တရားဟော 33:10 - မြန်မာ့စံမီသမ္မာကျမ်း10 သူတို့သည် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်များကို ယာကုပ်အမျိုးအားလည်းကောင်း၊ ကိုယ်တော်၏တရားတော်ကို အစ္စရေးလူမျိုးအားလည်းကောင်း သွန်သင်ပြသပေးလိမ့်မည်။ သူတို့သည် နံ့သာပေါင်းကို ရှေ့တော်၌လည်းကောင်း၊ တစ်ကောင်လုံးရှို့ရသောယဇ်ကို ယဇ်ပလ္လင်တော်ပေါ်၌လည်းကောင်း ပူဇော်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible10 သူတို့သည်ကိုယ်တော်၏လူမျိုးတော်အား ပညတ်တရားတော်ကိုလိုက်နာရန် သွန်သင်ကြပါမည်။ ပလ္လင်ပေါ်တွင်ယဇ်ပူဇော်ကြပါမည်။ အခန်းကိုကြည့်ပါ။Garrad Bible10 ယာ ကုပ် အ မျိုး အား ဆုံး ဖြတ် တော် မူ ချက် များ ကိုလည်း ကောင်း၊ ဣ သ ရေ လ အ မျိုး အား ပ ညတ် တ ရား တော် ကိုလည်း ကောင်း၊ သွန် သင် ရ သည့် ပြင်၊ မျက် မှောက် တော် တွင် နံ့ သာ ပေါင်း၊ ပူ ဇော် ရာ ပ လ္လင် တော် ပေါ် တွင် မီး ရှို့ ရာ သ က္ကာ များ ကို ဆက် ကပ် လေ့ ရှိ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible10 သူတို့သည် စီရင်တော်မူချက်တို့ကို ယာကုပ်အမျိုး၌လည်းကောင်း၊ တရားတော်ကို ဣသရေလအမျိုး၌လည်းကောင်း သွန်သင်ကြလိမ့်မည်။ မီးရှို့ရာနံ့သာပေါင်းကို ရှေ့တော်၌လည်းကောင်း၊ တစ်ကိုယ်လုံး မီးရှို့ရာယဇ်ကို ယဇ်ပလ္လင်တော်ပေါ်၌လည်းကောင်း တင်ထားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ငါ၏ယဇ်ပလ္လင်ပေါ်သို့တက်ပြီး နံ့သာပေါင်းကိုမီးရှို့ပူဇော်ရန်နှင့် ဧဖုဒ်ကိုဝတ်ဆင်ပြီး ငါ့ရှေ့၌ ခစားရန်အတွက် ငါ၏ယဇ်ပုရောဟိတ်အဖြစ် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ထဲမှ သူတို့ကို ငါရွေးကောက်ခဲ့သည်မဟုတ်လော။ အစ္စရေးအမျိုးသားတို့ မီးဖြင့်ပူဇော်သောယဇ်အလုံးစုံကိုလည်း သင့်ဘိုးဘေး၏အမျိုးအနွယ်အား ငါပေးခဲ့သည်မဟုတ်လော။
ဟေဇကိမင်းကြီးသည်လည်း ထာဝရဘုရား၏အမှုတော်ကို ကောင်းမွန်ကျွမ်းကျင်စွာထမ်းဆောင်သော လေဝိအမျိုးသားအပေါင်းတို့အား အားပေးစကားပြောဆို၏။ ဤသို့ဖြင့် သူတို့သည် ပွဲတော်အစားအစာကို ခုနစ်ရက်ပတ်လုံး စားသောက်လျက်၊ မိတ်သဟာယယဇ်ကိုပူဇော်လျက် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းကြ၏။
ဩဇိမင်းကြီးနှင့်မျက်နှာချင်းဆိုင်လျက် “အရှင်ဩဇိမင်းကြီး၊ ထာဝရဘုရားထံ နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းအမှုသည် အရှင်မင်းကြီးနှင့်မဆိုင်ပါ။ နံ့သာပေါင်းမီးရှို့ပူဇော်ရန် ခန့်အပ်ခြင်းခံရသောအာရုန်နှင့်သူ၏သားစဉ်မြေးဆက်တို့နှင့်သာဆိုင်ပါ၏။ သန့်ရှင်းရာဌာနထဲမှထွက်သွားပါ။ မင်းကြီးသည် သစ္စာမဲ့စွာပြုမိပြီဖြစ်၍ မင်းကြီး၌ ဘုရားသခင်ထာဝရဘုရားထံမှ ဘုန်းအသရေမရှိတော့ပေ”ဟု ဆိုလျှင်
ထို့နောက် မောရှေက အာရုန်အား “မီးကျီးခံဗန်းကိုယူ၍ ယဇ်ပလ္လင်ပေါ်ရှိမီးကို ထိုဗန်းထဲသို့ထည့်ပြီးလျှင် နံ့သာပေါင်းကိုတင်လော့။ လူထုထံသို့အလျင်အမြန်ယူသွား၍ သူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကို ပြုပေးလော့။ ထာဝရဘုရားထံမှ အမျက်တော်ထွက်သဖြင့် ဘေးဒဏ်ကျရောက်စပြုလေပြီ”ဟု ဆို၏။