၂ ရာချုပ် 6:27 - မြန်မာ့စံမီသမ္မာကျမ်း27 ကိုယ်တော်သည် ကောင်းကင်ဘုံမှ နားညောင်းတော်မူ၍ ကိုယ်တော်၏အစေအပါးတို့နှင့် ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့၏အပြစ်များကို ခွင့်လွှတ်တော်မူပါ။ မှန်ကန်သောလမ်းကို လိုက်လျှောက်နိုင်ရန် သွန်သင်တော်မူပါ။ ကိုယ်တော်၏လူမျိုးတော်အား အမွေပေးတော်မူသော ကိုယ်တော်၏မြေပေါ်တွင် မိုးကိုရွာစေတော်မူပါ။ အခန်းကိုကြည့်ပါ။Common Language Bible27 အို ထာဝရဘုရား၊ ကောင်းကင်ဘုံမှနားညောင်း တော်မူပါ။ ကိုယ်တော်၏အစေခံဣသရေလ ပြည်သူတို့၏အပြစ်များကိုဖြေလွှတ်တော် မူပါ။ သူတို့အားလမ်းမှန်ကိုပြညွှန်တော်မူ ပါ။ ကိုယ်တော်၏လူမျိုးတော်အားအပိုင်ပေး သနားတော်မူသည့်ပြည်တော်တွင်မိုးရွာ စေတော်မူပါ။'' အခန်းကိုကြည့်ပါ။Garrad Bible27 ကောင်း ကင် ဘုံ မှ နား ညောင်း ၍ ကိုယ် တော်၏ ကျွန် ဖြစ် သူ ဣ သ ရေ လ လူ မျိုး တော့် အ ပေါ် တွင် အ ပြစ် ဖြေ လွှတ် သည့် ပြင် လိုက် အပ် သော လမ်း ကောင်း ညွှန် ပြ တော် မူ လျက် လူ မျိုး တော် အား အ ပိုင် ပေး ခဲ့ သော ပြည် တော် တွင် မိုး ရွာ စေ တော် မူ ပါ။ အခန်းကိုကြည့်ပါ။Judson Bible27 ကောင်းကင်ဘုံ၌နားထောင်၍ ကိုယ်တော်၏ကျွန်၊ ကိုယ်တော်၏လူ ဣသရေလအမျိုးတို့ကို အပြစ်မှလွှတ်တော်မူပါ။ သူတို့လိုက်ရသော လမ်းကောင်းကို ပြညွှန်၍၊ ကိုယ်တော်၏ လူတို့အားအမွေပေးသော မြေပေါ်မှာ မိုးရွာစေတော်မူပါ။ အခန်းကိုကြည့်ပါ။ |
လူမျိုးခြားတို့၏ရုပ်တုတို့သည် မိုးကိုရွာစေနိုင်သလော။ ကောင်းကင်သည်လည်း မိုးကိုရွာစေနိုင်သလော။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည်မဟုတ်လော။ ကိုယ်တော်သည် အလုံးစုံကို တတ်နိုင်တော်မူသည်ဖြစ်၍ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုစောင့်မျှော်ပါ၏။
လူမျိုးများစွာတို့သည် လာ၍ “လာကြလော့။ ယာကုပ်၏ဘုရားသခင်အိမ်တော်ရှိရာ ထာဝရဘုရား၏တောင်တော်သို့တက်ကြကုန်စို့။ ကိုယ်တော်သည် မိမိလမ်းတော်တို့ကို ငါတို့အား သွန်သင်တော်မူမည်ဖြစ်၍ ငါတို့သည်လည်း ကိုယ်တော်၏လမ်းတော်အတိုင်း လိုက်လျှောက်ကြမည်”ဟု ဆိုကြလိမ့်မည်။ အကြောင်းမူကား တရားတော်သည် ဇိအုန်တောင်မှလည်းကောင်း၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဂျေရုဆလင်မြို့မှလည်းကောင်း ထွက်ပေါ်လာလိမ့်မည်။