၂ ရာချုပ် 26:9 - Common Language Bible9 သြဇိသည်မြို့ရိုးထောင့်တံခါး၊ ချိုင့်တံခါးနှင့် မြို့ရိုးထောင့်ထိပ်တို့တွင်မျှော်စင်များကိုတည် ဆောက်ခြင်းအားဖြင့် ယေရုရှလင်ကိုခိုင်ခံ့ အောင်ပြုတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible9 ဩ ဇိ မင်း သည်၊ ယေ ရု ရှ လင် မြို့ ရိုး ထောင့် တံ ခါး၊ ချိုင့် တံ ခါး၊ မြို့ ရိုး ထောင့် ထိပ် တွင် ခိုင် ခံ့ သော ပြ အိုး များ ကို တည် ဆောက် လျက်၊ အခန်းကိုကြည့်ပါ။Judson Bible9 ဩဇိမင်းသည် ယေရုရှလင်မြို့ထောင့်တံခါး၊ ချိုင့်တံခါး၊ မြို့ရိုးကွေ့တံခါး၌ ရဲတိုက်တို့ကို တည်၍ခိုင်ခံ့စေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ဩဇိမင်းကြီးသည် ဂျေရုဆလင်မြို့ ထောင့်တံခါး၊ ချိုင့်ဝှမ်းလွင်ပြင်တံခါး၊ မြို့ရိုးထောင့်တို့တွင် ရဲတိုက်များကို အခိုင်အခံ့တည်ဆောက်၏။ အခန်းကိုကြည့်ပါ။ |
ငါတို့သည်အနောက်ဘက်ရှိချိုင့်တံခါး မှထွက်၍ တောင်ဘက်နဂါးစမ်းတွင်းကိုဖြတ် ကာအမှိုက်ပုံတံခါးတိုင်အောင်လျှောက်သွား ကြ၏။ ထိုအခါ၌မိုးမလင်းသေးပေ။ ငါ သည်ဤသို့သွားရောက်လျက်ပြိုကျနေသော မြို့ရိုးများနှင့်မီးလောင်ပျက်စီးသွားသည့် မြို့တံခါးများကိုစစ်ဆေးကြည့်ရှု၏။-
မြောက်ဘက်ရှိဂေဘမြို့မှသည် တောင်ဘက်ရှိ ရိမ္မုန်မြို့တိုင်အောင်ယေရုရှလင်မြို့ပတ်ဝန်း ကျင်မှ မြေများကိုညီညာအောင်ညှိရကြ လိမ့်မည်။ ယေရုရှလင်မြို့သည်လည်းပတ် ဝန်းကျင်မြေများ၏အထက်တွင်မိုး၍နေ လိမ့်မည်။ ဤမြို့သည်ဗင်္ယာမိန်တံခါးမှသည် တံခါးဟောင်းရှိခဲ့ဖူးသည့်မြို့ထောင့်တံခါး တိုင်အောင်လည်းကောင်း၊ ဟာနနေလရဲတိုက် မှသည်နန်းတော်စပျစ်သီးနယ်ရာကျင်း များတိုင်အောင်လည်းကောင်းတည်ရှိလိမ့်မည်။-