၄ ရာ 16:14 - မြန်မာ့စံမီသမ္မာကျမ်း14 ရှင်ဘုရင်သည် အိမ်တော်အရှေ့ရှိ ထိုယဇ်ပလ္လင်နှင့် ထာဝရဘုရား၏အိမ်တော်ကြားတွင်ရှိသော ထာဝရဘုရားရှေ့တော်မှကြေးနီယဇ်ပလ္လင်ကို ယူဆောင်သွားပြီး ထိုယဇ်ပလ္လင်၏မြောက်ဘက်တွင် ထားလိုက်၏။ အခန်းကိုကြည့်ပါ။Common Language Bible14 ထာဝရဘုရားအားဆက်ကပ်ထားသည့်ကြေး ဝါပလ္လင်မှာ ယဇ်ပလ္လင်သစ်နှင့်ဗိမာန်တော်စပ်ကြား တွင်တည်ရှိနေသောကြောင့် အာခတ်သည်ထို ပလ္လင်ကိုယဇ်ပလ္လင်သစ်၏မြောက်ဘက်သို့ပြောင်း ရွှေ့လိုက်ပြီးလျှင်၊- အခန်းကိုကြည့်ပါ။Garrad Bible14 ကိုယ့် ပ လ္လင် နှင့် ဗိ မာန် တော် ဦး စပ် ကြား၊ ထာ ဝ ရ ဘု ရား ရှေ့၊ ရှိ ရင်း ကြေး ပ လ္လင် တော် ကို ကိုယ့် ပ လ္လင် မြောက် ဘက်၌ ရွှေ့ ထား လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible14 ထာဝရဘုရားရှေ့တော်၌ရှိသော ကြေးဝါယဇ်ပလ္လင်ကို ဗိမာန်တော်ရှေ့၊ ယဇ်ပလ္လင်ကြီးနှင့် ဗိမာန်တော်စပ်ကြားအရပ်မှရွှေ့၍ ယဇ်ပလ္လင်ကြီး မြောက်ဘက်၌ ထား၏။ အခန်းကိုကြည့်ပါ။ |
အာခတ်မင်းကြီးသည် ယဇ်ပုရောဟိတ်ဥရိယအား “ထိုယဇ်ပလ္လင်ကြီးပေါ်၌ နံနက်မီးရှို့ရာယဇ်နှင့် နေဝင်ချိန်ဘောဇဉ်ပူဇော်သက္ကာ၊ ဘုရင့်မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ တိုင်းသူပြည်သားအားလုံးတို့၏မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာစသည်တို့ကို ပူဇော်ရမည်။ မီးရှို့ရာယဇ်ကောင်၏အသွေးနှင့် အခြားယဇ်ကောင်အသွေးရှိသမျှတို့ကို ထိုယဇ်ပလ္လင်ပေါ်တွင် ပက်ဖျန်းရမည်။ ကြေးနီယဇ်ပလ္လင်မူကား ငါမေးလျှောက်ရန်အတွက် ဖြစ်ရမည်”ဟု မိန့်မှာ၏။
သူတို့၏တံခါးခုံများကို ငါ့တံခါးခုံနားမှာလည်းကောင်း၊ သူတို့၏တံခါးတိုင်များကို ငါ့တံခါးတိုင်နားမှာလည်းကောင်း ထားကြ၏။ သူတို့နှင့်ငါ့ကြား၌ နံရံတစ်ခုသာခြား၏။ သူတို့သည် စက်ဆုပ်ရွံရှာဖွယ်ရာများကိုပြု၍ သန့်ရှင်းသောငါ့နာမကို ရှုတ်ချကြ၏။ ထို့ကြောင့် ငါအမျက်ထွက်၍ သူတို့ကို ဖျက်ဆီးခဲ့၏။