သူနှင့်အတူ စစ်ရထားအစီးရေတစ်ထောင့်နှစ်ရာ၊ မြင်းစီးသူရဲခြောက်သောင်းနှင့် မရေမတွက်နိုင်သော အီဂျစ်ပြည်မှ လစ်ဗျားလူမျိုး၊ သုကိလူမျိုး၊ အီသီယိုးပီးယားလူမျိုးတို့၏စစ်သည်များ လိုက်ပါလာကြ၏။
၂ ရာချုပ် 16:8 - မြန်မာ့စံမီသမ္မာကျမ်း အီသီယိုးပီးယားလူမျိုးနှင့် လစ်ဗျားလူမျိုးတို့တွင်လည်း စစ်ရထားနှင့် မြင်းစီးသူရဲမြောက်မြားစွာရှိသောစစ်တပ်ကြီးရှိသည် မဟုတ်လော။ သို့သော် သင်သည် ထာဝရဘုရားကို ကိုးစားသောကြောင့် သူတို့ကို သင့်လက်သို့ အပ်တော်မူခဲ့၏။ Common Language Bible ဆူဒန်နှင့်လိဗုအမျိုးသားတို့တွင်စစ်ရထား နှင့် မြင်းစီးသူရဲအမြောက်အမြားပါဝင် သည့်တပ်မတော်များရှိခဲ့ကြသည်မဟုတ် ပါလော။ ဘုရင်မင်းသည်ထာဝရဘုရားကို အားကိုးခဲ့သဖြင့် ကိုယ်တော်သည်ဘုရင်မင်း အားထိုတပ်မတော်တို့ကိုနှိမ်နင်းခွင့်ပေး တော်မူခဲ့၏။- Garrad Bible ကု ရှ၊ လိ ဗု ရဲ မက် တို့ သည်၊ ရ ထား၊ မြင်း စီး သူ ရဲ အ မြောက် အ မြား ပါ သော အ လုံး အ ရင်း ကြီး ဖြစ် လျက်၊ ထာဝ ရ ဘု ရား ကို ဘုရင် မင်း ကိုး စား သော ကြောင့်၊ လက် တွင်း သို့ အပ် နှင်း တော် မူ ခဲ့ သည် မ ဟုတ် လော။ Judson Bible ကုရှလူနှင့်လိဗုလူတို့သည် ရထားများ၊ မြင်းစီးသူရဲများနှင့်တကွ၊ အားကြီးသောအလုံးအရင်းဖြစ်သည် မဟုတ်လော။ သို့သော်လည်း မင်းကြီးသည် ထာဝရဘုရားကို ခိုလှုံသောကြောင့်၊ ထိုအလုံးအရင်းကို မင်းကြီးလက်သို့ အပ်နှံတော်မူပြီ။ |
သူနှင့်အတူ စစ်ရထားအစီးရေတစ်ထောင့်နှစ်ရာ၊ မြင်းစီးသူရဲခြောက်သောင်းနှင့် မရေမတွက်နိုင်သော အီဂျစ်ပြည်မှ လစ်ဗျားလူမျိုး၊ သုကိလူမျိုး၊ အီသီယိုးပီးယားလူမျိုးတို့၏စစ်သည်များ လိုက်ပါလာကြ၏။
အစ္စရေးအမျိုးသားတို့သည် ယုဒအမျိုးသားတို့ရှေ့မှ ထွက်ပြေးကြရ၏။ ဘုရားသခင်သည် သူတို့ကို ယုဒအမျိုးသားတို့လက်သို့ အပ်တော်မူ၏။
ထိုစဉ်က အစ္စရေးအမျိုးသားတို့သည် ရှုံးနိမ့်ကြပြီး ယုဒအမျိုးသားတို့မူကား ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို ကိုးစားကြသောကြောင့် အောင်နိုင်လေ၏။
အာသမင်းကြီး၌ ယုဒအမျိုးတွင် ဒိုင်းလွှားကြီးနှင့်လှံကိုင်စွဲသူ စစ်သည်သုံးသိန်း၊ ဗင်္ယာမိန်အမျိုးတွင် ဒိုင်းလွှားငယ်ကိုင်စွဲသူနှင့် လေးသည်တော် နှစ်သိန်းရှစ်သောင်း ရှိ၏။ သူတို့အားလုံးသည် ရဲစွမ်းသတ္တိထက်မြက်သောစစ်သူရဲများ ဖြစ်ကြ၏။
ထိုအခါ စိတ်အာရုံရသူဟာနနိသည် ယုဒဘုရင်အာသမင်းကြီးထံသွား၍ “သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားကို မကိုးစားဘဲ ဆီးရီးယားဘုရင်ကို ကိုးစားသောကြောင့် ဆီးရီးယားဘုရင်၏စစ်တပ်သည် သင့်လက်မှ လွတ်မြောက်သွားပြီ။
ယုဒလူမျိုးတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို စွန့်ပယ်သောကြောင့် ဆီးရီးယားစစ်သည်တို့သည် လူအနည်းငယ်နှင့်သာချီလာသော်လည်း ထာဝရဘုရားသည် ယုဒစစ်သည်အမြောက်အမြားကို သူတို့လက်သို့ အပ်လိုက်လေ၏။ ထို့ကြောင့် သူတို့သည် ယောရှမင်းကြီးကို ဒဏ်ခတ်စီရင်ကြလေ၏။
ထိုပြည်သည် ပင်လယ်လမ်းဖြင့်လည်းကောင်း၊ ရေပြင်ပေါ်တွင် ကျူရိုးလှေများဖြင့်လည်းကောင်း သံတမန်တို့ကို စေလွှတ်သောပြည်ဖြစ်၏။ အို လျင်မြန်သောစေတမန်တို့၊ အရပ်ရှည်၍အသားအရေချောမွတ်သောလူမျိုး၊ အနီးအဝေးရှိလူတို့ကြောက်ရွံ့ရသောလူမျိုး၊ မြစ်များဖြာထွက်သောပြည်၌နေသည့် ခွန်အားကြီး၍ နိုင်ထက်စီးနင်းပြုတတ်သောလူမျိုးထံသို့ သွားကြလော့။
အီသီယိုးပီးယားပြည်နှင့် အီဂျစ်ပြည်သည် သူ့အဖို့ အတိုင်းအဆမရှိသောအင်အား ဖြစ်၏။ ဖုတပြည်နှင့် လစ်ဗျားပြည်သည်လည်း သူ့ကို ကူညီပေးသောသူများဖြစ်၏။