ရောဗောင်မင်းကြီးသည် မိမိကိုယ်ကိုနှိမ့်ချသောကြောင့် ထာဝရဘုရား၏အမျက်တော်သည် သူ့ထံမှလွှဲသွားလေ၏။ အကုန်အစင်ဖျက်ဆီးခြင်းကို မခံရ။ ထို့ကြောင့် ယုဒပြည်အေးချမ်းသာယာသွားလေ၏။
၂ ရာချုပ် 12:6 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ရှင်ဘုရင်နှင့် အစ္စရေးအကြီးအကဲတို့က မိမိကိုယ်ကိုနှိမ့်ချပြီး “ထာဝရဘုရား ဖြောင့်မတ်တော်မူပါ၏”ဟု ဆိုကြ၏။ Common Language Bible မင်းကြီးနှင့်ခေါင်းဆောင်များသည်မိမိ တို့အပြစ်ကူးခဲ့သည်ကိုဝန်ခံကြပြီး လျှင်``ထာဝရဘုရားသည်တရားမျှတ တော်မူပါ၏'' ဟုဆိုကြ၏။ Garrad Bible ထာ ဝ ရ ဘု ရား ဖြောင့် မတ် တော် မူ သည် ဟု ဘု ရင် မင်း နှင့် ယု ဒ မှူး မတ် တို့ နှိမ့် ချ စွာ ဝန် ခံ ကြ လေ ၏။ Judson Bible ရှင်ဘုရင်နှင့် ယုဒမင်းတို့က၊ ထာဝရဘုရား ဖြောင့်မတ်တော်မူသည်ဟု ဆို၍၊ မိမိတို့ကို နှိမ့်ချကြ၏။ |
ရောဗောင်မင်းကြီးသည် မိမိကိုယ်ကိုနှိမ့်ချသောကြောင့် ထာဝရဘုရား၏အမျက်တော်သည် သူ့ထံမှလွှဲသွားလေ၏။ အကုန်အစင်ဖျက်ဆီးခြင်းကို မခံရ။ ထို့ကြောင့် ယုဒပြည်အေးချမ်းသာယာသွားလေ၏။
ယောရှဖတ်မင်းကြီး၏သားတော်ယဟောရံတွင် အာဇရိ၊ ယေဟေလ၊ ဇာခရိ၊ အာဇရိ၊ မိက္ခေလ၊ ရှေဖတိ စသောညီအစ်ကိုများ ရှိ၏။ ဤသူအားလုံးသည် အစ္စရေးဘုရင်ယောရှဖတ်မင်းကြီး၏သားတော်များ ဖြစ်၏။
သို့သော် ဟေဇကိမင်းကြီးနှင့် ဂျေရုဆလင်မြို့သားတို့သည် ဘဝင်မြင့်ရာမှ မိမိကိုယ်ကိုနှိမ့်ချကြသဖြင့် ဟေဇကိမင်းကြီးလက်ထက်တွင် သူတို့အပေါ် ထာဝရဘုရား၏အမျက်တော် မကျရောက်ခဲ့ပေ။
ထိုသို့ ဒုက္ခရောက်သောအခါ မနာရှေမင်းကြီးသည် သူ၏ဘုရားသခင်ထာဝရဘုရား၏မျက်နှာတော်ကို ရှာလျက် ဘိုးဘေးတို့၏ဘုရားသခင်ရှေ့တော်တွင် မိမိကိုယ်ကိုအလွန်နှိမ့်ချလေ၏။
သူ၏ဆုတောင်းချက်၊ သူ့ကိုဘုရားသခင်နားညောင်းတော်မူခြင်း၊ မိမိကိုယ်ကို မနှိမ့်ချမီ သူသစ္စာမဲ့၍ပြုမိခဲ့သောအပြစ်အားလုံး၊ အထွတ်အမြတ်ထားရာနေရာများတည်ခြင်း၊ အာရှရနတ်ဘုရားမတံခွန်တိုင်နှင့် ရုပ်တုများစိုက်ထူခြင်း စသည်တို့ကို ဟောဇဲ၏မှတ်တမ်းတွင် ရေးမှတ်ထားလျက်ရှိ၏။
ခမည်းတော်မနာရှေမင်းကြီးသည် မိမိကိုယ်ကိုနှိမ့်ချခဲ့သော်လည်း အာမုန်မင်းကြီးမူကား ထာဝရဘုရားရှေ့တော်တွင် မိမိကိုယ်ကိုမနှိမ့်ချခဲ့သည်သာမက ပို၍ပင်အပြစ်ပြုသေး၏။
သူသည် လူတို့ကိုကြည့်ရှု၍ ‘ငါသည် ဖြောင့်မှန်သောလမ်းမှလွဲ၍ အပြစ်ပြုမိပြီ။ သို့သော် ငါခံထိုက်သောအပြစ်ကို ခံစေတော်မမူ။
သို့သော် ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ ကိုယ်တော်သည် ဆိုးယုတ်သောသူတို့၏ကြိုးများကို အပိုင်းပိုင်းဖြတ်တော်မူ၏။
မောရှေနှင့်အာရုန်တို့သည်လည်း ဖာရောမင်းကြီးထံသို့ဝင်၍ “ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက ‘သင်သည် ငါ့ရှေ့၌ ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချဘဲ မည်မျှကြာအောင်တင်းခံနေမည်နည်း။ ငါ၏လူမျိုးတော်သည် ငါ့ကိုဝတ်ပြုရန် သူတို့ကိုလွှတ်လော့။
ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်ကိုဆင့်ခေါ်ပြီးလျှင် “ဤတစ်ကြိမ်ကား ငါပြစ်မှားမိပြီ။ ထာဝရဘုရားသာလျှင် ဖြောင့်မတ်တော်မူ၏။ ငါနှင့်ငါ့လူတို့မူကား ဆိုးယုတ်သောသူများဖြစ်ကြပါ၏။
ထာဝရဘုရားအမိန့်တော်ရှိ၏။ နားထောင်ကြ။ အာရုံစိုက်ကြလော့။ မထောင်လွှားကြနှင့်။
ရှင်ဘုရင်နှင့်မယ်တော်အား “သင်တို့၏ဘုန်းသရဖူသည် သင်တို့၏ခေါင်းမှ ပြုတ်ကျပြီဖြစ်၍ နိမ့်ကျသောနေရာ၌ ထိုင်လော့”ဟု ပြောလော့။
ယနေ့တိုင်အောင် သူတို့သည် နှိမ့်ချသောစိတ်၊ ကြောက်ရွံ့သောစိတ် မရှိကြ။ သင်တို့နှင့်သင်တို့၏ဘိုးဘေးတို့အား ငါချမှတ်ပေးထားသောပညတ်တရားနှင့် ပြဋ္ဌာန်းချက်များကို သူတို့မလိုက်လျှောက်ကြ’ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ ငါမူကား ထာဝရဘုရား၏အမိန့်တော်ကို ဖီဆန်လေပြီ။ လူမျိုးအပေါင်းတို့၊ နားထောင်ကြလော့။ ငါခံရသောဒုက္ခဝေဒနာကို ကြည့်ရှုကြလော့။ ငါ၏အပျို၊ လူပျိုတို့သည် သုံ့ပန်းအဖြစ် လိုက်ပါသွားရလေပြီ။
သို့သော် သူ၏သားတော်ဖြစ်သူ အရှင်ဗေလရှာဇာ၊ သင်သည် ထိုအမှုအလုံးစုံကို သိလျက်ပင် စိတ်နှလုံးမနှိမ့်ချဘဲ
ထာဝရဘုရားသည် စောင့်ကြည့်လျက် အကျွန်ုပ်တို့ကို ဘေးဆိုးသင့်စေပြီ။ စင်စစ် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား ပြုတော်မူသောအမှုအလုံးစုံတို့သည် ဖြောင့်မှန်ပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏စကားတော်ကို နားမထောင်ဘဲ နေမိခဲ့ကြပါ၏။
သူတို့သည် ကိုယ့်အပြစ်ကိုမဝန်ခံမချင်း၊ ငါ့မျက်နှာကိုမရှာမချင်း စံမြန်းရာသို့ ငါပြန်သွားနေမည်။ သူတို့သည် ဆင်းရဲဒုက္ခရောက်သောအခါ ငါ့ကို ကြိုးစားရှာကြလိမ့်မည်။”
သင်တို့အား ငါဆိုသည်ကား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် မိမိအိမ်သို့ပြန်သွားသောသူမှာ ဤအခွန်ကောက်ခံသူဖြစ်၍ ထိုဖာရိရှဲမဟုတ်။ အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
အကြောင်းမှာ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုမသိဘဲ မိမိ၏ဖြောင့်မတ်ခြင်းကိုတည်စေရန် ရှာကြံလျက် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မနာခံသောကြောင့်ဖြစ်၏။
ထာဝရဘုရားရှေ့တော်၌ မိမိကိုယ်ကိုနှိမ့်ချကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်တို့ကိုချီးမြှောက်တော်မူလိမ့်မည်။
သို့သော် ကိုယ်တော်သည် ပို၍ကြီးမြတ်သောကျေးဇူးတော်ကိုပေးတော်မူ၏။ သို့ဖြစ်၍ “ဘုရားသခင်သည် မာနထောင်လွှားသောသူတို့ကို ဆန့်ကျင်၍ နှိမ့်ချသောသူတို့အား ကျေးဇူးတော်ကိုခံစားစေတော်မူ၏”ဟု ကျမ်းစာ၌ဆိုထား၏။
ထိုအခါ အဒေါနိဗေဇက်မင်းကြီးက “ငါသည် ဘုရင်အပါးခုနစ်ဆယ်တို့၏ခြေမ၊ လက်မကိုဖြတ်၍ ငါ့စားပွဲအောက်၌စားနုပ်စားပေါက်တို့ကိုကောက်စားစေခဲ့၏။ ဘုရားသခင်သည် ငါပြုခဲ့သည့်အတိုင်း ငါ့အားပြန်ပြုတော်မူပြီ”ဟု ဆိုလေ၏။ သူတို့သည် အဒေါနိဗေဇက်မင်းကြီးကို ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွားပြီး ထိုမြို့၌ပင် သူသေလေ၏။