တစ်ဖန် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်တော်မူ၍ ဒါဝိဒ်မင်းကြီး၏စိတ်ကိုနှိုးဆော်သဖြင့် ဒါဝိဒ်မင်းကြီးက လူတို့အား “အစ္စရေးအမျိုးသားနှင့် ယုဒအမျိုးသားတို့ကို သွား၍စာရင်းယူလော့”ဟု ဆို၏။
၂ ရာချုပ် 21:16 - မြန်မာ့စံမီသမ္မာကျမ်း အီသီယိုးပီးယားပြည်နားရှိ အာရပ်လူမျိုး၊ ဖိလိတ္တိလူမျိုးတို့သည် ယဟောရံမင်းကြီးအား တိုက်ခိုက်လာအောင် သူတို့စိတ်ကို ထာဝရဘုရားနှိုးဆော်တော်မူ၏။ Common Language Bible ပင်လယ်ကမ်းခြေတွင်အခြေစိုက်နေထိုင် ကြသောဆူဒန်အမျိုးသားတို့အနီးတွင် ဖိလိတ္တိအမျိုးသားနှင့်အာရပ်အမျိုးသား အချို့တို့သည်နေထိုင်ကြ၏။ ထာဝရဘုရား သည်ဤသူတို့ကိုယဟောရံအားတိုက် ခိုက်စေတော်မူ၏။- Garrad Bible ထာ ဝ ရ ဘု ရား လည်း၊ ဖိ လိ တ္တိ လူ မျိုး နှင့် ကု ရှ ပြည် အ နီး နေ သော အာ ရပ် လူ မျိုး တို့ စိတ် ကို၊ ယ ဟော ရံ မင်း တစ် ဘက် ထ ကြွ စေ တော် မူ သည့် အ တိုင်း၊ Judson Bible ထိုနောက်မှ၊ ထာဝရဘုရားသည် ဖိလိတ္တိလူ၊ ကုရှပြည်နှင့်နီးသော အာရပ်လူတို့ကို၊ ယဟောရံမင်းတစ်ဖက် နှိုးဆော်တော်မူသဖြင့်၊ |
တစ်ဖန် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်တော်မူ၍ ဒါဝိဒ်မင်းကြီး၏စိတ်ကိုနှိုးဆော်သဖြင့် ဒါဝိဒ်မင်းကြီးက လူတို့အား “အစ္စရေးအမျိုးသားနှင့် ယုဒအမျိုးသားတို့ကို သွား၍စာရင်းယူလော့”ဟု ဆို၏။
ထို့ကြောင့် ထာဝရဘုရားက ရှောလမုန်မင်းကြီးအား “သင်သည် ဤသို့ပြု၍ ငါနှင့်ဖွဲ့သောပဋိညာဉ်၊ ငါမိန့်မှာထားသောစီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ထိန်းသောကြောင့် စင်စစ် နိုင်ငံတော်ကို သင့်လက်မှရုပ်သိမ်းပြီး သင့်အစေအပါးလက်သို့ ငါအပ်မည်။
ထို့နောက် ထာဝရဘုရားသည် ဧဒုံမင်းမျိုးမင်းနွယ်တစ်ဦးဖြစ်သော ဧဒုံအမျိုးသားဟာဒဒ်ကို နှိုးဆော်၍ ရှောလမုန်မင်းကြီးအား ရန်မူစေ၏။
ထို့ပြင် ဘုရားသခင်သည် ဧလျာဒ၏သားရေဇုန်ကိုလည်း နှိုးဆော်၍ ရှောလမုန်မင်းကြီးအား ရန်မူစေ၏။ သူသည် မိမိသခင် ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးထံမှ ထွက်ပြေးခဲ့သူဖြစ်၏။
ဖိလိတ္တိလူမျိုးတို့သည် ယောရှဖတ်မင်းကြီးအား ဆက်ကြေးအဖြစ် လက်ဆောင်ပဏ္ဏာများ၊ ငွေများကို ဆက်သကြ၏။ အာရပ်လူမျိုးတို့သည်လည်း သိုးထီးခုနစ်ထောင့်ခုနစ်ရာ၊ ဆိတ်ထီးခုနစ်ထောင့်ခုနစ်ရာတို့ကို ဆက်သကြ၏။
