာအတတ်များအားဖြင့် ထိုနည်းတူပြုကြ၏။ ထို့ကြောင့် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဖာရောမင်းကြီး၏စိတ်နှလုံးသည် မာကျောလျက် မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲနေ၏။
နတ်ဝိဇ္ဇာဆရာတို့သည်လည်း မိမိတို့၏ဝိဇ္ဇာအတတ်များအားဖြင့် မှက်ကောင်များဖြစ်လာအောင် ပြုကြသော်လည်း သူတို့မတတ်နိုင်ကြ။ ထို့ကြောင့် မှက်ကောင်များသည် လူနှင့်တိရစ္ဆာန်တို့အပေါ်၌ တွယ်ကပ်လျက်နေ၏။
နတ်ဝိဇ္ဇာဆရာတို့သည်လည်း မိမိတို့၏ဝိဇ္ဇာအတတ်များဖြင့် ထိုနည်းတူပြု၍ ဖားများကို အီဂျစ်ပြည်တစ်လျှောက်သို့ တက်လာစေကြ၏။
အကြောင်းမူကား ထာဝရဘုရားသည် နှစ်ခြိုက်စွာအိပ်မောကျသောဝိညာဉ်ကို သင်တို့အပေါ်သွန်းလောင်းလျက် ပရောဖက်များဖြစ်သော သင်တို့၏မျက်စိကိုပိတ်တော်မူ၍ ဗျာဒိတ်ရသူများဖြစ်သော သင်တို့၏ဦးခေါင်းများကို ဖုံးအုပ်ထားတော်မူပြီ။
ရုပ်တုများကြောင့် ငါနှင့်ဝေးကွာသွားသော အစ္စရေးလူမျိုးအပေါင်းတို့၏နှလုံးသားကို ငါပြန်လည်ဆွဲယူမည်ဟူ၍ မိန့်တော်မူသည်’ဟု ဆင့်ဆိုလော့။
ထို့နောက် လူတို့သည် နတ်ဆိုးပူးသည့် မျက်မမြင်ဆွံ့အသောသူတစ်ဦးကို အထံတော်သို့ခေါ်ဆောင်ခဲ့ကြရာ ကိုယ်တော်သည် ထိုသူကိုကျန်းမာစေတော်မူသဖြင့် ထိုဆွံ့အသောသူသည် စကားပြောနိုင်ပြီး မျက်စိလည်းမြင်လာ၏။
အကြောင်းမူကား ခရစ်တော်အတုအယောင်များနှင့် ပရောဖက်အတုအယောင်များပေါ်လာ၍ ဖြစ်နိုင်လျှင် ရွေးကောက်ခံရသောသူတို့ကိုပင် လှည့်ဖြားရန် ကြီးမားသောနိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်ရာများကို ပြုကြလိမ့်မည်။
ယေရှုကလည်း“အချင်းစာတန်၊ ထွက်သွားလော့။ ‘သင်၏ဘုရားသခင်ထာဝရဘုရားကိုရှိခိုး၍ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ဟူ၍ ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ခရစ်တော်အတုအယောင်များနှင့် ပရောဖက်အတုအယောင်များပေါ်လာ၍ ဖြစ်နိုင်လျှင် ရွေးကောက်ခံရသောသူတို့ကိုပင်လှည့်ဖြားရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြုကြလိမ့်မည်။
ယေရှုကလည်း“သင်တို့သည် နိမိတ်လက္ခဏာနှင့်အံ့ဩဖွယ်ရာများကို မမြင်ရလျှင် မည်သည့်အခါမျှ ယုံကြည်ကြမည်မဟုတ်”ဟု မိန့်တော်မူ၏။
သင်တို့သည် သင်တို့အဖပြုသောအမှုများကို ပြုကြ၏”ဟု မိန့်တော်မူလျှင် ထိုသူတို့က “အကျွန်ုပ်တို့သည် တရားနှင့်မညီမေထုန်ပြုခြင်းအားဖြင့် မွေးလာသောသူများမဟုတ်။ အကျွန်ုပ်တို့၌ တစ်ပါးတည်းသောအဖဘုရားသခင်ရှိသည်”ဟု ဆိုကြ၏။
သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုစရိုက်အတိုင်းပြောဆို၏။
“အို စဉ်းလဲခြင်းအပေါင်းနှင့်လှည့်စားမှုရှိသမျှတို့ဖြင့်ပြည့်ဝသူ၊ မာရ်နတ်၏သား၊ ဖြောင့်မတ်ခြင်းအပေါင်းတို့၏ရန်သူ၊ သင်သည် ထာဝရဘုရား၏ဖြောင့်မတ်သောလမ်းတို့ကို ကွေ့ကောက်အောင်လုပ်ခြင်းမှ မရပ်တန့်ဘဲနေမည်လော။
