၂ ရာချုပ် 14:8 - Common Language Bible8 အာသမင်းတွင်ဒိုင်းလွှားလှံတံကိုင်ဆောင်သူ ယုဒစစ်သည်သုံးသိန်းနှင့် ဗင်္ယာမိန်စစ်သည်နှစ် သိန်းရှစ်သောင်းပါဝင်သည့်တပ်မတော်ရှိလေ သည်။ ထိုသူအပေါင်းတို့သည်ရဲစွမ်းသတ္တိရှိ၍ ကောင်းစွာလေ့ကျင့်ထားသူများဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible8 အာ သ မင်း ၌၊ ဒိုင်း လွှား ရှည် နှင့် လှံ ကိုင် ယု ဒ သူ ရဲ ကောင်း သုံး သိန်း၊ ဒိုင်း လွှား ဝိုင်း နှင့် လေး ကိုင် ဗင်္ယာ မိန့် သူ ရဲ ကောင်း နှစ် သိန်း ရှစ် သောင်း ရှိ ၏။ အခန်းကိုကြည့်ပါ။Judson Bible8 အာသမင်း၌ ကိဒုန်နှင့်လှံကိုကိုင်သော ယုဒအမျိုးသူရဲ သုံးသိန်း၊ ဒိုင်းလွှားနှင့်လေးကိုကိုင်သော ဗင်္ယာမိန်အမျိုးသူရဲ နှစ်သိန်းရှစ်သောင်းရှိ၍၊ ထိုသူအပေါင်းတို့သည် ခွန်အားကြီးသော စစ်သူရဲဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 အာသမင်းကြီး၌ ယုဒအမျိုးတွင် ဒိုင်းလွှားကြီးနှင့်လှံကိုင်စွဲသူ စစ်သည်သုံးသိန်း၊ ဗင်္ယာမိန်အမျိုးတွင် ဒိုင်းလွှားငယ်ကိုင်စွဲသူနှင့် လေးသည်တော် နှစ်သိန်းရှစ်သောင်း ရှိ၏။ သူတို့အားလုံးသည် ရဲစွမ်းသတ္တိထက်မြက်သောစစ်သူရဲများ ဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ |
အာမဇိသည်ယုဒနှင့်ဗင်္ယာမိန်အနွယ်ဝင် အပေါင်းတို့အား မိမိတို့သားချင်းစုများ အလိုက်တပ်စုများဖွဲ့၍ လူတစ်ထောင်တပ်မှူး နှင့်လူတစ်ရာတပ်မှူးများကိုခန့်ထားတော် မူ၏။ ထိုတပ်သားများသည်အသက်နှစ်ဆယ် နှင့်အထက်ရှိသူများဖြစ်၍ စုစုပေါင်းသုံး သိန်းရှိလေသည်။ သူတို့သည်လှံနှင့်ဒိုင်းလွှား ကိုင်ဆောင်မှုတွင်ကျွမ်းကျင်၍စစ်ပွဲဝင်ရန် အသင့်ရှိသူလက်ရွေးစင်တပ်သားများ ဖြစ်ကြသတည်း။-