ရှောလမုန်မင်းကြီးသည် ဆီဒုန်လူမျိုးတို့၏အာရှတရက်နတ်ဘုရားမ၊ အမ္မုန်လူမျိုးတို့၏ရွံရှာဖွယ်မိလကုံဘုရားတို့၏နောက်သို့လိုက်လေ၏။
၂ ရာချုပ် 15:8 - မြန်မာ့စံမီသမ္မာကျမ်း အာသမင်းကြီးသည် ထိုစကားများနှင့် ပရောဖက်ဩဒက် ပရောဖက်ပြုသောစကားများကို ကြားသောအခါ အားတက်လာပြီး ယုဒပြည်တစ်ပြည်လုံး၊ ဗင်္ယာမိန်ပြည်တစ်ပြည်လုံးနှင့် ဧဖရိမ်တောင်ပေါ်ဒေသရှိ သူသိမ်းယူထားသောမြို့ရွာများမှ ရွံရှာဖွယ်ရာများကို ဖယ်ရှားပစ်၏။ ထာဝရဘုရား၏အိမ်တော်ဆင်ဝင်ရှေ့ရှိ ထာဝရဘုရား၏ယဇ်ပလ္လင်ကိုလည်း ပြုပြင်လေ၏။ Common Language Bible ဤသို့သြဒက်၏သားအာဇရိဆင့်ဆိုသည့် ဗျာဒိတ်တော်ကိုကြားသောအခါ အာသသည် အားတက်လာပြီးလျှင် ယုဒနှင့်ဗင်္ယာမိန်နယ် မြေများနှင့်တောင်ပေါများသောဧဖရိမ်ပြည် ရှိမြို့များမှရုပ်တုရှိသမျှကိုဖယ်ရှားတော် မူ၏။ မင်းကြီးသည်ဗိမာန်တော်တံတိုင်းအတွင်း ရှိယဇ်ပလ္လင်ကိုလည်းပြန်လည်ပြုပြင်တော်မူ၏။ Garrad Bible အာ သ မင်း သည် ပ ရော ဖက် ဩ ဒက် ဟော ပြော ချက် ကို ကြား လျှင်၊ အား ယူ လျက်၊ ယု ဒ၊ ဗင်္ယာ မိန် တစ် ပြည် လုံး နှင့်၊ ဧ ဖ ရိမ် ခင် တန်း ရှိ သိမ်း စု မြို့ ရွာ များ မှ၊ စက် ဆုပ် ဖွယ် ဘု ရား များ ကို ပယ် ရှား၍၊ ထာ ဝ ရ ဘု ရား၏ မုတ် ဆောင် ဦး တွင်၊ ပူ ဇော် ရာ ပ လ္လင် တော် ကို ပြု ပြင် လေ ၏။ Judson Bible ထိုစကားနှင့် ပရောဖက်ဩဒက်၏ အနာဂတ္တိစကားကို အာသမင်းသည် ကြားသောအခါ၊ ရဲရင့်ခြင်းသို့ရောက်၍၊ ယုဒပြည်နှင့် ဗင်္ယာမိန်ပြည် အရပ်ရပ်တို့၌လည်းကောင်း၊ ဧဖရိမ်တောင်ပေါ်မှာ တိုက်ယူသော မြို့တို့၌လည်းကောင်း၊ စက်ဆုပ်ဖွယ်သော အရာရှိသမျှတို့ကို ပယ်ရှား၍၊ ဗိမာန်တော်ဦးရှေ့တွင်ရှိသော ထာဝရဘုရား၏ ယဇ်ပလ္လင်ကို ပြုပြင်လေ၏။ |
ရှောလမုန်မင်းကြီးသည် ဆီဒုန်လူမျိုးတို့၏အာရှတရက်နတ်ဘုရားမ၊ အမ္မုန်လူမျိုးတို့၏ရွံရှာဖွယ်မိလကုံဘုရားတို့၏နောက်သို့လိုက်လေ၏။
ရှောလမုန်မင်းကြီးသည် မောဘလူမျိုးတို့၏ရွံရှာဖွယ်ခေမုရှဘုရား၊ အမ္မုန်လူမျိုးတို့၏ရွံရှာဖွယ်မောလုတ်ဘုရားတို့အတွက် အထွတ်အမြတ်ထားရာနေရာတို့ကို ဂျေရုဆလင်မြို့အရှေ့ဘက်ရှိ တောင်ပေါ်တွင် ဆောက်လုပ်ပေး၏။
အစ္စရေးဘုရင်ယေရောဗောင်မင်းကြီးနန်းစံ အနှစ်နှစ်ဆယ်တွင် ယုဒဘုရင်အာသမင်းကြီး နန်းတက်၍
ရှင်ဘုရင်သည် အိမ်တော်အရှေ့ရှိ ထိုယဇ်ပလ္လင်နှင့် ထာဝရဘုရား၏အိမ်တော်ကြားတွင်ရှိသော ထာဝရဘုရားရှေ့တော်မှကြေးနီယဇ်ပလ္လင်ကို ယူဆောင်သွားပြီး ထိုယဇ်ပလ္လင်၏မြောက်ဘက်တွင် ထားလိုက်၏။