အာရပ်လူတို့နှင့်အတူ တပ်စခန်းသို့လိုက်လာသော ဓားပြအဖွဲ့သည် ယဟောရံမင်းကြီး၏သားတော်အကြီးအားလုံးကို သတ်ပစ်သောကြောင့် ဂျေရုဆလင်မြို့သားတို့သည် အငယ်ဆုံးသားတော်အာခဇိအား ခမည်းတော်၏အရိုက်အရာကိုဆက်ခံစေ၏။ ထို့ကြောင့် ယုဒဘုရင်ယဟောရံမင်းကြီး၏သားတော် အာခဇိ နန်းတက်လေ၏။
သူသည် ဖိလိတ္တိလူမျိုး၊ ဂုရဗာလအရပ်တွင်နေထိုင်သောအာရပ်လူမျိုးများနှင့် မဟုနိမ်လူမျိုးတို့ကို တိုက်ခိုက်သောအခါ ဘုရားသခင်သည် သူ့ကို ကူညီမစတော်မူ၏။
ထို့ကြောင့် ထာဝရဘုရားသည် အဆီးရီးယားဘုရင်၏စစ်သူကြီးတို့ကို ချီလာစေ၍ သူတို့ကိုတိုက်ခိုက်စေ၏။ သူတို့သည် မနာရှေမင်းကြီးကို သံချိတ်များဖြင့်ဖမ်းဆီး၍ ကြေးနီကြိုးများဖြင့် ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွားကြ၏။
ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား ပြည့်စုံစေရန် ပါးရှားဘုရင် ကုရုမင်းကြီး နန်းစံသောပထမနှစ်တွင် ထာဝရဘုရားသည် ပါးရှားဘုရင်ကုရုမင်းကြီး၏စိတ်ကို နှိုးဆော်တော်မူသဖြင့် သူသည် မိမိနိုင်ငံတစ်ဝန်းလုံးသို့ လိုက်လံကြေညာစေ၍ စာဖြင့်လည်း မှတ်တမ်းတင်ထားသောစကားကား ဤသို့ဖြစ်၏။
ထိုအခါ ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးတို့၏ဘိုးဘေးအကြီးအမှူးများ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများနှင့်တကွ မိမိတို့၏စိတ်ကို ဘုရားသခင်နှိုးဆော်သောသူအပေါင်းတို့သည် ဂျေရုဆလင်မြို့ရှိထာဝရဘုရား၏အိမ်တော်ကို ပြန်လည်တည်ဆောက်ရန် ထ၍သွားကြလေ၏။
သင်တို့သည် ငါ့ရွှေငွေတို့ကို သိမ်းယူပြီး အဖိုးတန်ရတနာတို့ကိုလည်း သင်တို့၏ဗိမာန်များထဲသို့ သွင်းကြပြီ။
တစ်ဖန် ထာဝရဘုရားဤသို့မိန့်တော်မူပြီ။ “ဂါဇမြို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ပြည်သူတစ်ရပ်လုံးကိုဖမ်းခေါ်သွားပြီး ဧဒုံပြည်သို့ အပ်လိုက်လေပြီ။
မြို့ထဲတွင် တံပိုးမှုတ်သံကြားသောအခါ လူတို့ မထိတ်လန့်ဘဲ နေမည်လော။ ထာဝရဘုရားပြုတော်မမူဘဲ မြို့ထဲတွင် ဘေးအန္တရာယ်ကျရောက်နိုင်မည်လော။
အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သခင့်အစေအပါး၏စကားကို ယခု နားထောင်ပါလော့။ အကယ်၍ အကျွန်ုပ်ကို တိုက်ခိုက်ရန် အရှင်မင်းကြီးကို ထာဝရဘုရား နှိုးဆော်သည်မှန်လျှင် ဘောဇဉ်ပူဇော်သက္ကာကို လက်ခံတော်မူပါစေသော။ ထိုသို့မဟုတ်ဘဲ လူတို့၏နှိုးဆော်ခြင်းဖြစ်လျှင် သူတို့သည် ထာဝရဘုရားထံမှ ကျိန်ခြင်းကို ခံရပါစေသော။ အကြောင်းမူကား သူတို့က ‘အခြားဘုရားအများကို သွားဝတ်ပြုပါ’ဟု ဆိုပြီး အကျွန်ုပ်ကို ထာဝရဘုရား၏အမွေစားအမွေခံအဖြစ်မှ နှင်ထုတ်ကြပါပြီ။