လောတသည်လည်း သွား၍ သမီးတို့နှင့်စုံဖက်မည့် မိမိသမက်တို့အား “ထကြ၊ ဤအရပ်မှထွက်သွားကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ဤမြို့ကိုဖျက်ဆီးတော့မည်”ဟု ဆိုလေ၏။ သို့သော် သူ၏သမက်တို့က ရယ်စရာပြောသည်ဟူ၍သာ ထင်မှတ်ကြ၏။
၂ ရာချုပ် 30:10 - မြန်မာ့စံမီသမ္မာကျမ်း ဆက်သားတို့သည် ဧဖရိမ်နယ်၊ မနာရှေနယ်၊ ဇာဗုလုန်နယ်တို့အထိ တစ်မြို့ပြီးတစ်မြို့ သွားကြ၏။ သို့သော် လူတို့သည် သူတို့ကို ကဲ့ရဲ့လှောင်ပြောင်ကြ၏။ Common Language Bible စေတမန်တို့သည်ဧဖရိမ်နှင့်မနာရှေအနွယ် များ၏နယ်မြေများမြို့ရှိသမျှနှင့် မြောက်ဘက် ဇာဗုလုန်နယ်မြေသို့သွားရောက်ကြသော်လည်း လူတို့သည်သူတို့အားပြက်ရယ်ပြုကာပြောင် လှောင်ကြလေသည်။- Garrad Bible ခြေ လျင် တော် တို့ သည်၊ ဧ ဖ ရိမ်၊ မ နာ ရှေ နယ် တစ် လျှောက် မှ စ၍ ဇာ ဗု လုန် နယ် တိုင် အောင်၊ တစ် မြို့ မှ တစ် မြို့ သို့ သွား ရောက် ကြ ရာ၊ ပြည် သူ ပြည် သား တို့ ပြက် ရယ် ပြု၍ ကဲ့ ရဲ့ ကြ သော် လည်း၊ Judson Bible စာပို့လုလင်တို့သည် ဧဖရိမ်ခရိုင်၊ မနာရှေခရိုင် တစ်လျှောက်လုံး၊ ဇာဗုလုန်ခရိုင်တိုင်အောင် တစ်မြို့မှ တစ်မြို့သို့ ပြေးကြ၏။ ပြည်သားတို့သည် ပြက်ရယ်ပြု၍ ကဲ့ရဲ့ကြ၏။ |
လောတသည်လည်း သွား၍ သမီးတို့နှင့်စုံဖက်မည့် မိမိသမက်တို့အား “ထကြ၊ ဤအရပ်မှထွက်သွားကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ဤမြို့ကိုဖျက်ဆီးတော့မည်”ဟု ဆိုလေ၏။ သို့သော် သူ၏သမက်တို့က ရယ်စရာပြောသည်ဟူ၍သာ ထင်မှတ်ကြ၏။
ဆက်သားတို့သည် ရှင်ဘုရင်နှင့်မှူးမတ်တို့ထံမှ စာကိုယူ၍ အစ္စရေးပြည်နှင့်ယုဒပြည်တစ်လျှောက်လုံးသို့သွား၏။ ရှင်ဘုရင်၏အမိန့်တော်စာတွင် “အို အစ္စရေးအမျိုးသားတို့၊ အာဗြဟံ၊ ဣဇက်နှင့် အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားထံ ပြန်လာကြလော့။ သို့မှ အဆီးရီးယားဘုရင်တို့လက်မှလွတ်မြောက်၍ ကြွင်းကျန်သောသင်တို့ထံသို့ ကိုယ်တော်ပြန်လာတော်မူမည်။
သူတို့သည် ယဇ်ပုရောဟိတ်မင်းဟိလခိထံသွားပြီး ဘုရားသခင်၏အိမ်တော်အတွက် ယူဆောင်လာသောငွေကို ပေးအပ်၏။ ထိုငွေတို့သည် မနာရှေအမျိုး၊ ဧဖရိမ်အမျိုးတို့မှစ၍ ကြွင်းကျန်သောအစ္စရေးလူမျိုးအားလုံး၊ ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးအားလုံးနှင့် ဂျေရုဆလင်မြို့သားတို့ထံမှ လေဝိအမျိုးတံခါးစောင့်တို့ကောက်ခံရရှိသောငွေများ ဖြစ်၏။
သို့သော် လူမျိုးတော်အပေါ် ထာဝရဘုရားအမျက်တော်ထွက်၍ ချမ်းသာမပေးနိုင်သည့်တိုင်အောင် သူတို့သည် ဘုရားသခင်စေလွှတ်သောတမန်များကို လှောင်ပြောင်ကြ၏။ စကားတော်ကို မထီမဲ့မြင်ပြုကြ၏။ ပရောဖက်တို့ကို ပြက်ရယ်ပြုကြ၏။
