အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၂ ရာ​ချုပ် 13:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထာဝရဘုရား​၏​ယဇ်ပုရောဟိတ်​များ​၊ အာရုန်​၏​သား​များ​နှင့် လေဝိ​အမျိုး​များ​ကို သင်​တို့ နှင်ထုတ်​၍ ဤ​ပြည်သား​များ​ကဲ့သို့ ကိုယ့်​ယဇ်ပုရောဟိတ်​ကို ကိုယ်​ခန့်ထား​ကြ​ပြီ​။ ကိုယ့်ကိုယ်ကို​သန့်စင်​ရန် နွားသငယ်​တစ်​ကောင်​၊ သိုးထီး​ခုနစ်​ကောင်​ကို ယူဆောင်​လာ​လျှင်ပင် ထို​သူ​တို့​သည် ဘုရား​မ​ဟုတ်​သော​အရာ​များ​၏​ယဇ်ပုရောဟိတ် ဖြစ်သွား​ကြ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

သင်​တို့​သည်​အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ယဇ် ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​ကို နှင်​ထုတ်​ကာ သူ​တို့​၏​နေ​ရာ​တွင်​လူ​မျိုး​ခြား တို့​၏​ဋ္ဌ​လေ့​ကို​လိုက်​၍​အ​ခြား​သူ​တို့​အား ယဇ်​ပု​ရော​ဟိတ်​ခန့်​ထား​ကြ​၏။ မည်​သူ​မ​ဆို နွား​တစ်​ကောင်​သို့​မ​ဟုတ်​သိုး​ခု​နစ်​ကောင်​ကို ယူ​ဆောင်​လာ​လျှင်​သင်​တို့​ကိုး​ကွယ်​သော နာ​မည်​ခံ​ဘု​ရား​များ​၏​ယဇ်​ပု​ရော​ဟိတ် အ​ရာ​ကို​ရ​ရှိ​နိုင်​ပါ​သည်​တ​ကား။

အခန်းကိုကြည့်ပါ။

Garrad Bible

သင် တို့ သည်၊ ထာ ဝ ရ ဘု ရား၏ ပ ရော ဟိတ် ဖြစ် သူ အာ ရုန့် အ နွယ်၊ လေ ဝိ ဂိုဏ်း သား တို့ ကို နှင် ထုတ် လျက်၊ လူ မျိုး ခြား တို့ ထုံး နည်း အ လိုက်၊ ပ ရော ဟိတ် များ ကို ခန့် ထား ကြ ပြီ မ ဟုတ် လော။ မည် သူ မ ဆို၊ နွား ပေါက် တစ် ကောင်၊ သိုး ထီး ခု နစ် ကောင် ပါ လျက်၊ ကိုယ် ကို သီး သန့် ရာ လာ လျှင်၊ ဘု ရား မ ဟုတ် သော အ ရုပ် ထံ၊ ပ ရော ဟိတ် အ ရာ ကို ခံ နိုင် ကြ သည် တ ကား။

အခန်းကိုကြည့်ပါ။

Judson Bible

သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား ခန့်​ထား​တော်​မူ​သော ယဇ်​ပု​ရော​ဟိတ်၊ အာ​ရုန်​အ​မျိုး​နှင့် လေ​ဝိ​အ​မျိုး​သား​တို့​ကို နှင်​ထုတ်၍၊ တစ်​ပါး​အ​မျိုး​သား​ထုံး​စံ​အ​တိုင်း၊ ကိုယ်​အ​ဖို့ ယဇ်​ပု​ရော​ဟိတ်​တို့​ကို လုပ်​ကြ​ပြီ​မ​ဟုတ်​လော။ ထို​သို့​နှင့်​အ​ညီ၊ နွား​သ​ငယ်​တစ်​ကောင်​နှင့် သိုး​ခု​နစ်​ကောင်​ကို​ပေး၍၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​ခြင်း​ကို ခံ​သော​သူ​မည်​သည်​ကား၊ ဘု​ရား​မ​ဟုတ်​သော​သူ​ထံ​မှာ ယဇ်​ပု​ရော​ဟိတ်​ပြု​ရ​သည်​တ​ကား။

အခန်းကိုကြည့်ပါ။



၂ ရာ​ချုပ် 13:9
19 ပူးပေါင်းရင်းမြစ်များ  

ဤသို့​ဖြစ်ပျက်​ခဲ့​ပြီးနောက်​တွင်​လည်း ယေရောဗောင်​မင်းကြီး​သည် လမ်းမှား​ကို​မ​စွန့်​။ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​များ​တွင် ယဇ်ပုရောဟိတ်​ကို သာမန်လူ​များ​ထဲမှ ရွေးကောက်​ခန့်ထား​၏​။ ယဇ်ပုရောဟိတ်​လုပ်​လို​သူ​များ​ကို မိမိကိုယ်တိုင်​ခန့်အပ်​ရာ ထို​သူ​တို့​သည် အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​များ​တွင် ယဇ်ပုရောဟိတ်​များ​ဖြစ်လာ​ကြ​၏​။


