လေဝိအမျိုးတို့သည်လည်း ကိန်းဝပ်တော်မူရာတဲတော်နှင့် အမှုတော်ထမ်းဆောင်ရာတွင်သုံးသော တဲတော်၏အသုံးအဆောင်တို့ကို သယ်ဆောင်ရတော့မည်မဟုတ်”ဟု မိန့်ဆို၏။
၂ ရာချုပ် 35:3 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးတစ်မျိုးနွယ်လုံးကို သွန်သင်သောသူများဖြစ်၍ ထာဝရဘုရားအဖို့ သန့်ရှင်းသူများဖြစ်သောလေဝိအမျိုးသားတို့ကိုလည်း “သန့်ရှင်းသောသေတ္တာတော်ကို ဒါဝိဒ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ရှောလမုန်မင်းကြီးတည်ဆောက်ခဲ့သော အိမ်တော်တွင် ထားကြလော့။ သင်တို့ပခုံးဖြင့် ထမ်းသွားစရာမလိုတော့ပေ။ ယခုမှာ သင်တို့၏ဘုရားသခင်ထာဝရဘုရားနှင့် သူ၏လူမျိုးတော်အစ္စရေးတို့အဖို့ အမှုတော်ကိုထမ်းကြပါလော့။ Common Language Bible ဣသရေလအမျိုးသားတို့ကိုသြဝါဒပေး ရသော၊ မိမိတို့ကိုယ်ကို ထာဝရဘုရားအား ဆက်ကပ်ပူဇော်ထားသူများဖြစ်သောလေဝိ အနွယ်ဝင်တို့အားမင်းကြီးက``ဒါဝိဒ်၏သား တော်ရှောလမုန်မင်းတည်ဆောက်တော်မူခဲ့ သည့်ဗိမာန်တော်တွင် ပဋိညာဉ်သေတ္တာတော် ကိုထားရှိကြလော့။ သင်တို့သည်ထိုသေတ္တာ တော်ကိုတစ်နေရာမှတစ်နေရာသို့ပြောင်း ရွှေ့မှုမပြုကြတော့ဘဲ သင်တို့ဘုရားသခင် ထာဝရဘုရားနှင့်ကိုယ်တော်၏လူမျိုးတော် အတွက်အမှုတော်ကိုထမ်းဆောင်ရကြ မည်။- Garrad Bible ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် ၍၊ ဣ သ ရေ လ တစ် မျိုး လုံး ကို ဩ ဝါ ဒ ပေး ရ သော လေ ဝိ ဂိုဏ်း သား တို့ အား လည်း၊ သင် တို့ ပ ခုံး ပေါ် တွင် ဝန် မ ဖြစ် စေ ရန်၊ သန့် ရှင်း သော သေ တ္တာ တော် ကို၊ ဒါ ဝိဒ် မင်း သား တော် ဣ သ ရေ လ ဘု ရင် ရှော လ မုန် မင်း တည် ဆောက် ခဲ့ သော ဗိ မာန် တော် တွင်း သို့ ပြန် သွင်း ကြ လော့။ ယ ခု မှ စ၍ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ မှု တော် နှင့် လူ မျိုး တော် ဣ သ ရေ လ အ မှု ကို ဆောင် ရွက် လျက်၊ Judson Bible ဣသရေလအမျိုး ရှိသမျှကိုသွန်သင်၍၊ ထာဝရဘုရားအဖို့ သန့်ရှင်းသော လေဝိသားတို့ကိုခေါ်၍၊ ဣသရေလရှင်ဘုရင် ဒါဝိဒ်သား ရှောလမုန်တည်ဆောက်သောအိမ်၌ သန့်ရှင်းသောသေတ္တာတော်ကို သွင်းထားကြလော့။ နောက်တစ်ဖန် သေတ္တာတော်ကိုမထမ်းဘဲ၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏အမှု၊ ဘုရားသခင်၏လူ ဣသရေလအမျိုး၏အမှုကို ထမ်းကြလော့။ |
လေဝိအမျိုးတို့သည်လည်း ကိန်းဝပ်တော်မူရာတဲတော်နှင့် အမှုတော်ထမ်းဆောင်ရာတွင်သုံးသော တဲတော်၏အသုံးအဆောင်တို့ကို သယ်ဆောင်ရတော့မည်မဟုတ်”ဟု မိန့်ဆို၏။
ယောရှဖတ်မင်းကြီးနန်းစံသုံးနှစ်တွင် သူသည် အကြီးအကဲများဖြစ်သော ဗင်ဟဲလ၊ ဩဗဒိ၊ ဇာခရိ၊ နာသနေလ၊ မိက္ခာယတို့ကို ယုဒပြည်အမြို့မြို့သို့စေလွှတ်၍ လူတို့အား သွန်သင်စေ၏။
