သူနှင့်အတူ စစ်ရထားအစီးရေတစ်ထောင့်နှစ်ရာ၊ မြင်းစီးသူရဲခြောက်သောင်းနှင့် မရေမတွက်နိုင်သော အီဂျစ်ပြည်မှ လစ်ဗျားလူမျိုး၊ သုကိလူမျိုး၊ အီသီယိုးပီးယားလူမျိုးတို့၏စစ်သည်များ လိုက်ပါလာကြ၏။
သူသည်စစ်ရထားတစ်ထောင့်နှစ်ရာ၊ မြင်းစီး သူရဲခြောက်သောင်းနှင့်လိဗုပြည်သား၊ သုကိ ပြည်သား၊ ဆူဒန်ပြည်သားတို့အပါအဝင် မရေမတွက်နိုင်သောစစ်သည်တော်များပါ ရှိသည့်တပ်မတော်ကြီးကိုခေါင်းဆောင်၍ လာ၏။-
အဲဂုတ္တုရှင်ဘုရင်ရှိရှက်သည် ရထားတစ်ထောင်နှစ်ရာ၊ မြင်းစီးသူရဲခြောက်သောင်း၊ မရေတွက်နိုင်သော အဲဂုတ္တုပြည်သားများ၊ လိဗုပြည်သား၊ သုကိပြည်သား၊ အဲသယောပိပြည်သားတို့နှင့်တကွ၊ ယေရုရှလင်မြို့သို့ စစ်ချီ၍၊
ဆီးရီးယားလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ရှေ့မှ ထွက်ပြေးကြပြန်၍ ဒါဝိဒ်မင်းကြီးသည် ဆီးရီးယားလူမျိုးတို့၏စစ်ရထားမှူး အယောက်ခုနစ်ရာ၊ မြင်းစီးသူရဲ အယောက်လေးသောင်းတို့ကို ကွပ်မျက်ပစ်လေ၏။ စစ်သူကြီးရှောဗက်ကိုလည်း ထိုနေရာတွင်ပင် အသေသတ်လိုက်လေ၏။
အကြောင်းမှာ ဘုရားရှင်သည် ဆီးရီးယားတပ်သားတို့အား စစ်ရထားသံ၊ မြင်းခွာသံများဖြင့် စစ်တပ်ကြီးချီလာသောအသံကို ကြားရစေတော်မူသဖြင့် သူတို့က “ကြည့်ပါ။ အစ္စရေးဘုရင်သည် ငါတို့ကို တိုက်ခိုက်ရန် ဟိတ္တိဘုရင်၊ အီဂျစ်ဘုရင်တို့ကို စစ်ကူတောင်းပြီးချီလာလေပြီ”ဟု အချင်းချင်းပြောဆိုကြလျက်
ထာဝရဘုရားသည် အီသီယိုးပီးယားလူမျိုးကို အာသမင်းကြီးနှင့်ယုဒလူမျိုးတို့ရှေ့၌ ရှုံးနိမ့်စေသဖြင့် အီသီယိုးပီးယားလူမျိုးတို့ ထွက်ပြေးကြလေ၏။
အာသမင်းကြီး၌ ယုဒအမျိုးတွင် ဒိုင်းလွှားကြီးနှင့်လှံကိုင်စွဲသူ စစ်သည်သုံးသိန်း၊ ဗင်္ယာမိန်အမျိုးတွင် ဒိုင်းလွှားငယ်ကိုင်စွဲသူနှင့် လေးသည်တော် နှစ်သိန်းရှစ်သောင်း ရှိ၏။ သူတို့အားလုံးသည် ရဲစွမ်းသတ္တိထက်မြက်သောစစ်သူရဲများ ဖြစ်ကြ၏။
ထို့နောက်တွင် အီသီယိုးပီးယားလူမျိုးဇေရသည် စစ်သည်တစ်သန်း၊ စစ်ရထားသုံးရာနှင့်ချီလာပြီး မရေရှမြို့သို့ရောက်လာရာ
