၄ ရာ 14:13 - မြန်မာ့စံမီသမ္မာကျမ်း13 ထိုအခါ အစ္စရေးဘုရင်ယဟောရှမင်းကြီးသည် အာခဇိမင်းကြီး၏မြေး၊ ယဟောရှမင်းကြီး၏သား ယုဒဘုရင်အာမဇိမင်းကြီးကို ဗက်ရှေမက်မြို့တွင် ဖမ်းမိ၏။ ထို့နောက် ဂျေရုဆလင်မြို့သို့သွားပြီးလျှင် ဂျေရုဆလင်မြို့ရိုးကို ဧဖရိမ်တံခါးမှထောင့်တံခါးတိုင်အောင် အတောင်လေးရာဖြိုချပစ်ပြီး အခန်းကိုကြည့်ပါ။Common Language Bible13 ယဟောရှသည်အာမဇိကိုဖမ်းဆီးကာ ယေရု ရှလင်မြို့သို့ချီတက်၍မြို့ရိုးပေခြောက်ရာ ကိုဧဖရိမ်တံခါးမှထောင့်တံခါးတိုင်အောင် ဖြိုချလိုက်၏။- အခန်းကိုကြည့်ပါ။Garrad Bible13 ဣ သ ရေ လ ဘု ရင် ယ ဟော ရှ မင်း သည် အာ ခ ဇိ မင်း မြေး တော်၊ ယော ရှ မင်း သား တော်၊ ယု ဒ ဘု ရင် အာ မ ဇိ မင်း ကို ဗက် ရှေ မက် မြို့ တွင် ဖမ်း မိ၏။ ယေ ရု ရှ လင် မြို့ သို့ ချီ သွား လျက် ဧ ဖ ရိမ် တံ ခါး မှ ထောင့် တံ ခါး တိုင် အောင် မြို့ ရိုး အ တောင် လေး ရာ ကို ဖြို ဖျက် ပြီး လျှင် အခန်းကိုကြည့်ပါ။Judson Bible13 ဣသရေလရှင်ဘုရင် ယဟောရှသည်၊ ယုဒရှင်ဘုရင်အာခဇိသားဖြစ်သော ယောရှ၏သားအာမဇိကို ဗက်ရှေမက်မြို့မှာ ဖမ်းမိ၍၊ ယေရုရှလင်မြို့သို့ သွားပြီးလျှင် ယေရုရှလင်မြို့ရိုး အတောင်လေးရာကို ဧဖရိမ်တံခါးမှသည် ထောင့်တံခါးတိုင်အောင် ဖြိုဖျက်လေ၏။ အခန်းကိုကြည့်ပါ။ |
နှစ်လည်သောအခါ နေဗုခဒ်နေဇာမင်းကြီးသည် ရဲမက်များကိုစေလွှတ်၍ ယောယခိမ်မင်းကြီးကို ဘေဘီလုံမြို့သို့ ခေါ်ဆောင်လာစေ၏။ ထာဝရဘုရား၏အိမ်တော်မှအဖိုးတန်အသုံးအဆောင်များကိုလည်း သိမ်းယူလာစေ၏။ ထို့ပြင် ယောယခိမ်မင်းကြီး၏ညီတော်ဇေဒကိကို မင်းမြှောက်ပြီး ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ကို အုပ်စိုးစေ၏။
ယခုတွင် ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရင်ကို ချီးမွမ်းထောမနာပြုပါ၏၊ ချီးမြှောက်ပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုသည် သစ္စာတော်နှင့်ပြည့်စုံတော်မူပါ၏။ ကိုယ်တော်၏နည်းလမ်းတော်တို့သည် တရားမျှတတော်မူ၏။ ကိုယ်တော်သည် မာနထောင်လွှားသောသူတို့ကို နှိမ့်ချနိုင်စွမ်းရှိတော်မူပါ၏။
ဂေဗမြို့မှဂျေရုဆလင်မြို့တောင်ဘက် ရိမ္မုန်မြို့တိုင်အောင် မြေတစ်ပြင်လုံးသည် လွင်ပြင်ဖြစ်လိမ့်မည်။ ဂျေရုဆလင်မြို့ကား မြှင့်တင်ခြင်းကိုခံရ၍ ဗင်္ယာမိန်တံခါးမှ မြို့တံခါးဟောင်းနေရာမြို့ထောင့်တံခါးအထိလည်းကောင်း၊ ရှိဟာနနေလမျှော်စင်မှသည် တော်ဝင်စပျစ်သီးနယ်ရာကျင်းအထိလည်းကောင်း ယခင်နေရာ၌ တည်ရှိလိမ့်မည်။