၄ ရာ 23:13 - မြန်မာ့စံမီသမ္မာကျမ်း13 ဆီဒုန်အမျိုးသားတို့ကိုးကွယ်သော ရွံရှာဖွယ်အာရှတရက်ဘုရား၊ မောဘအမျိုးသားတို့ကိုးကွယ်သောရွံရှာဖွယ်ခေမုရှဘုရား၊ အမ္မုန်အမျိုးသားတို့ကိုးကွယ်သောရွံရှာဖွယ် မိလကုံဘုရားတို့အတွက် အစ္စရေးဘုရင်ရှောလမုန်မင်းကြီးတည်ထားပေးခဲ့သော ဂျေရုဆလင်မြို့အရှေ့ဘက်၊ ပျက်စီးရာတောင်၏တောင်ဘက်ရှိ အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကိုလည်း ရှင်ဘုရင်က မစင်ကြယ်အောင် လုပ်ပစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible13 ယောရှိသည်ယေရုရှလင်မြို့၏အရှေ့၊ သံ လွင်တောင်၏တောင်ဘက်၌ဇိဒုန်ဘုရားအာရှ တရက်၊ မောဘဘုရားခေမုရှနှင့်အမ္မုန်ဘုရား မောလုတ်တို့ကိုကိုးကွယ်ရန် ရှောလမုန်မင်းကြီး တည်ဆောက်ခဲ့သောယဇ်ပလ္လင်များကိုလည်း ညစ်ညမ်းစေတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible13 ယေ ရု ရှ လင် မြို့ ရှေ့၊ ပျက် စီး ခြင်း ခေါ် ကုန်း တောင် ဘက် ရှိ စက် ဆုပ် ဖွယ် သော ဇိ ဒုန် ဘု ရား မ အာ ရှ တ ရက်၊ မော ဘ ဘု ရား ခေ မု ရှ၊ အ မ္မုန် အ မျိုး သား တို့ ဘု ရား မိ လ ကုံ တို့ အ ဖို့ ဣ သ ရေ လ ဘု ရင် ရှော လ မုန် မင်း ပြု ပြင် ခဲ့ သော မြင့် ရာ ဌာ န များ ကို လည်း မ သန့် ရာ ဖြစ် စေ လျက် အခန်းကိုကြည့်ပါ။Judson Bible13 ဣသရေလရှင်ဘုရင်ရှောလမုန်သည် ယေရုရှလင်မြို့အရှေ့၊ ဖျက်ဆီးခြင်းတောင်လက်ယာဘက်၌ ရွံရှာဖွယ်သော ဇိဒုန်ဘုရားအာရှတရက်၊ ရွံရှာဖွယ်သော မောဘဘုရားခေမုရှ၊ ရွံရှာဖွယ်သော အမ္မုန်ဘုရားမိလကုံအဖို့ တည်သော ကုန်းတို့ကိုလည်း ရှင်ဘုရင်ညစ်ညူးစေတော်မူ၏။ အခန်းကိုကြည့်ပါ။ |
အစ္စရေးဘုရင်ရှောလမုန်မင်းကြီးသည်လည်း ဤနည်းဖြင့် အပြစ်ပြုခဲ့သည်မဟုတ်လော။ တိုင်းနိုင်ငံများတွင် သူနှင့်တူသောဘုရင်မရှိ။ ဘုရားသခင်သည် သူ့ကိုချစ်တော်မူ၍ အစ္စရေးလူမျိုးအားလုံးတို့၏ဘုရင်အဖြစ် သူ့ကိုခန့်ထားတော်မူ၏။ သို့သော် သူသည် တစ်ပါးအမျိုးသားမိန်းမပျိုတို့အားဖြင့် အပြစ်ကျူးလွန်ခဲ့၏။
သူတို့သည် ငါ့ကိုစွန့်ပစ်ပြီး ဆီဒုန်နတ်ဘုရားမ အာရှတရက်၊ မောဘဘုရား ခေမုရှ၊ အမ္မုန်ဘုရား မိလကုံ စသည်တို့ကို ကိုးကွယ်ကြပြီ။ သူ့ခမည်းတော်ဒါဝိဒ်မင်းကြီးကဲ့သို့မပြု၊ ငါ့လမ်းသို့မလိုက်။ ငါ၏ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို ငါ့မျက်မှောက်တွင် ဖြောင့်မှန်စွာမပြုကျင့်။
ထိုအခါ သူတို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော့်ကို ပြစ်မှားမိပါပြီ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ထာဝရဘုရားကိုစွန့်ပယ်၍ ဗာလဘုရားများနှင့် အာရှတရက်ဘုရားများကိုဝတ်ပြုကြပါ၏။ သို့သော် ယခု အကျွန်ုပ်တို့ကို ရန်သူတို့လက်မှ ကယ်နုတ်တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော့်ကိုဝတ်ပြုကြပါမည်’ဟု ထာဝရဘုရားထံ အော်ဟစ်ကြ၏။
အို ယုဒပြည်၊ သင်၏မြို့အရေအတွက်များပြားသည်နှင့်အမျှ သင်၏ဘုရားတို့သည်လည်းများပြား၏။ ဂျေရုဆလင်မြို့ရှိလမ်းအရေအတွက်နှင့်အမျှ ရှက်ဖွယ်သောဘုရားအတွက် သင်တို့တည်သောယဇ်ပလ္လင်များ၊ ဗာလဘုရားအတွက် နံ့သာပေါင်းမီးရှို့ပူဇော်ရန် သင်တို့တည်သောယဇ်ပလ္လင်များသည်လည်း များပြား၏။