ရှောလမုန်မင်းကြီးသည် ဒိုင်းလွှားကြီးအခုနှစ်ရာကိုလည်း ရွှေဖြင့်ထုလုပ်၏။ ဒိုင်းလွှားကြီးတစ်ခုစီတွင် ရွှေအချိန်ခြောက်ရာရှယ်ကယ်ပါဝင်၏။
၂ ရာချုပ် 14:8 - မြန်မာ့စံမီသမ္မာကျမ်း အာသမင်းကြီး၌ ယုဒအမျိုးတွင် ဒိုင်းလွှားကြီးနှင့်လှံကိုင်စွဲသူ စစ်သည်သုံးသိန်း၊ ဗင်္ယာမိန်အမျိုးတွင် ဒိုင်းလွှားငယ်ကိုင်စွဲသူနှင့် လေးသည်တော် နှစ်သိန်းရှစ်သောင်း ရှိ၏။ သူတို့အားလုံးသည် ရဲစွမ်းသတ္တိထက်မြက်သောစစ်သူရဲများ ဖြစ်ကြ၏။ Common Language Bible အာသမင်းတွင်ဒိုင်းလွှားလှံတံကိုင်ဆောင်သူ ယုဒစစ်သည်သုံးသိန်းနှင့် ဗင်္ယာမိန်စစ်သည်နှစ် သိန်းရှစ်သောင်းပါဝင်သည့်တပ်မတော်ရှိလေ သည်။ ထိုသူအပေါင်းတို့သည်ရဲစွမ်းသတ္တိရှိ၍ ကောင်းစွာလေ့ကျင့်ထားသူများဖြစ်ကြ၏။ Garrad Bible အာ သ မင်း ၌၊ ဒိုင်း လွှား ရှည် နှင့် လှံ ကိုင် ယု ဒ သူ ရဲ ကောင်း သုံး သိန်း၊ ဒိုင်း လွှား ဝိုင်း နှင့် လေး ကိုင် ဗင်္ယာ မိန့် သူ ရဲ ကောင်း နှစ် သိန်း ရှစ် သောင်း ရှိ ၏။ Judson Bible အာသမင်း၌ ကိဒုန်နှင့်လှံကိုကိုင်သော ယုဒအမျိုးသူရဲ သုံးသိန်း၊ ဒိုင်းလွှားနှင့်လေးကိုကိုင်သော ဗင်္ယာမိန်အမျိုးသူရဲ နှစ်သိန်းရှစ်သောင်းရှိ၍၊ ထိုသူအပေါင်းတို့သည် ခွန်အားကြီးသော စစ်သူရဲဖြစ်ကြ၏။ |
ရှောလမုန်မင်းကြီးသည် ဒိုင်းလွှားကြီးအခုနှစ်ရာကိုလည်း ရွှေဖြင့်ထုလုပ်၏။ ဒိုင်းလွှားကြီးတစ်ခုစီတွင် ရွှေအချိန်ခြောက်ရာရှယ်ကယ်ပါဝင်၏။
ဥလံ၏သားများသည် ရဲစွမ်းသတ္တိထက်မြက်သောစစ်သူရဲများ၊ လေးသည်တော်များ ဖြစ်ကြပြီး သားမြေးများ၍ ပေါင်းတစ်ရာ့ငါးဆယ် ရှိ၏။ ဤသူအားလုံးတို့သည် ဗင်္ယာမိန်၏သားမြေးများ ဖြစ်ကြ၏။
ရောဗောင်မင်းကြီးသည် ဂျေရုဆလင်မြို့သို့ရောက်လာလျှင် အစ္စရေးလူမျိုးတို့ကိုတိုက်ခိုက်ပြီး ရောဗောင်အဖို့ နိုင်ငံတော်ပြန်ရယူရန် ယုဒအမျိုးအနွယ်နှင့် ဗင်္ယာမိန်အမျိုးအနွယ်တို့မှ လက်ရွေးစင်စစ်သားတစ်သိန်းရှစ်သောင်းကို စုဝေးစေ၏။
ဤသို့ ထာဝရဘုရားကိုသစ္စာမဲ့သောကြောင့် ရောဗောင်မင်းကြီးနန်းစံငါးနှစ်တွင် အီဂျစ်ဘုရင်ရှိရှက်မင်းကြီးသည် ဂျေရုဆလင်မြို့သို့ ချီလာ၏။
သူနှင့်အတူ စစ်ရထားအစီးရေတစ်ထောင့်နှစ်ရာ၊ မြင်းစီးသူရဲခြောက်သောင်းနှင့် မရေမတွက်နိုင်သော အီဂျစ်ပြည်မှ လစ်ဗျားလူမျိုး၊ သုကိလူမျိုး၊ အီသီယိုးပီးယားလူမျိုးတို့၏စစ်သည်များ လိုက်ပါလာကြ၏။
အဘိယမင်းကြီးသည် လက်ရွေးစင်စစ်သူရဲအယောက်လေးသိန်းတို့နှင့်အတူ စစ်ချီထွက်၏။ ယေရောဗောင်မင်းကြီးသည်လည်း လက်ရွေးစင်စစ်သူရဲအယောက်ရှစ်သိန်းနှင့်အတူ အဘိယမင်းကြီးကို တိုက်ခိုက်ရန် စစ်ချီလာ၏။
အီသီယိုးပီးယားလူမျိုးနှင့် လစ်ဗျားလူမျိုးတို့တွင်လည်း စစ်ရထားနှင့် မြင်းစီးသူရဲမြောက်မြားစွာရှိသောစစ်တပ်ကြီးရှိသည် မဟုတ်လော။ သို့သော် သင်သည် ထာဝရဘုရားကို ကိုးစားသောကြောင့် သူတို့ကို သင့်လက်သို့ အပ်တော်မူခဲ့၏။
ထို့နောက်တွင် မောဘအမျိုးသား၊ အမ္မုန်အမျိုးသားတို့နှင့်အတူ မဟုနိမ်လူမျိုးအချို့တို့သည် ယောရှဖတ်မင်းကြီးကို တိုက်ခိုက်ရန်ချီလာကြ၏။
အာမဇိမင်းကြီးသည် ယုဒလူမျိုးတို့ကို စုဝေးစေပြီး ယုဒလူမျိုးနှင့်ဗင်္ယာမိန်လူမျိုးအပေါင်းတို့တွင် ထောင်တပ်မှူး၊ ရာတပ်မှူးတို့ကို ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် နေရာချထား၏။ ထို့ပြင် အသက်နှစ်ဆယ်နှင့်အထက်ရှိသူတို့ကို စာရင်းကောက်ရာတွင် လှံနှင့်ဒိုင်းလွှားတို့ကို ကိုင်ဆောင်ပြီး စစ်မှုထမ်းနိုင်သူ လက်ရွေးစင်စစ်သည် သုံးသိန်းရှိ၏။