၂ ရာချုပ် 24:27 - မြန်မာ့စံမီသမ္မာကျမ်း27 သူ့သားတော်များအကြောင်း၊ သူနှင့်ပတ်သက်သောဗျာဒိတ်တော်များအကြောင်း၊ ဘုရားသခင်၏အိမ်တော်ကိုပြုပြင်ခဲ့ပုံအကြောင်းများကို ရှင်ဘုရင်တို့၏ရာဇဝင်မှတ်တမ်းများတွင် ရေးမှတ်ထား၏။ သူ၏သားတော်အာမဇိသည် သူ့အရိုက်အရာကို ဆက်ခံ၏။ အခန်းကိုကြည့်ပါ။Common Language Bible27 ဋ္ဌမ္မရာဇဝင်ကျမ်းတွင်ယောရှ၏သားများ အကြောင်း၊ သူ့အားဆင့်ဆိုသည့်ဗျာဒိတ် တော်များအကြောင်း၊ ဗိမာန်တော်ကိုသူ ပြန်လည်တည်ဆောက်ခြင်းအကြောင်းများ ပါရှိ၏။ သားတော်အာမဇိသည်သူ၏ အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible27 ယော ရှ မင်း၏ သား တော် တို့ နှင့်၊ ကြီး လေး စွာ ခံ ရ သော ဗျာ ဒိတ်၊ ဗိ မာန် တော် ထေး ဖာ သော အ မှု များ သည်၊ ရာဇ ဝင် ဋီ ကာ တွင် ရေး ထား လျက် ရှိ ၏။ သား တော် အ မ ဇိ သည်၊ အ ရိုက် အ ရာ၌ နန်း စံ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible27 ယောရှသည် သားရှိခြင်းအရာ၊ လေးသောအမှုကို ထမ်းခြင်းအရာ၊ ဗိမာန်တော်ကို ပြုပြင်ခြင်းအရာတို့သည် ရာဇဝင်နှင့် ဆက်သောစာ၌ ရေးထားလျက်ရှိ၏။ သားတော်အာမဇိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်နှင့်ယောယဒသည် ထိုငွေတို့ကို ထာဝရဘုရား၏အိမ်တော်အမှုကိုဆောင်ရွက်သူတို့လက်သို့အပ်၏။ သူတို့က ထာဝရဘုရား၏အိမ်တော်ကို ပြုပြင်ရန်အတွက် ကျောက်ဆစ်သမား၊ လက်သမားတို့ကို ငှား၏။ ထို့အတူ ထာဝရဘုရား၏အိမ်တော်ကို ပြုပြင်ရန်အတွက် သံ၊ ကြေးနီတို့ကိုသွန်းလုပ်တတ်သောပန်းပဲသမားတို့ကို ငှား၏။
ထိုအခါ ယုဒဘုရင်ယဟောရှမင်းကြီးသည် ဘိုးဘေးများဖြစ်သော ယုဒဘုရင်ယောရှဖတ်မင်းကြီး၊ ယဟောရံမင်းကြီး၊ အာခဇိမင်းကြီးတို့ ဆက်ကပ်ခဲ့သောသန့်ရှင်းသောအလှူများနှင့် သူကိုယ်တိုင်လှူထားသောသန့်ရှင်းသောအလှူပစ္စည်းများအားလုံး၊ ထာဝရဘုရား၏အိမ်တော်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာတိုက်တို့တွင်ရှိသော ရွှေအားလုံးကို ဆီးရီးယားဘုရင်ဟာဇေလမင်းကြီးထံ ပို့လိုက်၏။ ထိုအခါ ဟာဇေလမင်းကြီးသည် ဂျေရုဆလင်မြို့မှ ပြန်လည်ဆုတ်ခွာသွားလေ၏။