သို့သော် ထာဝရဘုရားသည် ဒါဝိဒ်မင်းကြီးနှင့်ပြုထားသောပဋိညာဉ်ကိုထောက်၍ သူနှင့်သူ့သားမြေးတို့၏မီးခွက်ကို အစဉ်ထွန်းလင်းစေမည်ဟု ကတိထားသည်နှင့်အညီ ဒါဝိဒ်မင်းမျိုးမင်းနွယ်ကိုဖျက်ဆီးရန် အလိုတော်မရှိပေ။
သို့ရာတွင်ထာဝရဘုရားသည်ဒါဝိဒ်နှင့် ပဋိညာဉ်ပြုတော်မူ၍ သူ၏အမျိုးမင်းရိုး မပြတ်စေရန်ကတိထားတော်မူခဲ့သဖြင့် ဒါဝိဒ်မင်းဆက်ပျက်သုဉ်းသွားစေရန် အလိုတော်မရှိချေ။
သို့ ရာ တွင်၊ ထာ ဝ ရ ဘု ရား သည်၊ ဒါ ဝိဒ် နှင့် သား စဉ် မြေး ဆက် တို့ အ လင်း မ ကွယ် စေ ရ ဟု က တိ ထား လျက် ဖွဲ့ တော် မူ ခဲ့ သော ပ ဋိ ညာဉ် ကို ထောက် ထား ၍၊ ထို မင်း မျိုး ကို ဖျက် ပယ် ရန် အ လို တော် မ ရှိ ချေ။
သို့ရာတွင် ထာဝရဘုရားသည် ဒါဝိဒ်အစရှိသော သားမြေးတို့၏မီးခွက်ကို အစဉ်ထွန်းလင်းစေမည်ဟု ကတိတော်ရှိ၍၊ ဒါဝိဒ်နှင့် ပဋိညာဉ်ဖွဲ့တော်မူသောကြောင့်၊ သူ၏အမျိုးကို မဖျက်ဆီးဘဲ ထားတော်မူ၏။
ထိုအခါ ဇေရုယာ၏သား အဘိရှဲသည် ဒါဝိဒ်မင်းကြီးကိုလာကူပြီး ထိုဖိလိတ္တိသူရဲကို တိုက်ခိုက်သတ်ဖြတ်လိုက်လေ၏။ ထို့နောက် ဒါဝိဒ်မင်းကြီး၏စစ်သည်တို့က သူ့အား “အစ္စရေးလူမျိုး၏ဆီမီး ငြိမ်းမသွားစေရန် နောက်နောင် အကျွန်ုပ်တို့နှင့်အတူ စစ်ပွဲရှိရာသို့ မလိုက်ပါနှင့်တော့”ဟု ဆိုလျက် ဒါဝိဒ်မင်းကြီးအား ကျိန်ဆိုစေ၏။
အကယ်စင်စစ် ငါ၏အမျိုးအနွယ်သည် ဘုရားသခင်ရှေ့တော်၌ ထိုသို့ဖြစ်သည်မဟုတ်လော။ ကိုယ်တော်သည် ထာဝရပဋိညာဉ်ကို ငါနှင့် ဖွဲ့တော်မူသည်မဟုတ်လော။ အလုံးစုံကို စီရင်တော်မူပြီဖြစ်၍ စိတ်ချလုံခြုံရပါ၏။ ငါ့ကို အကြွင်းမဲ့ကယ်တင်တော်မူပြီ။ အလုံးစုံသောဆန္ဒတို့ကို ဖြည့်ဆည်းပေးတော်မူပြီ။
သို့သော် ငါ့အစေအပါးဒါဝိဒ်မင်းကြီးနှင့် ငါရွေးချယ်သောဂျေရုဆလင်မြို့ကိုထောက်ထား၍ နိုင်ငံတစ်ခုလုံးကိုမရုပ်သိမ်းဘဲ မျိုးနွယ်တစ်နွယ်ကို သင့်သားအား ငါပေးထားမည်”ဟု မိန့်တော်မူ၏။
ငါ့နာမတည်ရန် ငါ့အဖို့ ငါရွေးချယ်ရာနေရာ ဂျေရုဆလင်မြို့တွင် ငါ့အစေအပါး ဒါဝိဒ်မင်းကြီး၏မီးခွက်သည် ငါ့ရှေ့မှောက်တွင် အစဉ်အမြဲလင်းနေစေရန် ရှောလမုန်မင်းကြီး၏သားတော်ကို မျိုးနွယ်တစ်နွယ် ငါပေးမည်။
သို့သော် သူ၏ဘုရားသခင်ထာဝရဘုရားသည် ဒါဝိဒ်မင်းကြီးကိုထောက်ထား၍ ဂျေရုဆလင်မြို့တွင် ဒါဝိဒ်မင်းကြီး၏မီးခွက်ဆက်လက်လင်းနေစေရန် သူ၏သားတော်အား သူ၏အရိုက်အရာကိုဆက်ခံစေသည့်အပြင် ဂျေရုဆလင်မြို့ကိုလည်း တည်မြဲစေခဲ့၏။
