ထို့နောက်တွင် မောဘအမျိုးသား၊ အမ္မုန်အမျိုးသားတို့နှင့်အတူ မဟုနိမ်လူမျိုးအချို့တို့သည် ယောရှဖတ်မင်းကြီးကို တိုက်ခိုက်ရန်ချီလာကြ၏။
၂ ရာချုပ် 20:10 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုးတို့ အီဂျစ်ပြည်မှထွက်လာခဲ့စဉ်က ကိုယ်တော်သည် အမ္မုန်အမျိုးသား၊ မောဘအမျိုးသား၊ စိရတောင်ပေါ်သားတို့၏နယ်မြေကို အစ္စရေးလူမျိုးတို့အား ကျူးကျော်ခွင့်မပေး။ ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် သူတို့ပြည်ကို မဖျက်ဆီးဘဲ ရှောင်သွားခဲ့ပါ၏။ Common Language Bible ``ယခုအခါအမ္မုန်ပြည်သား၊ မောဘပြည်သား နှင့်ဧဒုံပြည်သားတို့သည်အကျွန်ုပ်အားတိုက် ခိုက်ကြပါပြီ။ အကျွန်ုပ်တို့ဘိုးဘေးများ အီဂျစ်ပြည်မှထွက်ခွာလာစဉ်အခါက ဘိုးဘေးတို့သည်ထိုပြည်များသို့ဝင်ရောက် ခွင့်ကိုကိုယ်တော်ပေးတော်မမူပါ။ သို့ဖြစ် ၍သူတို့သည်ထိုပြည်များကိုရှောင်ကွင်း ပြီးလျှင်မဖျက်မဆီးဘဲထားခဲ့ကြ ပါ၏။- Garrad Bible အိ ဂျစ် ပြည် မှ ထွက် လာ သော၊ ဣ သ ရေ လ အ မျိုး သား တို့ အား၊ ကွင်း ရှောင် စေ လျက် တိုက် ဖျက် ခွင့် မ ပေး ဘဲ၊ ခြွင်း ထား တော် မူ ခဲ့ သော ဤ အ မ္မုန်၊ မော ဘ အ မျိုး သား တို့ နှင့် စိ ရ တောင် တန်း သား တို့ သည်၊ Judson Bible ယခုတွင်၊ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်လာသောအခါ၊ တိုက်ရသောအခွင့် ပေးတော်မမူ။ လွှဲရှောင်၍ မဖျက်ဆီးဘဲထားခဲ့သော အမ္မုန်အမျိုးသား၊ မောဘအမျိုးသား၊ စိရတောင်သားတို့သည်၊ |
ထို့နောက်တွင် မောဘအမျိုးသား၊ အမ္မုန်အမျိုးသားတို့နှင့်အတူ မဟုနိမ်လူမျိုးအချို့တို့သည် ယောရှဖတ်မင်းကြီးကို တိုက်ခိုက်ရန်ချီလာကြ၏။
ထိုသို့ စတင်ချီးမွမ်းသီဆိုလိုက်သည်နှင့် ယုဒပြည်ကို ဝင်ရောက်ကျူးကျော်သည့် အမ္မုန်အမျိုးသား၊ မောဘအမျိုးသားနှင့် စိရတောင်ပေါ်သားတို့အား ချောင်းမြောင်းတိုက်ခိုက်မှုကို ထာဝရဘုရားဖြစ်စေတော်မူသဖြင့် သူတို့ ရှုံးနိမ့်သွားလေ၏။
ထိုသူတို့တွင် ဧဒုံပြည်သားများနှင့်ဣရှမေလလူမျိုးများ၊ မောဘပြည်သားများနှင့်ဟာဂရိလူမျိုးများ၊
ဂေဗလလူမျိုး၊ အမ္မုန်လူမျိုးနှင့်အာမလက်လူမျိုးများ၊ တိုင်ရာမြို့သားများနှင့် ဖိလိတ္တိပြည်သားများ ပါဝင်ကြပါ၏။
တစ်ဖန် ထာဝရဘုရားက “ဧဒုံပြည်သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ညီအစ်ကိုချင်းကို သနားညှာတာစိတ်မထား၊ ဓားနှင့်လိုက်လံညှဉ်းဆဲတတ်၏။ အမျက်မပြေ၊ ဒေါသထွက်လျက် ကိုက်ဖဲ့တတ်၏။
သင်တို့သည် အမ္မုန်အမျိုးသားတို့ထံသို့ရောက်သောအခါ သူတို့ကို ရန်မပြုနှင့်။ သူတို့ကိုရန်မစနှင့်။ အမ္မုန်အမျိုးသားတို့၏ပြည်ကို လောတ၏သားမြေးတို့အား ငါအပိုင်ပေးထားပြီဖြစ်၍ သူတို့ပြည်ကို သင်တို့ပိုင်ဖို့ငါမပေး။
တစ်ဖန် ထာဝရဘုရားက ငါ့အား ‘မောဘကို ရန်မပြုနှင့်။ စစ်ဖြစ်အောင် သူတို့ကိုရန်မစနှင့်။ အာရအရပ်ကို လောတ၏သားမြေးတို့အား ငါအပိုင်ပေးထားပြီဖြစ်၍ သူတို့၏မြေကို သင်တို့ပိုင်ဖို့ ငါမပေး။