ထိုအကြောင်းကို ဟောရနိလူမျိုးသမ္ဘာလတ်၊ အမ္မုန်လူမျိုး အမှုထမ်းတောဘိနှင့် အာရပ်လူမျိုးဂေရှင်တို့ ကြားသောအခါ သူတို့သည် ငါတို့ကို ပြက်ရယ်ပြုလှောင်ပြောင်ကာ “သင်တို့ မည်သည့်အမှုကိုပြုကြသနည်း။ ရှင်ဘုရင်ကို ပုန်ကန်ကြပြီလော”ဟု ဆိုကြ၏။
ထိုစာကို ခြေမြန်တော်များဖြင့် ရှင်ဘုရင်ပိုင်နယ်မြေဒေသအသီးသီးသို့ ပေးပို့လိုက်၏။ ထိုစာတွင် အာဒါဟုခေါ်သော တစ်ဆယ့်နှစ်လ၊ တစ်ဆယ့်သုံးရက် တစ်နေ့ချင်းတွင် ဂျူးလူမျိုးလူကြီးလူငယ်၊ မိန်းမနှင့်ကလေးပါမကျန် အားလုံးသုတ်သင်သတ်ဖြတ်ပြီး သူတို့၏စည်းစိမ်ဥစ္စာတို့ကိုသိမ်းယူရမည်ဟု ပါရှိ၏။
ဘုရင့်အမိန့်တော်အတိုင်း ခြေမြန်တော်တို့သည် အလျင်အမြန်ထွက်သွားကြ၏။ ထိုအမိန့်စာကို ရှုရှန်နန်းတော်တွင် ထုတ်ပြန်ကြေညာ၏။ ထိုစဉ် ရှင်ဘုရင်နှင့်ဟာမန်တို့သည် ထိုင်၍စားသောက်လျက်နေ၏။ ရှုရှန်မြို့ထဲတွင်မူကား ရုတ်ရုတ်သဲသဲဖြစ်နေ၏။
ထိုစာကို အာရွှေရုမင်းကြီး၏နာမည်နှင့် ရေးသား၍ ဘုရင်၏တံဆိပ်တုံးလက်စွပ်နှင့် ခတ်နှိပ်ပြီးလျှင် ခြေမြန်တော်တို့အား ဘုရင့်မြင်းဇောင်းတွင်မွေးထားသော၊ အပြေးမြန်သောမြင်းတို့ကိုစီးစေ၍ ပေးပို့စေ၏။
ရှင်ဘုရင်၏အမိန့်တော်အတိုင်း ခြေမြန်တော်တို့သည် တော်ဝင်မြင်းများကို ဒုန်းစိုင်းစီးထွက်သွားကြ၏။ ထိုအမိန့်စာကို ရှုရှန်နန်းတော်တွင်လည်း ကြေညာ၏။
ယခုမှာ ငါသည် မိတ်ဆွေတို့ ပြက်ရယ်ပြုစရာအကြောင်း ဖြစ်ရလေပြီ။ ဘုရားသခင်ကိုခေါ်လျှင် ဘုရားသခင်ထူးသောသူ၊ အပြစ်တင်စရာမရှိ ဖြောင့်မတ်သောသူသည် ပြက်ရယ်ပြုစရာ ဖြစ်ရလေပြီတကား။
ငါ၏နေ့ရက်တို့သည် အပြေးသမားထက်ပင် လျင်မြန်၏။ မည်သည့်ကောင်းကျိုးချမ်းသာကိုမျှမတွေ့မမြင်ရဘဲ ကုန်လွန်သွားကြ၏။
ဇေဒကိမင်းကြီးကလည်း ယေရမိအား “ခါလဒဲလူမျိုးတို့ဘက်သို့ရောက်သွားသော ဂျူးလူမျိုးတို့ကို ငါကြောက်၏။ ငါ့ကို သူတို့လက်သို့အပ်ကြ၍ ငါသည် အညှဉ်းဆဲခံရလိမ့်မည်”ဟု မိန့်ဆို၏။
ငွေကိုတပ်မက်သောဖာရိရှဲတို့သည် ဤအရာအားလုံးကိုကြားလျှင် ကိုယ်တော်ကိုပြက်ရယ်ပြုကြ၏။
လူတို့သည်ရပ်လျက်ကြည့်နေကြ၏။ အကြီးအကဲတို့မူကား ကိုယ်တော်ကိုပြက်ရယ်ပြု၍ “ဤသူသည် အခြားသူများကိုကယ်တင်ခဲ့၏။ သူသည် ဘုရားသခင်ရွေးကောက်တော်မူသောခရစ်တော်ဖြစ်လျှင် မိမိကိုယ်ကိုကယ်တင်ပါစေ”ဟု ပြောဆိုကြ၏။
သူတို့သည် သူငယ်မ သေဆုံးပြီဖြစ်ကြောင်း သိကြသည်ဖြစ်၍ ကိုယ်တော်ကိုလှောင်ပြောင်ရယ်မောကြ၏။
သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကြားကြသောအခါ အချို့သောသူတို့သည် ကဲ့ရဲ့ကြ၏။ အချို့သောသူတို့ကမူ “ဤအကြောင်းနှင့်ပတ်သက်၍ သင့်ထံမှ နောက်တစ်ဖန် နားထောင်ဦးမည်”ဟု ဆိုကြ၏။
အချို့သောသူတို့မူကား ကဲ့ရဲ့ခြင်း၊ ကြိမ်ဒဏ်ပေးခြင်းတို့ကိုခံရသည်သာမက ထောင်ထဲ၌ချုပ်နှောင်ထားခြင်းကိုလည်းခံခဲ့ကြရ၏။