တရားဟော 32:17 - မြန်မာ့စံမီသမ္မာကျမ်း17 ဘုရားသခင် မဟုတ်သော နတ်ဆိုးများကို ပူဇော်ကြပြီ။ သူတို့မသိသောဘုရား၊ နောက်မှပေါ်လာသောဘုရားအသစ်၊ ဘိုးဘေးတို့မကြောက်သောဘုရား တို့ကို ပူဇော်ကြပြီ။ အခန်းကိုကြည့်ပါ။Common Language Bible17 သူတို့သည်ဘိုးဘေးတို့မကိုးကွယ်ခဲ့ဘူးသော ဣသရေလလူမျိုးမဆည်းကပ်ခဲ့ဘူးသော၊ ဘုရားသစ်များအားယဇ်ပူဇော်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible17 ဘု ရား မ ဟုတ် သော နတ် ဆိုး၊ ကိုယ် တိုင် မ သိ၊ ဘိုး ဘေး တို့ မ ကျွမ်း၊ နောက် ပေါ် ဘု ရား တု များ အား ပူ ဇော် ကြ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible17 ဘုရားမဟုတ်သော နတ်ဆိုး၊ မသိဖူးသောဘုရား၊ ဘိုးဘေးတို့ မကြောက်ဖူးသော ဘုရားသစ်တို့အား ယဇ်ပူဇော်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုဘေးဒဏ်များဖြင့် မသေဘဲကျန်ခဲ့သောသူတို့သည် နတ်ဆိုးများကိုလည်းကောင်း၊ ရွှေ၊ ငွေ၊ ကြေးနီ၊ ကျောက်၊ သစ်သားတို့ဖြင့် ပြုလုပ်ထားသော မမြင်နိုင်၊ မကြားနိုင်၊ လမ်းမလျှောက်နိုင်သည့် ရုပ်တုများကိုလည်းကောင်း မကိုးကွယ်ဘဲနေရန် မိမိတို့လက်ဖြင့်ပြုလုပ်သောအရာများအတွက် နောင်တမရကြ။
သူတို့အား ငါမိန့်မှာထားသောလမ်းမှ အလျင်အမြန်လွဲသွားကြပြီ။ သူတို့သည် မိမိတို့အဖို့ နွားသငယ်ရုပ်တုကို သွန်းလုပ်၍ ရှိခိုးကိုးကွယ်ကြပြီ။ ထိုရုပ်တုအား ယဇ်ပူဇော်၍ ‘အို အစ္စရေးလူမျိုး၊ ဤသည်ကား သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူသော သင်တို့၏ဘုရားဖြစ်သည်’ဟူ၍ ပြောဆိုကြလေပြီ”ဟု မိန့်တော်မူ၏။