ဤသည်ကား အံ့ဩစရာမဟုတ်။ အဘယ်ကြောင့်ဆိုသော် စာတန်ပင်လျှင် အလင်း၏ကောင်းကင်တမန်အဖြစ် ယောင်ဆောင်တတ်၏။
သို့သော် မြွေသည် မိမိ၏ပရိယာယ်အားဖြင့် ဧဝကိုလှည့်ဖြားသကဲ့သို့ အကြောင်းတစ်စုံတစ်ခုကြောင့် သင်တို့၏စိတ်နှလုံးသည် ခရစ်တော်အပေါ်၌ထားရှိသော ရိုးသားဖြူစင်ခြင်းမှသွေဖည်သွားမည်ကို ငါစိုးရိမ်၏။
ထိုသူတို့နှင့်ပတ်သက်၍ပြောရလျှင် ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်သော ခရစ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသည့် ကောင်းမြတ်သောသတင်း၏အလင်းရောင်ကိုမမြင်စေရန် ဤလောက၏ဘုရားသည် မယုံကြည်သောသူတို့၏စိတ်နှလုံးကို ကွယ်စေ၏။
အာကာသနှင့်ဆိုင်သောအာဏာစက်ကို စွဲကိုင်အုပ်ချုပ်သူတည်းဟူသော နာခံမှုမရှိသောသူတို့ထဲ၌ ယခုအလုပ်လုပ်နေသည့် ဝိညာဉ်အလိုအတိုင်း ဤလောက၏လမ်းစဉ်နှင့်အညီ ထိုအပြစ်များတွင် အသက်ရှင်လျှောက်လှမ်းခဲ့ကြ၏။
ယန္နေနှင့်ယံဗြေတို့သည် မောရှေကိုဆန့်ကျင်ခဲ့သည့်နည်းတူ ထိုသူတို့သည်လည်း သမ္မာတရားကိုဆန့်ကျင်ကြ၏။ သူတို့သည် စိတ်နှလုံးပျက်စီးယိုယွင်းလျက် ယုံကြည်ခြင်းအရာ၌ ကျရှုံးသောသူများဖြစ်ကြ၏။
ထိုသို့သောဉာဏ်ပညာသည် အထက်အရပ်မှလာသည်မဟုတ်ဘဲ လောကနှင့်လည်းကောင်း၊ ဇာတိနှင့်လည်းကောင်း၊ နတ်ဆိုးတို့နှင့်လည်းကောင်း စပ်ဆိုင်၏။
ထိုအခါ နဂါးသည် ထိုအမျိုးသမီးအပေါ်အမျက်ထွက်၍ ဘုရားသခင်၏ပညတ်တော်တို့ကို စောင့်ထိန်းသောသူများနှင့် ယေရှုနှင့်ဆိုင်သည့်သက်သေခံချက်ကိုရရှိထားသောသူများဖြစ်ကြသည့် ထိုအမျိုးသမီး၏အမျိုးအနွယ်ထဲမှ ကျန်ရှိသောသူတို့နှင့်စစ်တိုက်ရန် ထွက်သွားပြီး
ထိုအခါ တစ်ကမ္ဘာလုံးကိုလှည့်ဖြား၍ မာရ်နတ်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍လည်းကောင်း အခေါ်ခံရသည့် ရှေးမြွေဟောင်းတည်းဟူသောနဂါးကြီးသည် မြေကြီးပေါ်သို့ပစ်ချခြင်းခံရလေ၏။ သူနှင့်အတူ သူ၏စေတမန်တို့သည်လည်း ပစ်ချခြင်းခံရကြ၏။
ဆီမီး၏အလင်းကိုလည်း သင့်အထဲ၌ လုံးဝထွန်းလင်းတော့မည်မဟုတ်။ မင်္ဂလာဆောင်သတို့သားနှင့်သတို့သမီးတို့၏အသံကိုလည်း သင့်အထဲ၌ လုံးဝကြားရတော့မည်မဟုတ်။ အကြောင်းမူကား သင်၏ကုန်သည်တို့သည် ကမ္ဘာမြေကြီး၏မှူးကြီးမတ်ရာများဖြစ်ကြ၏။ လူမျိုးတကာတို့သည်လည်း သင်၏ပြုစားခြင်းဖြင့် လှည့်ဖြားခြင်းကိုခံခဲ့ရကြ၏။
သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။
သူတို့ကိုလှည့်ဖြားသောမာရ်နတ်သည်လည်း သားရဲနှင့်ပရောဖက်အတုအယောင်တို့ရှိရာ ကန့်နှင့်ရောသောမီးအိုင်ထဲသို့ ပစ်ချခြင်းခံရ၏။ သူတို့သည် ထိုနေရာ၌ နေ့ရောညပါ ကမ္ဘာအဆက်ဆက် ညှဉ်းဆဲခြင်းကိုခံရကြလိမ့်မည်။
သူတို့၏ဘုရင်ကား အတိုင်းမသိနက်ရှိုင်းရာအရပ်၏စေတမန်ဖြစ်၏။ ထိုသူ၏အမည်မှာ ဟေဗြဲဘာသာစကားအားဖြင့် အဗဒ္ဒုန်ဟူ၍ဖြစ်ပြီး ဂရိဘာသာစကားအားဖြင့် အပေါလျုန်ဟူ၍ဖြစ်၏။