သူ​တို့​၏​ဘုရား​များ​ကို​လည်း မီး​ထဲသို့​လွှင့်ပစ်​ကြ​ပြီ​။ ထို​ဘုရား​တို့​သည် ဘုရား​မ​ဟုတ်​၊ လူ့​လက်​ဖြင့်​လုပ်​သော သစ်သား​နှင့် ကျောက်​များ​သာ​ဖြစ်​ပါ​၏​။ ထို့ကြောင့် ထို​ဘုရား​တို့​ကို​လည်း ဖျက်ဆီး​ပစ်​ကြ​ပြီ​။


လက်မှုပညာသည်​များ အလုပ်​လုပ်​ဖို့​လိုအပ်​သမျှ ရွှေ​ထည်​အတွက် ရွှေ​၊ ငွေ​ထည်​အတွက် ငွေ များ​ကို​လည်း လှူ​၏​။ ယခု ထာဝရဘုရား​အဖို့ မည်သူ​က ကိုယ့်ကိုယ်ကို ဆက်ကပ်​ပေးလှူ​လို​သနည်း​”​ဟု မိန့်​တော်မူ​လျှင်


ငါ​တို့​အဖို့​မူကား ထာဝရဘုရား​သည် ငါ​တို့​၏​ဘုရား ဖြစ်​၏​။ ငါ​တို့​သည် ဘုရားသခင်​ကို မ​စွန့်ပယ်​။ အာရုန်​၏​သား​များ​သည် ထာဝရဘုရား​၏​အမှု​တော်​ကို​ထမ်းဆောင်​သော​ယဇ်ပုရောဟိတ်​များ ဖြစ်​ကြ​၏​။ လေဝိ​အမျိုးသား​တို့​သည်​လည်း အမှု​တော်​ကို ထမ်းဆောင်​လျက်​ရှိ​ကြ​၏​။


ထိုအခါ ဟေဇကိ​မင်းကြီး​က သူ​တို့​အား “​သင်​တို့​သည် ထာဝရဘုရား​ထံ မိမိတို့ကိုယ်ကို​ဆက်ကပ်​ကြ​ပြီ​ဖြစ်၍ ထာဝရဘုရား​၏​အိမ်​တော်​သို့ ပူဇော်သက္ကာ​များ​၊ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​များ​ကို ယူဆောင်​လာ​ကြ​လော့​”​ဟု မိန့်ဆို​၏​။ လူအစုအဝေး​တို့​သည်​လည်း ပူဇော်သက္ကာ​များ​၊ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​များ​ကို ယူဆောင်​လာ​ကြ​၏​။ စေတနာစိတ်​အလျောက်​ပူဇော်​သော မီးရှို့ရာယဇ်​အပေါင်း​တို့​ကို​လည်း ယူဆောင်​လာ​ကြ​၏​။


အာရုန်​နှင့်​သူ​၏​သား​တို့​သည် ယဇ်ပုရောဟိတ်​အဖြစ် ငါ့​ထံ၌​အမှု​တော်​ကို​ဆောင်ရွက်​ရာ​တွင် သူ​တို့​သန့်ရှင်း​ရန် သင်​ပြု​ရ​မည့်​အရာ​ကား ဤသို့​တည်း​။ နွားအုပ်​ထဲမှ နွားထီးပျို​တစ်​ကောင်​နှင့် အပြစ်အနာအဆာကင်း​သော​သိုးထီး​နှစ်​ကောင်​ကို ယူ​လော့​။


အာရုန်​၏​သန့်ရှင်း​သော​အဝတ်တန်ဆာ​သည် နောင်လာမည့်​သူ​၏​သားမြေး​များ ဘိသိက်ပေး​ခြင်း​၊ ခန့်အပ်​ခြင်း​ခံ​ရာ​တွင် ဝတ်ဆင်​ရန်​အတွက် ဖြစ်​ရ​မည်​။


ငါ​မိန့်မှာ​လေသမျှ​အတိုင်း အာရုန်​နှင့်​သူ​၏​သား​တို့​အတွက် ခန့်အပ်​ခြင်း​မင်္ဂလာ​ကို ခုနစ်​ရက်​ပတ်လုံး ကျင်းပ​ရ​မည်​။


