ထွက်မြောက် 7:22 - မြန်မာ့စံမီသမ္မာကျမ်း22 အီဂျစ်နတ်ဝိဇ္ဇာဆရာတို့သည်လည်း မိမိတို့၏ဝိဇ္ဇာအတတ်များအားဖြင့် ထိုနည်းတူပြုကြ၏။ ထို့ကြောင့် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဖာရောမင်းကြီး၏စိတ်နှလုံးသည် မာကျောလျက် မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲနေ၏။ အခန်းကိုကြည့်ပါ။Common Language Bible22 သို့ရာတွင်အီဂျစ်မှော်ဆရာတို့ကလည်း၊ မိမိတို့၏အတတ်ဖြင့်ရေကိုသွေးဖြစ်စေ ကြရာဘုရင်သည် ယခင်နည်းတူခေါင်းမာ မြဲခေါင်းမာလျက်နေ၏။ ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း သူသည်မောရှေ နှင့်အာရုန်တို့၏စကားကိုနားမထောင် ဘဲနေလေ၏။- အခန်းကိုကြည့်ပါ။Garrad Bible22 အိ ဂျစ် လူ မျိုး ဗေ ဒင် တတ် ဝိ ဇ္ဇာ ဆ ရာ တို့ လည်း ဝိ ဇ္ဇာ အ တတ် အား ဖြင့် ထို နည်း တူ ပြု ကြ သည် နှင့် ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သည့် အ တိုင်း ဖာ ရော မင်း သည် စိတ် နှ လုံး ခဲ ယဉ်း ၍ သူ တို့ စ ကား ကို နား မ ထောင် ဘဲ၊ အခန်းကိုကြည့်ပါ။Judson Bible22 အဲဂုတ္တုအမျိုးသားဝိဇ္ဇာဆရာတို့လည်း ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြုကြ၏။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ဖာရောဘုရင်သည် နှလုံးခိုင်မာ၍ သူတို့၏စကားကို နားမထောင်ဘဲနေ၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည် ပရောဖက်ဖြစ်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူတို့နှင့်အတူရှိမည်ဆိုလျှင် ထာဝရဘုရား၏အိမ်တော်၊ ယုဒဘုရင်၏နန်းတော်၊ ဂျေရုဆလင်မြို့၌ ကျန်ရစ်သောအသုံးအဆောင်များကို ဘေဘီလုံမြို့သို့ယူဆောင်မသွားရန် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအား တောင်းပန်ကြစေ’ဟု မိန့်တော်မူ၏။
နံနက်ရောက်သောအခါ ဖာရောမင်းကြီးသည် စိတ်မငြိမ်မသက်ဖြစ်လေ၏။ ထို့ကြောင့် လူလွှတ်၍ အီဂျစ်ပြည်ရှိ နတ်ဝိဇ္ဇာဆရာအပေါင်းတို့နှင့် ပညာရှိအပေါင်းတို့ကိုခေါ်ပြီးလျှင် မိမိ၏အိပ်မက်ကို သူတို့အား ပြောပြလေ၏။ သို့သော် ဖာရောမင်းကြီးအတွက် ထိုအိပ်မက်တို့၏အနက်ကိုဖွင့်ပြနိုင်သောသူတစ်ယောက်မျှမရှိ။