အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၂ ရာ​ချုပ် 6:26 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကိုယ်တော့်​ကို​ပြစ်မှား​မိ​၍ ကိုယ်တော်​သည် သူ​တို့​ကို ဆုံးမ​သော​အားဖြင့် ကောင်းကင်​တံခါး​ကို​ပိတ်​လျက် မိုးခေါင်​စေ​သောအခါ သူ​တို့​သည် အပြစ်လမ်း​မှ​ပြန်လှည့်​၍ ကိုယ်တော်​၏​နာမ​တော်​ကို​ဝန်ခံ​လျက် ဤ​နေရာ​သို့​မျက်နှာမူ​ပြီး ဆုတောင်း​အသနားခံ​လျှင်

အခန်းကိုကြည့်ပါ။

Common Language Bible

``ကိုယ်​တော်​အား​လူ​မျိုး​တော်​ပြစ်​မှား​သည့် အ​တွက် မိုး​ခေါင်​စေ​တော်​မူ​သော​အ​ခါ​သူ​တို့ သည်​နောင်​တ​ရ​၍ ဤ​ဗိ​မာန်​တော်​သို့​မျက်​နှာ မူ​ကာ​စိတ်​နှ​လုံး​နှိမ့်​ချ​လျက်​ဆု​တောင်း ပတ္ထနာ​ပြု​ပါ​လျှင်၊-

အခန်းကိုကြည့်ပါ။

Garrad Bible

ကိုယ် တော် အား ပြစ် မှား မိ သည့် အ တွက် မိုး မ ရွာ အောင် ပိတ် ဆို့ လျက် ဆုံး မ တော် မူ သော အ ခါ ဤ ဗိ မာန် တော် သို့ မျက် နှာ မူ လျက် နာ မ တော် ကို ဝန် ခံ၍ ဒု စ ရိုက် မှု ရှောင် ကြဉ် ကြ လျှင်

အခန်းကိုကြည့်ပါ။

Judson Bible

ကိုယ်​တော်​ကို ပြစ်​မှား​သော​အ​ပြစ်​ကြောင့် မိုး​မ​ရွာ၊ မိုး​ခေါင်​သ​ဖြင့်၊ ကိုယ်​တော်​သည် ဆုံး​မ​တော်​မူ​သော​အ​ခါ၊ သူ​တို့​သည် ဤ​အ​ရပ်​ဌာ​န​တော်​ကို မှီ​ခို​လျက် ဆု​တောင်း၍၊ နာ​မ​တော်​ကို​ဝန်​ခံ​လျက် မိ​မိ​ဒု​စ​ရိုက်​ကို စွန့်​ပယ်​လျှင်၊

အခန်းကိုကြည့်ပါ။



၂ ရာ​ချုပ် 6:26
20 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​၍ ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​၏​အပြစ်​ကို ခွင့်လွှတ်​တော်မူ​ပါ​။ သူ​တို့​နှင့် သူ​တို့​ဘိုးဘေး​တို့​အား ကိုယ်တော်​ပေးသနား​တော်မူ​သော​ပြည်​သို့ သူ​တို့​ကို ပြန်လည်​ပို့ဆောင်​တော်မူ​ပါ​။


ငါ​သည် မိုးကောင်းကင်​ကို​ပိတ်​ထား​ပြီး မိုးခေါင်​စေ​သောအခါ​၊ ပြည်ထွက်သီးနှံ​ကို​ဝါးမျို​ရန် နှံကောင်​များ​ကို အမိန့်ပေး​သောအခါ​၊ ငါ့​လူမျိုး​တော်​တို့​တွင် ကပ်ဘေး​ကျရောက်​စေ​သောအခါ​၊


မိမိ​ကျူးလွန်​သော​အပြစ်​များ​ကို ဖုံးကွယ်​ထား​သော​သူ​သည် ကြီးပွား​မည်​မ​ဟုတ်​။ ထို​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​၍ စွန့်ပယ်​သော​သူ​မူကား ကရုဏာ​တော်​ကို​ခံစား​ရ​လိမ့်မည်​။


ရှင်းလင်းပြုစု​ခြင်း​၊ တူးဆွပေါင်းသင်​ခြင်း​မ​ခံရ​ဘဲ ချုံပင်​၊ ဆူးပင်​များ​ပေါက်ရောက်​ရာ ဖုန်းဆိုးမြေ​ဖြစ်​မည်​။ ထို​ခြံ​အပေါ် မိုး​မ​ရွာသွန်း​စေရန် တိမ်တိုက်​တို့​ကို ငါ​မိန့်မှာ​မည်​။