ဟေဇကိမင်းကြီးသည်လည်း ထာဝရဘုရား၏အမှုတော်ကို ကောင်းမွန်ကျွမ်းကျင်စွာထမ်းဆောင်သော လေဝိအမျိုးသားအပေါင်းတို့အား အားပေးစကားပြောဆို၏။ ဤသို့ဖြင့် သူတို့သည် ပွဲတော်အစားအစာကို ခုနစ်ရက်ပတ်လုံး စားသောက်လျက်၊ မိတ်သဟာယယဇ်ကိုပူဇော်လျက် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းကြ၏။
ယဇ်ပုရောဟိတ်ဟိလခိသည် ထာဝရဘုရား၏အိမ်တော်အတွက် လူတို့ယူဆောင်လာခဲ့သောငွေများကို ထုတ်ယူသောအခါ မောရှေအားပေးအပ်ထားသောထာဝရဘုရား၏ပညတ်တရားကျမ်းကို တွေ့လေ၏။
ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို သယ်ဆောင်လာပြီး အိမ်တော်အတွင်းခန်း အသန့်ရှင်းဆုံးဌာနတော်ရှိ ခေရုဗိမ်တို့၏အတောင်တော်အောက်တွင် နေရာချထား၏။
ရှောလမုန်မင်းကြီးက “ထာဝရဘုရား၏သေတ္တာတော်ရောက်ရှိရာနေရာတိုင်းသည် သန့်ရှင်းသည်ဖြစ်၍ ဖာရောမင်းကြီး၏သမီးတော်သည် အကျွန်ုပ်၏မိဖုရားဖြစ်သော်လည်း အစ္စရေးဘုရင်ဒါဝိဒ်မင်းကြီး၏နန်းဆောင်တွင် မနေသင့်”ဟု ဆိုလျက် ဖာရောမင်းကြီး၏သမီးတော်ကို ဒါဝိဒ်မြို့မှ သူ့အဖို့ဆောက်လုပ်ပေးသောနန်းတော်သို့ ပို့ဆောင်၏။
ထိုအခါ မောရှေက “သင်တို့သည် ကိုယ့်သားရင်း၊ ကိုယ့်ညီအစ်ကိုရင်းကို တိုက်ခိုက်ကြပြီ။ ထို့ကြောင့် ယနေ့ သင်တို့အား ကောင်းချီးပေးတော်မူမည့်အကြောင်း ထာဝရဘုရားထံ ကိုယ့်ကိုယ်ကိုယ်ဆက်ကပ်ကြလော့”ဟု ဆို၏။
အကယ်စင်စစ် ယဇ်ပုရောဟိတ်၏နှုတ်ခမ်းသည် အသိပညာကို ထိန်းသိမ်းထားရမည်။ သူသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏စေတမန်ဖြစ်သောကြောင့် သူ၏နှုတ်မှ သွန်သင်ချက်ကို လူတို့ ရှာဖွေဆည်းပူးရမည်။
အစ္စရေးအမျိုးသားတို့အတွက် တွေ့ဆုံစည်းဝေးရာတဲတော်တွင် အမှုတော်ထမ်းရန်နှင့် အစ္စရေးအမျိုးသားတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ငါသည် အစ္စရေးလူမျိုးထဲမှ လေဝိအမျိုးကို အာရုန်နှင့်သူ့သားတို့အား လုံးလုံးပေးအပ်ထားပြီ။ သို့မှ အစ္စရေးအမျိုးသားတို့ သန့်ရှင်းရာဌာနသို့ချဉ်းကပ်သောအခါ ဘေးဒဏ်မကျရောက်ဘဲနေမည်”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ငါတို့သည် မိမိတို့အကြောင်းကို ဟောပြောကြသည်မဟုတ်ဘဲ ယေရှုခရစ်တော်သည် အရှင်သခင်ဖြစ်ကြောင်းကို ဟောပြောကြ၏။ ငါတို့ကိုယ်တိုင်မူကား ယေရှုအတွက် သင်တို့၏အစေအပါးများဖြစ်ကြ၏။
သူတို့သည် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်များကို ယာကုပ်အမျိုးအားလည်းကောင်း၊ ကိုယ်တော်၏တရားတော်ကို အစ္စရေးလူမျိုးအားလည်းကောင်း သွန်သင်ပြသပေးလိမ့်မည်။ သူတို့သည် နံ့သာပေါင်းကို ရှေ့တော်၌လည်းကောင်း၊ တစ်ကောင်လုံးရှို့ရသောယဇ်ကို ယဇ်ပလ္လင်တော်ပေါ်၌လည်းကောင်း ပူဇော်ကြလိမ့်မည်။