သင်တို့က ငါတို့၏ဘုရားသခင်ထာဝရဘုရားကို ငါတို့ယုံကြည်ကိုးစားသည်ဟု ဆိုလျှင်လည်း ဟေဇကိမင်းကြီးက ထိုဘုရားနှင့်ဆိုင်သော အထွတ်အမြတ်ထားရာနေရာနှင့် ယဇ်ပလ္လင်တို့ကိုပင် ဖယ်ရှားလိုက်ပြီး ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အား ဂျေရုဆလင်မြို့ရှိ ဤယဇ်ပလ္လင်ရှေ့၌သာ သင်တို့ကိုးကွယ်ရမည်ဟူ၍ မိန့်မှာခဲ့သည် မဟုတ်လော’ဟု မိန့်ဆို၏။
ဆီဒုန်အမျိုးသားတို့ကိုးကွယ်သော ရွံရှာဖွယ်အာရှတရက်ဘုရား၊ မောဘအမျိုးသားတို့ကိုးကွယ်သောရွံရှာဖွယ်ခေမုရှဘုရား၊ အမ္မုန်အမျိုးသားတို့ကိုးကွယ်သောရွံရှာဖွယ် မိလကုံဘုရားတို့အတွက် အစ္စရေးဘုရင်ရှောလမုန်မင်းကြီးတည်ထားပေးခဲ့သော ဂျေရုဆလင်မြို့အရှေ့ဘက်၊ ပျက်စီးရာတောင်၏တောင်ဘက်ရှိ အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကိုလည်း ရှင်ဘုရင်က မစင်ကြယ်အောင် လုပ်ပစ်၏။
အဘိယမင်းကြီးသည် ယေရောဗောင်မင်းကြီးကို လိုက်လံတိုက်ခိုက်ပြီး ဗေသလမြို့နှင့်ဝန်းကျင်ရှိရွာများ၊ ယေရှနမြို့နှင့်ဝန်းကျင်ရှိရွာများ၊ ဧဖရုန်မြို့နှင့်ဝန်းကျင်ရှိရွာများကို သိမ်းယူလေ၏။
ယုဒပြည်ရှိ ခံတပ်မြို့အားလုံးတို့တွင် စစ်တပ်များကို ချထား၏။ ယုဒပြည်ရှိမြို့များနှင့် သူ၏ခမည်းတော်အာသမင်းကြီး သိမ်းယူခဲ့သောဧဖရိမ်ပြည်ရှိမြို့များတွင်လည်း မြို့စောင့်တပ်များကို ချထား၏။
ကြည့်ရှုလော့။ ထာဝရဘုရားနှင့်ဆိုင်သောအမှုတော်အားလုံးတွင် ယဇ်ပုရောဟိတ်မင်းအာမရိသည် သင်တို့ကို ကြီးကြပ်ပေးလိမ့်မည်။ ရှင်ဘုရင်နှင့်ဆိုင်သောအမှုကိစ္စအားလုံးတွင် ယုဒအမျိုးအနွယ်ခေါင်းဆောင် ဣရှမေလ၏သားဇေဗဒိသည် ကြီးကြပ်လိမ့်မည်။ လေဝိအမျိုးသားတို့သည်လည်း သင်တို့ကို ကြီးကြပ်ပေးလိမ့်မည်။ အားယူ၍ လုပ်ဆောင်ကြလော့။ ကောင်းသောအမှုကိုပြုသောသင်တို့နှင့်အတူ ထာဝရဘုရား ရှိတော်မူပါစေသော”ဟု မှာကြား၏။
ယောရှဖတ်မင်းကြီးသည် ဂျေရုဆလင်မြို့တွင် စံမြန်းတော်မူစဉ် ဗေရရှေဘမြို့မှစ၍ ဧဖရိမ်တောင်ပေါ်ဒေသတိုင်အောင် လှည့်လည်ကာ လူတို့အား ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားထံ ပြန်လှည့်လာစေ၏။
ထို့နောက် သူတို့သည် ဟေဇကိမင်းကြီးရှေ့သို့ အခစားဝင်၍ “အကျွန်ုပ်တို့သည် ထာဝရဘုရား၏အိမ်တော်တစ်ခုလုံး၊ မီးရှို့ရာယဇ်ပလ္လင်နှင့်၎င်း၏အသုံးအဆောင်များအားလုံး၊ ရှေ့တော်မုန့်တင်ရာစားပွဲနှင့်၎င်း၏အသုံးအဆောင်များအားလုံးတို့ကို သန့်ရှင်းစေပါပြီ။
ထို့ပြင် အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်ဆယ်တောင်ရှိသော ကြေးနီယဇ်ပလ္လင်ကိုလည်း ပြုလုပ်၏။
ထို့နောက် ရှောလမုန်မင်းကြီးသည် ဆင်ဝင်ရှေ့တွင်တည်ထားသော ထာဝရဘုရား၏ယဇ်ပလ္လင်တော်ပေါ်တွင် ထာဝရဘုရားထံ မီးရှို့ရာယဇ်ကို ပူဇော်လေ၏။
