၂ ရာချုပ် 35:3 - Common Language Bible3 ဣသရေလအမျိုးသားတို့ကိုသြဝါဒပေး ရသော၊ မိမိတို့ကိုယ်ကို ထာဝရဘုရားအား ဆက်ကပ်ပူဇော်ထားသူများဖြစ်သောလေဝိ အနွယ်ဝင်တို့အားမင်းကြီးက``ဒါဝိဒ်၏သား တော်ရှောလမုန်မင်းတည်ဆောက်တော်မူခဲ့ သည့်ဗိမာန်တော်တွင် ပဋိညာဉ်သေတ္တာတော် ကိုထားရှိကြလော့။ သင်တို့သည်ထိုသေတ္တာ တော်ကိုတစ်နေရာမှတစ်နေရာသို့ပြောင်း ရွှေ့မှုမပြုကြတော့ဘဲ သင်တို့ဘုရားသခင် ထာဝရဘုရားနှင့်ကိုယ်တော်၏လူမျိုးတော် အတွက်အမှုတော်ကိုထမ်းဆောင်ရကြ မည်။- အခန်းကိုကြည့်ပါ။Garrad Bible3 ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် ၍၊ ဣ သ ရေ လ တစ် မျိုး လုံး ကို ဩ ဝါ ဒ ပေး ရ သော လေ ဝိ ဂိုဏ်း သား တို့ အား လည်း၊ သင် တို့ ပ ခုံး ပေါ် တွင် ဝန် မ ဖြစ် စေ ရန်၊ သန့် ရှင်း သော သေ တ္တာ တော် ကို၊ ဒါ ဝိဒ် မင်း သား တော် ဣ သ ရေ လ ဘု ရင် ရှော လ မုန် မင်း တည် ဆောက် ခဲ့ သော ဗိ မာန် တော် တွင်း သို့ ပြန် သွင်း ကြ လော့။ ယ ခု မှ စ၍ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ မှု တော် နှင့် လူ မျိုး တော် ဣ သ ရေ လ အ မှု ကို ဆောင် ရွက် လျက်၊ အခန်းကိုကြည့်ပါ။Judson Bible3 ဣသရေလအမျိုး ရှိသမျှကိုသွန်သင်၍၊ ထာဝရဘုရားအဖို့ သန့်ရှင်းသော လေဝိသားတို့ကိုခေါ်၍၊ ဣသရေလရှင်ဘုရင် ဒါဝိဒ်သား ရှောလမုန်တည်ဆောက်သောအိမ်၌ သန့်ရှင်းသောသေတ္တာတော်ကို သွင်းထားကြလော့။ နောက်တစ်ဖန် သေတ္တာတော်ကိုမထမ်းဘဲ၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏အမှု၊ ဘုရားသခင်၏လူ ဣသရေလအမျိုး၏အမှုကို ထမ်းကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 အစ္စရေးတစ်မျိုးနွယ်လုံးကို သွန်သင်သောသူများဖြစ်၍ ထာဝရဘုရားအဖို့ သန့်ရှင်းသူများဖြစ်သောလေဝိအမျိုးသားတို့ကိုလည်း “သန့်ရှင်းသောသေတ္တာတော်ကို ဒါဝိဒ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ရှောလမုန်မင်းကြီးတည်ဆောက်ခဲ့သော အိမ်တော်တွင် ထားကြလော့။ သင်တို့ပခုံးဖြင့် ထမ်းသွားစရာမလိုတော့ပေ။ ယခုမှာ သင်တို့၏ဘုရားသခင်ထာဝရဘုရားနှင့် သူ၏လူမျိုးတော်အစ္စရေးတို့အဖို့ အမှုတော်ကိုထမ်းကြပါလော့။ အခန်းကိုကြည့်ပါ။ |
ရှောလမုန်သည်မိမိ၏မိဖုရားဖြစ်သူအီဂျစ် ဘုရင်၏သမီးတော်ကိုဒါဝိဒ်မြို့တော်မှသူ ၏အတွက်ဆောက်လုပ်ထားသောစံနန်းသို့ခေါ် ဆောင်လာတော်မူ၏။ မင်းကြီးက``ပဋိညာဉ်သေတ္တာ တော်ကိန်းဝပ်ဖူးရာအရပ်သည်သန့်ရှင်းမြင့် မြတ်သည်ဖြစ်၍ ထိုအမျိုးသမီးသည်ဣသ ရေလဘုရင်ဒါဝိဒ်၏နန်းတော်တွင်နေထိုင် ရန်မသင့်'' ဟုမိန့်တော်မူ၏။
ထိုနောက်မောရှေကလေဝိအမျိုးသားတို့ အား``ယနေ့တွင်သင်တို့သည်မိမိ၏သား ရင်းညီအစ်ကိုရင်းတို့ကိုသတ်ခြင်းအား ဖြင့်၊ ထာဝရဘုရား၏အမှုတော်ကိုဆောင် ရန်ယဇ်ပုရောဟိတ်များအဖြစ်မိမိတို့ ကိုယ်ကိုဆက်ကပ်ကြပြီ။ ထို့ကြောင့်ထာဝရ ဘုရားသည်သင်တို့အားကောင်းချီးပေး တော်မူပြီ'' ဟုဆို၏။
ဣသရေလအမျိုးသားတို့ထံမှပူဇော် သကာအဖြစ် အာရုန်နှင့်သူ၏သားများ လက်သို့အပ်နှံ၏။ သူတို့သည်ဣသရေလ အမျိုးသားတို့ကိုယ်စားတဲတော်တွင်အမှု ထမ်းရမည်။ ဣသရေလအမျိုးသားတို့ သန့်ရှင်းရာဌာနတော်အနီးသို့ချဉ်းကပ်၍ ဘေးဒဏ်မသင့်စေရန်သူတို့ကကာကွယ် စောင့်ရှောက်ပေးရမည်'' ဟုမိန့်တော်မူ၏။