ထို့ကြောင့် ကြည့်ရှုလော့။ သင့်ပြည်သားများ၊ သင့်သားတော်သမီးတော်များ၊ သင့်မိဖုရားများနှင့် သင်ပိုင်ဆိုင်သမျှတို့ကို ထာဝရဘုရားသည် ဆိုးဝါးသောဘေးဒဏ်ဖြင့် ဒဏ်ခတ်တော်မူမည်။
၂ ရာချုပ် 21:15 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် အူနာသောရောဂါဖြင့် ဝေဒနာကို ပြင်းထန်စွာခံစားရမည်။ အူများထွက်ကျလာသည်အထိ တစ်နေ့ထက်တစ်နေ့တိုး၍ သင်ဝေဒနာခံစားရမည်’ဟူ၍ မိန့်တော်မူပြီ”ဟု ပါရှိ၏။ Common Language Bible သင်ကိုယ်တိုင်အူ၌တစ်နေ့တစ်ခြားဆိုး ရွားလာသည့်ရောဂါစွဲကပ်လာလိမ့်မည်''ဟု ပါရှိ၏။ Garrad Bible သင် လည်း အူ ၌ ပြင်း စွာ သော ရော ဂါ ရောက်၍၊ တစ် နေ့ ထက် တစ် နေ့ ထွက် ကျ လ တ္တံ့ ဟူ ၍ တည်း။ Judson Bible သင့်အူသည် တစ်နေ့ထက်တစ်နေ့ထွက်အောင်၊ ဝမ်းထဲ၌ ပြင်းစွာသောအနာရောဂါ စွဲလိမ့်မည်ဟု စာ၌ပါသတည်း။ |
ထို့ကြောင့် ကြည့်ရှုလော့။ သင့်ပြည်သားများ၊ သင့်သားတော်သမီးတော်များ၊ သင့်မိဖုရားများနှင့် သင်ပိုင်ဆိုင်သမျှတို့ကို ထာဝရဘုရားသည် ဆိုးဝါးသောဘေးဒဏ်ဖြင့် ဒဏ်ခတ်တော်မူမည်။
ကျိန်ဆဲခြင်းကို မိမိအဝတ်ကဲ့သို့ ဝတ်ဆင်ထားသည်ဖြစ်၍ ၎င်းသည် သူ၏ကိုယ်ခန္ဓာထဲသို့ ရေကဲ့သို့လည်းကောင်း၊ သူ၏အရိုးများထဲသို့ ဆီကဲ့သို့လည်းကောင်း စိမ့်ဝင်ပါစေ။
ထိုမိန်းမသည် လင်ယောက်ျားအပေါ် ဖောက်ပြန်၍ မိမိကိုယ်မိမိညစ်ညူးစေခဲ့လျှင် သူ့အား ထိုရေကိုတိုက်သောအခါ ကျိန်ဆဲခြင်းကိုဖြစ်စေသောရေသည် သူ့အထဲသို့ဝင်၍ ခါးသီးခြင်းကို ဖြစ်စေသဖြင့် သူ၏ဝမ်းသည် ဖောရောင်လာပြီး ပေါင်သည် ချည့်နဲ့သွားလိမ့်မည်။ ထိုမိန်းမသည် မိမိလူမျိုးအလယ်၌ ကျိန်ခြင်းခံရသောသူဖြစ်လိမ့်မည်။
သူသည် မတရားမှုကြောင့်ရရှိသောအဖိုးအခဖြင့် မြေတစ်ကွက်ကိုဝယ်ယူပြီးနောက် ဇောက်ထိုးကျလျက် ဝမ်းဗိုက်ပေါက်သဖြင့် သူ၏အူများအကုန်ထွက်ကျလေ၏။
မင်းကြီးသည် ဘုရားသခင်၏ဘုန်းတော်ကိုမချီးမွမ်းသောကြောင့် ထိုခဏချင်းတွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် သူ့ကို ဒဏ်ခတ်သဖြင့် သူသည် ပိုးစားခံရ၍ အနိစ္စရောက်လေ၏။
ထာဝရဘုရားသည် ကုသ၍မရသော အီဂျစ်ပြည်အနာစိမ်း၊ ပလိပ်နာ၊ နှင်းခူ၊ ယားနာ စသည်ဖြင့် သင့်ကို ဒဏ်ခတ်တော်မူမည်။
သင့်အားထာဝရဘုရားနှင်ထုတ်တော်မူသောအရပ်ရှိ လူမျိုးအပေါင်းတို့တွင် သင်သည် ထိတ်လန့်စရာ၊ ပုံခိုင်းစရာ၊ ပြောင်လှောင်စရာ ဖြစ်လိမ့်မည်။
ထူးဆန်းသောကပ်ရောဂါဖြစ်သည့် ပြင်းထန်သောနာတာရှည်ကပ်ရောဂါများ၊ ဆိုးရွားသောနာတာရှည်အနာရောဂါများကို ထာဝရဘုရားသည် သင်နှင့်သင့်သားစဉ်မြေးဆက်တို့၌ သက်ရောက်စေတော်မူမည်။
ထို့ပြင် ထာဝရဘုရားသည် ဤပညတ်တရားကျမ်း၌ မရေးသားထားသည့်အနာရောဂါ၊ ကပ်ရောဂါ ရှိသမျှတို့ကိုလည်း သင်ပျက်စီးခြင်းသို့မရောက်မချင်း သင့်အပေါ်သို့ကျရောက်စေတော်မူမည်။
သင့်စိတ်ထဲ၌ကြောက်ရွံ့နေရသောအရာ၊ သင်မျက်စိ၌ မြင်နေရသောအရာတို့ကြောင့် နံနက်အချိန်၌ ‘နေဝင်ချိန်ရောက်ပါစေ’ နေဝင်ချိန်၌ ‘နံနက်အချိန်ရောက်ပါစေ’ဟု သင်ဆိုလိမ့်မည်။