သူသည် မိမိအတွက် သစ်ကတိုးပင်ကို ခုတ်ယူ၏။ ကျောက်ပန်းပင်၊ ဝက်သစ်ချပင်ကို ရွေးယူ၍ တောသစ်ပင်များအလယ်တွင် သန်မာကြီးထွားအောင် စိုက်ပျိုး၏။ ထင်းရှူးပင်ကိုလည်းစိုက်၍ မိုးရေသည် ကြီးထွားစေတတ်၏။
သူတို့သည် သင်္ချိုင်းများတွင်ထိုင်ကြ၏။ ကွယ်ရာအရပ်တို့၌ ညအိပ်ကြ၏။ ဝက်သားကိုစားကြ၏။ သူတို့ခွက်များထဲ၌ ရွံရှာဖွယ်အသားပြုတ်ရည်ရှိ၏။
ငါ၏ပြည်ကို ရွံရှာဖွယ်လူသေကောင်ဖြင့် ညစ်ညူးစေ၍ ငါ၏အမွေမြေကို စက်ဆုပ်ရွံရှာဖွယ်ရာများဖြင့် ပြည့်စေသော သူတို့၏ဒုစရိုက်၊ သူတို့၏အပြစ်များကြောင့် ငါသည် သူတို့ကို နှစ်ဆတုံ့ပြန်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ငါဝင်သွားသော် တွားသွားသောတိရစ္ဆာန်များ၊ ရွံရှာဖွယ်တိရစ္ဆာန်များနှင့် အစ္စရေးအမျိုးအနွယ်တို့ကိုးကွယ်သော ရုပ်တုများ၏ပုံကို နံရံပတ်ပတ်လည်၌ ထွင်းထုထားသည်ကို တွေ့ရ၏။
ထို့ကြောင့် သင်တို့ရှေ့၌ရှိသောသူတို့ပြုကျင့်ကြသည့် စက်ဆုပ်ရွံရှာဖွယ်ဓလေ့စရိုက်တို့ကိုမပြုကျင့်မိရန် သင်တို့သည် ငါ၏ညွှန်ကြားချက်ကိုစောင့်ထိန်းရမည်။ ထိုဓလေ့စရိုက်တို့အားဖြင့် သင်တို့ကိုယ်သင်တို့ မညစ်ညူးစေနှင့်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
ငါးတာလန်ရသောသူသည် ချက်ချင်းသွား၍ ထိုငွေများဖြင့်ကုန်သွယ်လျက် နောက်ထပ် ငါးတာလန်အမြတ်ရလေ၏။
ငါတို့အကြောင်းကိုကြားသော ညီအစ်ကိုတို့သည် ငါတို့နှင့်တွေ့ဆုံရန် ရောမမြို့မှ အပ္ပိအရပ်နှင့် ဧည့်ရိပ်သာသုံးဆောင်ဟုခေါ်သောအရပ်တိုင်အောင် လာကြ၏။ ပေါလုသည် ထိုသူတို့ကိုမြင်လျှင် ဘုရားသခင်ကိုကျေးဇူးတင်လျက် အားတက်လာလေ၏။
‘ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူသောအရာဖြစ်သည့် ရုပ်တုဆင်းတုကို လက်မှုအတတ်ဖြင့် သွန်းလုပ်၍ လျှို့ဝှက်သောနေရာ၌စိုက်ထူသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ကျယ်လောင်သောအသံဖြင့် ဆိုရမည်။ ထိုအခါ လူအပေါင်းတို့က ‘အာမင်’ဟု ပြန်ဆိုရမည်။
အကြောင်းမူကား လူမျိုးခြားတို့၏ဆန္ဒအတိုင်းပြုလျက် ကာမဂုဏ်လိုက်စားခြင်း၊ တပ်မက်ခြင်း၊ မူးယစ်ခြင်း၊ အပျော်ကြူးခြင်း၊ သောက်စားမြူးထူးခြင်းနှင့် ပညတ်တရားကတားမြစ်ထားသော ရုပ်တုကိုးကွယ်ခြင်းတို့တွင် ကျင်လည်ခဲ့သည့် လွန်ခဲ့သောအချိန်သည် သင်တို့အတွက် တော်လောက်ပေ၏။
ထို့နောက် သူတို့သည် တိုင်းတစ်ပါးသားဘုရားများကို သူတို့ထံမှ ဖယ်ရှားပြီး ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။ အစ္စရေးလူမျိုးတို့ ကြုံတွေ့ရသော အခက်အခဲပြဿနာများကြောင့် ကိုယ်တော်သည် သူတို့ကို သနားတော်မူ၏။