ကျန်ရှိနေသော ယေဟုမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအမှုများ၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံများကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
၂ ရာချုပ် 35:27 - မြန်မာ့စံမီသမ္မာကျမ်း သူ၏လုပ်ဆောင်မှုအစအဆုံးတို့ကို အစ္စရေးနှင့် ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းများတွင် ရေးမှတ်ထား၏။ Common Language Bible သူ၏အတ္ထုပ္ပတ္တိအစအဆုံးနှင့်သူဆောင် ရွက်ခဲ့သည့်အမှုအရာအလုံးစုံတို့ကို လည်းကောင်းဣသရေလရာဇဝင်တွင်ရေး ထားသတည်း။ Judson Bible အကျင့်ကျင့်ခြင်းအရာ အစအဆုံးတို့သည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ |
ကျန်ရှိနေသော ယေဟုမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအမှုများ၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံများကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော အာခတ်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော ဟေဇကိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ ဘုန်းတန်ခိုးကြီးခဲ့ပုံများ၊ ရေမြောင်းရေကန်ဆောက်လုပ်ခဲ့ပုံ၊ မြို့တွင်းသို့ ရေသွင်းပေးခဲ့ပုံ စသည်တို့ကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော အာမုန်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ရောဗောင်မင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို ပရောဖက်ရှေမာယနှင့် ဗျာဒိတ်ရသူဣဒေါ၏မျိုးရိုးစဉ်ဆက်မှတ်တမ်းတွင် ရေးမှတ်ထား၏။ ရောဗောင်မင်းကြီးနှင့် ယေရောဗောင်မင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။
ကျန်ရှိနေသောယောရှဖတ်မင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင်ပါဝင်သော ဟာနနိ၏သားယေဟု၏မှတ်တမ်းထဲတွင် ရေးမှတ်ထားလျက်ရှိ၏။
သူ့သားတော်များအကြောင်း၊ သူနှင့်ပတ်သက်သောဗျာဒိတ်တော်များအကြောင်း၊ ဘုရားသခင်၏အိမ်တော်ကိုပြုပြင်ခဲ့ပုံအကြောင်းများကို ရှင်ဘုရင်တို့၏ရာဇဝင်မှတ်တမ်းများတွင် ရေးမှတ်ထား၏။ သူ၏သားတော်အာမဇိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ကျန်ရှိနေသော အာမဇိမင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို ယုဒဘုရင်များ၊ အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသောဩဇိမင်းကြီးလက်ထက်အဖြစ်အပျက်အစအဆုံးကို အာမုတ်၏သား ပရောဖက်ဟေရှာယက မှတ်တမ်းတင်ထား၏။
ကျန်ရှိနေသော ဟေဇကိမင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူပြုခဲ့သောကောင်းမှုများကို ယုဒဘုရင်နှင့်အစ္စရေးဘုရင်တို့၏ရာဇဝင်ကျမ်းတွင် ပါဝင်သော အာမုတ်၏သားပရောဖက်ဟေရှာယ၏ဗျာဒိတ်နိမိတ်ကျမ်းတွင် ရေးမှတ်ထား၏။
သူ၏ဆုတောင်းချက်၊ သူ့ကိုဘုရားသခင်နားညောင်းတော်မူခြင်း၊ မိမိကိုယ်ကို မနှိမ့်ချမီ သူသစ္စာမဲ့၍ပြုမိခဲ့သောအပြစ်အားလုံး၊ အထွတ်အမြတ်ထားရာနေရာများတည်ခြင်း၊ အာရှရနတ်ဘုရားမတံခွန်တိုင်နှင့် ရုပ်တုများစိုက်ထူခြင်း စသည်တို့ကို ဟောဇဲ၏မှတ်တမ်းတွင် ရေးမှတ်ထားလျက်ရှိ၏။
ကျန်ရှိနေသောယောရှိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ ထာဝရဘုရား၏ပညတ်တရားကျမ်းတွင် ရေးသားထားသည့်အတိုင်း မေတ္တာဖြင့်လုပ်ဆောင်ခဲ့ပုံ၊
ထို့နောက် ပြည်သူပြည်သားတို့သည် ယောရှိမင်းကြီး၏သားတော်ယောခတ်အား ဂျေရုဆလင်မြို့တွင် ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေ၏။