“​အချင်း​လူသား​၊ ပြည်​တစ်​ပြည်​ရှိ​ပြည်သား​တို့​သည် ဖောက်ပြန်မှားယွင်း​၍ ငါ့​ကို​ပြစ်မှား​ကြ​လျှင် ငါ​သည် လက်​ကို​ဆန့်​ပြီး ထို​ပြည်​၏​စားနပ်ရိက္ခာ​ကို ဖြတ်တောက်​ပစ်​မည်​။ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကို ကျရောက်​စေ​ပြီး ထို​ပြည်​ရှိ လူ​နှင့်​တိရစ္ဆာန်​တို့​ကို သုတ်သင်ပယ်ရှင်း​ပစ်​မည်​။


သူ​တို့​သည် ကိုယ့်​အပြစ်​ကို​မ​ဝန်ခံ​မ​ချင်း​၊ ငါ့​မျက်နှာ​ကို​မ​ရှာ​မ​ချင်း စံမြန်း​ရာ​သို့ ငါ​ပြန်သွား​နေ​မည်​။ သူ​တို့​သည် ဆင်းရဲဒုက္ခ​ရောက်​သောအခါ ငါ့​ကို ကြိုးစားရှာ​ကြ​လိမ့်မည်​။”


ငါ​သည် သင်​တို့​၏​မာန​တန်ခိုး​ကို​ချိုး​၍ သင်​တို့​၏​မိုးကောင်းကင်​ကို သံ​ကဲ့သို့​လည်းကောင်း​၊ သင်​တို့​၏​မြေ​ကို ကြေးဝါ​ကဲ့သို့​လည်းကောင်း ဖြစ်​စေ​မည်​။


ငါ​သည် သင်​တို့​အား ဟုတ်မှန်ရာ​ကို​ပြော​မည်။ ပရောဖက်​ဧလိယ​၏​လက်ထက်​၌ သုံး​နှစ်​နှင့်​ခြောက်​လ​ပတ်လုံး​မိုးခေါင်​၍ တစ်ပြည်လုံး​တွင် ကြီးစွာ​သော​ငတ်မွတ်​ခေါင်းပါး​ခြင်း​ဘေး​ကျရောက်​စဉ်​က အစ္စရေး​လူမျိုး​ထဲတွင် မုဆိုးမ​များစွာ​ရှိ​ခဲ့​ကြ​၏။


သို့မဟုတ်လျှင် ထာဝရဘုရား​သည် သင်​တို့​အပေါ် အမျက်ထွက်​၍ မိုးကောင်းကင်​ကို​ပိတ်​တော်မူ​သဖြင့် မိုး​မ​ရွာ​၊ မြေ​သည် အသီးအနှံ​ကို​မ​ပေး​သောကြောင့် သင်​တို့​သည် ထာဝရဘုရား​ပေး​တော်မူ​သည့် သာယာဝပြော​သော​ပြည်​၌ အလျင်အမြန် ပျက်စီး​ကြ​လိမ့်မည်​။


သင့်​ဦးခေါင်း​အထက်​ရှိ​မိုးကောင်းကင်​သည် ကြေးနီ​ကဲ့သို့​လည်းကောင်း​၊ သင့်​အောက်​ရှိ​မြေ​သည် သံ​ကဲ့သို့​လည်းကောင်း ဖြစ်​မည်​။


သူ​တို့​ပရောဖက်ပြု​ဟောပြော​သည့်​နေ့ရက်​များ​အတွင်း မိုး​မ​ရွာ​စေရန် ကောင်းကင်​ကို ပိတ်​ထား​နိုင်​သည့်​အခွင့်​ရှိ​ပြီး ရေ​ကို​သွေး​အဖြစ်​သို့ ပြောင်းလဲ​စေ​နိုင်​သော​အခွင့်​မှစ၍ သူ​တို့​အလိုရှိ​သည့်အခါ​တိုင်း ကမ္ဘာ​မြေကြီး​ကို ဘေးဒဏ်​အမျိုးမျိုး​ဖြင့် ဒဏ်ခတ်​နိုင်​သော​အခွင့်​များ​ရှိ​ကြ​၏။