ဩဇိမင်းကြီးသည် ဂျေရုဆလင်မြို့ ထောင့်တံခါး၊ ချိုင့်ဝှမ်းလွင်ပြင်တံခါး၊ မြို့ရိုးထောင့်တို့တွင် ရဲတိုက်များကို အခိုင်အခံ့တည်ဆောက်၏။
သြဇိသည်မြို့ရိုးထောင့်တံခါး၊ ချိုင့်တံခါးနှင့် မြို့ရိုးထောင့်ထိပ်တို့တွင်မျှော်စင်များကိုတည် ဆောက်ခြင်းအားဖြင့် ယေရုရှလင်ကိုခိုင်ခံ့ အောင်ပြုတော်မူ၏။-
ဩ ဇိ မင်း သည်၊ ယေ ရု ရှ လင် မြို့ ရိုး ထောင့် တံ ခါး၊ ချိုင့် တံ ခါး၊ မြို့ ရိုး ထောင့် ထိပ် တွင် ခိုင် ခံ့ သော ပြ အိုး များ ကို တည် ဆောက် လျက်၊
ဩဇိမင်းသည် ယေရုရှလင်မြို့ထောင့်တံခါး၊ ချိုင့်တံခါး၊ မြို့ရိုးကွေ့တံခါး၌ ရဲတိုက်တို့ကို တည်၍ခိုင်ခံ့စေ၏။
ထိုအခါ အစ္စရေးဘုရင်ယဟောရှမင်းကြီးသည် အာခဇိမင်းကြီး၏မြေး၊ ယဟောရှမင်းကြီး၏သား ယုဒဘုရင်အာမဇိမင်းကြီးကို ဗက်ရှေမက်မြို့တွင် ဖမ်းမိ၏။ ထို့နောက် ဂျေရုဆလင်မြို့သို့သွားပြီးလျှင် ဂျေရုဆလင်မြို့ရိုးကို ဧဖရိမ်တံခါးမှထောင့်တံခါးတိုင်အောင် အတောင်လေးရာဖြိုချပစ်ပြီး
ထိုအခါ အစ္စရေးဘုရင်ယောရှမင်းကြီးသည် ယောခတ်မင်းကြီး၏မြေး၊ ယောရှမင်းကြီး၏သား ယုဒဘုရင်အာမဇိမင်းကြီးကို ဗက်ရှေမက်မြို့တွင် ဖမ်းမိပြီး ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာ၏။ ထို့နောက် ဂျေရုဆလင်မြို့ရိုးကို ဧဖရိမ်တံခါးမှထောင့်တံခါးတိုင်အောင် အတောင်လေးရာဖြိုချပစ်ပြီး
ထိုညအချိန်တွင်ပင် ချိုင့်ဝှမ်းလွင်ပြင်တံခါးမှထွက်၍ မြွေနဂါးရေတွင်းနှင့်မျက်နှာချင်းဆိုင် နောက်ချေးပုံတံခါးသို့သွားပြီး ပြိုပျက်သွားသောဂျေရုဆလင်မြို့ရိုးနှင့် မီးလောင်ကျွမ်းသွားသောတံခါးများကို ကြည့်ရှုစစ်ဆေး၏။
ထို့ကြောင့် ထိုည၌ပင် ချောင်းနားသို့သွား၍ မြို့ရိုးကို ကြည့်ရှုစစ်ဆေးပြီးလျှင် ပြန်လှည့်လာပြီး ချိုင့်ဝှမ်းလွင်ပြင်တံခါးမှ ပြန်ဝင်လာခဲ့၏။
ဟာနုန်နှင့် ဇာနောမြို့သားတို့သည် ချိုင့်ဝှမ်းတံခါးကို ပြန်လည်ပြုပြင်တည်ဆောက်ကြ၏။ တံခါးရွက်၊ မင်းတုပ်၊ ကန့်လန့်ကျင်များကို တပ်ဆင်ကြ၏။ နောက်ချေးပုံတံခါးတိုင်အောင် မြို့ရိုးအတောင်တစ်ထောင်ကို ပြုပြင်ကြ၏။
သူ၏ဘေးတွင် ဟေနဒဒ်၏သားဗိနွိသည် နောက်တစ်ပိုင်းဖြစ်သော အာဇရိအိမ်မှကွေ့၍ ထောင့်ချိုးအထိ ပြုပြင်၏။
ထိုအထက်ခန်းမြို့ရိုးထောင့်မှ သိုးတံခါးအထိကို ပန်းထိမ်သမားများနှင့် ကုန်သည်များ ပြုပြင်ကြ၏။
ထာဝရဘုရားက “ကြည့်ရှုလော့။ ဟာနနေလရဲတိုက်မှ မြို့ထောင့်တံခါးအထိ ထာဝရဘုရားအတွက် မြို့တော်ကို ပြန်လည်တည်ဆောက်ရမည့်အချိန် ရောက်လာလိမ့်မည်။
ဂေဗမြို့မှဂျေရုဆလင်မြို့တောင်ဘက် ရိမ္မုန်မြို့တိုင်အောင် မြေတစ်ပြင်လုံးသည် လွင်ပြင်ဖြစ်လိမ့်မည်။ ဂျေရုဆလင်မြို့ကား မြှင့်တင်ခြင်းကိုခံရ၍ ဗင်္ယာမိန်တံခါးမှ မြို့တံခါးဟောင်းနေရာမြို့ထောင့်တံခါးအထိလည်းကောင်း၊ ရှိဟာနနေလမျှော်စင်မှသည် တော်ဝင်စပျစ်သီးနယ်ရာကျင်းအထိလည်းကောင်း ယခင်နေရာ၌ တည်ရှိလိမ့်မည်။