သို့သော် ထာဝရဘုရားသည် မိမိ၏အစေအပါးဒါဝိဒ်မင်းကြီးကိုထောက်၍ သူနှင့် သူ့သားမြေးတို့၏မီးခွက်ကို အစဉ်ထွန်းလင်းစေမည်ဟု ကတိထားသည်နှင့်အညီ ယုဒပြည်ကို ဖျက်ဆီးရန် အလိုတော်မရှိပေ။
ယောရံမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်လေ၏။ သူ့ကို ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာခဇိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
သို့သော် ယဟောရံမင်းကြီး၏သမီးတော်ယောရှေဘသည် အာခဇိမင်းကြီး၏သားတော်ယောရှကို အသတ်ခံရမည့်ဘုရင့်သားတော်များထဲမှ ခိုးယူ၍ အထိန်းတော်နှင့်အတူ အတွင်းခန်းထဲတွင်ထည့်ထား၏။ ဤသို့ ယဟောရံမင်းကြီး၏သမီးတော် ယဇ်ပုရောဟိတ်ယောယဒ၏မယား အာခဇိမင်းကြီး၏နှမတော်ဖြစ်သောယောရှေဘသည် ယောရှကိုဝှက်ထားသဖြင့် အာသလိရန်မှ ကင်း၍ အသတ်မခံရတော့ပေ။
ထို့နောက် ဘုရားသခင်၏အိမ်တော်တွင် လူထုတစ်ရပ်လုံးသည် ရှင်ဘုရင်နှင့် ကတိသစ္စာပြုကြပြီး ယောယဒက “ဒါဝိဒ်မင်းကြီး၏သားမြေးတို့နှင့်ပတ်သက်၍ ထာဝရဘုရား ကတိထားခဲ့သည့်အတိုင်း ရှင်ဘုရင်၏သားတော်သည် အုပ်စိုးရလိမ့်မည်။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏အစေအပါး အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘ငါ့ရှေ့မှောက်၌ သင်အသက်ရှင်လျှောက်လှမ်းခဲ့သည့်နည်းတူ သင့်သားမြေးတို့သည်လည်း ငါ့ပညတ်တရားအတိုင်း တည်ကြည်စွာအသက်ရှင်လျှောက်လှမ်းလျှင် သင့်မျိုးရိုးသည် ငါ့ရှေ့မှောက် အစ္စရေးရာဇပလ္လင်တွင် မပြတ်စံမြန်းရလိမ့်မည်’ဟု မိန့်ဆိုခဲ့သည့်စကားကို တည်စေတော်မူပါ။
ထာဝရဘုရားသည် ဒါဝိဒ်အား သစ္စာနှင့်ကျိန်ဆိုပြီး ပြန်လည်ရုပ်သိမ်းတော်မူမည်မဟုတ်သောစကားမှာ “ငါသည် သင်မှပေါက်ဖွားသောရင်သွေးတစ်ဦးကို သင်၏ရာဇပလ္လင်ပေါ်ထိုင်စေမည်။
ကိုယ်တော်၏အစေအပါးနှင့်ဖွဲ့တော်မူသော ပဋိညာဉ်ကိုပယ်ဖျက်၍ သူ၏ဘုန်းသရဖူကို မြေတိုင်အောင်ရှုတ်ချတော်မူပြီ။
မိမိ၏ရှေးသန့်ရှင်းသောပရောဖက်များ၏နှုတ်အားဖြင့် မိန့်တော်မူခဲ့သည့်အတိုင်း ငါတို့အတွက် ကယ်တင်ခြင်းဦးချိုကို ကိုယ်တော်၏အစေခံဒါဝိဒ်အမျိုးအနွယ်တွင် ပေါ်ထွန်းစေတော်မူပြီ။
မှောင်မိုက်နှင့် သေခြင်း၏အရိပ်ထဲတွင်နေထိုင်သောသူတို့အပေါ် ထွန်းလင်းကာ ငါတို့၏ခြေကို ငြိမ်သက်ခြင်းလမ်းထဲသို့ပို့ဆောင်တော်မူ၏”ဟု ဆိုလေ၏။