ထိုအခါ မောရှေ​က “​သင်​တို့​သည် ကိုယ့်​သားရင်း​၊ ကိုယ့်​ညီအစ်ကိုရင်း​ကို တိုက်ခိုက်​ကြ​ပြီ​။ ထို့ကြောင့် ယနေ့ သင်​တို့​အား ကောင်းချီး​ပေး​တော်မူ​မည့်​အကြောင်း ထာဝရဘုရား​ထံ ကိုယ့်ကိုယ်ကိုယ်​ဆက်ကပ်​ကြ​လော့​”​ဟု ဆို​၏​။


လူမျိုးခြား​တို့​သည် ဘုရား​မ​ဟုတ်​သော သူ​တို့​၏​ဘုရား​များ​ကို​ပင် အလဲအလှယ်​ပြု​ဖူး​ကြ​သလော​။ ငါ့​လူမျိုး​တို့​မူကား မိမိ​တို့​၏​ဘုန်းအသရေ​ကို အကျိုး​မ​ပေး​သော​အရာ​နှင့် အလဲအလှယ်​ပြု​ကြ​လေ​ပြီ​။


“​သင့်​ကို ငါ​မည်သို့ ခွင့်လွှတ်​နိုင်​မည်နည်း​။ သင်​၏​သားသမီး​တို့​သည် ငါ့​ကို​စွန့်ပစ်​၍ ဘုရား​မ​ဟုတ်​သော​ဘုရား​တို့​ကို တိုင်တည်ကျိန်ဆို​ကြ​ပြီ​။ ငါ​သည် သူ​တို့​ကို ပြည့်စုံကြွယ်ဝ​စေ​သော်လည်း သူ​တို့​သည် အိမ်ထောင်ရေးဖောက်ပြန်​၍ ပြည့်တန်ဆာ​အိမ်​၌ စုဝေး​ကြ​ပြီ​။


အကယ်စင်စစ် ထို​ရုပ်တု​သည် အစ္စရေး​ထံမှ အစပြု​ခဲ့​၏​။ လက်မှုပညာသည်​က ထုလုပ်​သည်​ဖြစ်၍ ဘုရား မ​ဟုတ်​။ ရှမာရိ​အမျိုး​၏​နွားသငယ်ရုပ်တု​သည် တစ်စစီ​ကျိုးပဲ့​ရ​လိမ့်မည်​။


မိမိ​ဖခင်​အရိုက်အရာ​၌ ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ကို​ဆောင်ရွက်​ရန် ဘိသိက်ပေး​၍ ခန့်အပ်​ခြင်း​ခံရ​သော ယဇ်ပုရောဟိတ်​သည် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရ​မည်​။ သူ​သည် သန့်ရှင်း​သော​အဝတ်တန်ဆာ​ဖြစ်​သည့် ပိတ်ချော​အဝတ်တန်ဆာ​ကို ဝတ်ဆင်​၍


“​အာရုန်​နှင့်​သူ​၏​သား​များ​၊ အဝတ်တန်ဆာ​များ​၊ ဘိသိက်​ဆီ​၊ အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​တစ်​ကောင်​၊ သိုးထီး​နှစ်​ကောင်​၊ တဆေးမဲ့မုန့်​တောင်း​ကို ယူဆောင်​လာ​ပြီး


သို့သော် သင်​တို့​မြင်​ရ၊ ကြား​ရ​သည့်​အတိုင်း ဤ​ပေါလု​ဆို​သူ​က လူ့​လက်​ဖြင့်​လုပ်​သော​အရာ​များ​သည် ဘုရား​မ​ဟုတ်​ဟု​ဆို​လျက် ဧဖက်​မြို့​သာမက​အာရှ​ပြည်​တစ်ပြည်လုံး​နီးပါး​၌ များစွာ​သော​လူ​တို့​ကို စည်းရုံး​ပြီး လမ်းလွဲ​စေ​ခဲ့​၏။


သို့သော် ဘုရားသခင်​ကို​မ​သိ​ခဲ့​စဉ်​က သင်​တို့​သည် ပင်ကို​အားဖြင့် ဘုရား​မ​ဟုတ်​သော​အရာ​များ​ထံ ကျွန်ခံ​ခဲ့​ကြ​၏။


ဘုရားသခင် မ​ဟုတ်​သော နတ်ဆိုး​များ​ကို ပူဇော်​ကြ​ပြီ​။ သူ​တို့​မ​သိ​သော​ဘုရား​၊ နောက်​မှ​ပေါ်လာ​သော​ဘုရား​အသစ်​၊ ဘိုးဘေး​တို့​မ​ကြောက်​သော​ဘုရား တို့​ကို ပူဇော်​ကြ​ပြီ​။