အီသီယိုးပီးယားလူမျိုးနှင့် လစ်ဗျားလူမျိုးတို့တွင်လည်း စစ်ရထားနှင့် မြင်းစီးသူရဲမြောက်မြားစွာရှိသောစစ်တပ်ကြီးရှိသည် မဟုတ်လော။ သို့သော် သင်သည် ထာဝရဘုရားကို ကိုးစားသောကြောင့် သူတို့ကို သင့်လက်သို့ အပ်တော်မူခဲ့၏။
အကြောင်းမူကား ငါသည် သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ အစ္စရေးလူမျိုး၏သန့်ရှင်းသောဘုရားဖြစ်၏။ သင်၏ကယ်တင်ရှင်ဖြစ်၏။ သင့်ကို ရွေးနုတ်စရာအဖိုးအခအဖြစ် အီဂျစ်ပြည်ကိုလည်းကောင်း၊ သင့်ကိုယ်စား အီသီယိုးပီးယားပြည်နှင့် သေဘပြည်တို့ကိုလည်းကောင်း ငါပေးအပ်လိုက်၏။
အီသီယိုးပီးယားပြည်သား၊ ဖုတပြည်သား၊ လုဒပြည်သား၊ အာရေဗျပြည်သား၊ ခုဘပြည်သား စသည့် အီဂျစ်ပြည်နှင့်မဟာမိတ်ဖွဲ့သော ပြည်သားအားလုံး ဓားဘေးဖြင့် လဲကျသေဆုံးကြလိမ့်မည်’ဟု မိန့်တော်မူ၏။
အီဂျစ်ပြည်၏ရွှေငွေဘဏ္ဍာတိုက်နှင့် အဖိုးတန်ရတနာအားလုံးကို လက်ဝါးကြီးအုပ်လိမ့်မည်။ လစ်ဗျားပြည်သား၊ အီသီယိုးပီးယားပြည်သားတို့သည်လည်း သူ့နောက်ကို လိုက်ကြလိမ့်မည်။
အီသီယိုးပီးယားပြည်နှင့် အီဂျစ်ပြည်သည် သူ့အဖို့ အတိုင်းအဆမရှိသောအင်အား ဖြစ်၏။ ဖုတပြည်နှင့် လစ်ဗျားပြည်သည်လည်း သူ့ကို ကူညီပေးသောသူများဖြစ်၏။
မြင်းစီးသူရဲတို့၏အရေအတွက်မှာ သန်းပေါင်းနှစ်ရာဖြစ်၏။ သူတို့၏အရေအတွက်ကို ငါကြားရ၏။
သိသရသည် သူ၏စစ်ရထားအားလုံး၊ သံစစ်ရထားကိုးရာနှင့် မိမိလူအပေါင်းတို့ကို စုစည်းပြီးလျှင် ဟာရောရှက်ဟာဂေါအိမ်မြို့မှ ကိရှုန်မြစ်သို့ ချီတက်ကြ၏။
သူတို့သည် တိရစ္ဆာန်များ၊ တဲများနှင့်တကွ ချီတက်လာကြ၏။ ကျိုင်းကောင်အုပ်ကြီးသဖွယ် ချီလာ၍ အစ္စရေးပြည်ကို ဖျက်ဆီးကြ၏။ သူတို့နှင့် သူတို့၏ကုလားအုတ်များလည်း မရေတွက်နိုင်အောင် များပြားလှ၏။
ဖိလိတ္တိလူမျိုးတို့သည်လည်း အစ္စရေးလူမျိုးတို့ကို ပြန်လည်တိုက်ခိုက်ရန် စုဝေးကြပြီးလျှင် စစ်ရထားသုံးသောင်း၊ မြင်းစီးသူရဲခြောက်ထောင်၊ ပင်လယ်ကမ်းခြေရှိသဲလုံးနှင့်အမျှများပြားသောစစ်သည်တို့နှင့်တကွ ချီတက်လာ၍ ဗေသဝင်မြို့အရှေ့ဘက် မိတ်မတ်မြို့၌ စခန်းချကြ၏။