ထိုသို့ မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်တို့ကို ပူဇော်ပြီးသောအခါ ဒါဝိဒ်မင်းကြီးသည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏နာမတော်၌ လူတို့ကို ကောင်းချီးပေးလေ၏။
၂ ရာ 6:19 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် အစ္စရေးလူထုတစ်ရပ်လုံးအား ယောက်ျားမိန်းမ မကျန် တစ်ဦးလျှင် မုန့်တစ်လုံး၊ အသားတစ်တုံး၊ စပျစ်ပျဉ်တစ်ချပ် ဝေပေး၏။ ထို့နောက် လူအပေါင်းတို့သည် အသီးသီးကိုယ့်အိမ်သို့ ပြန်သွားကြ၏။ Common Language Bible ဣသရေလပြည်တွင်ရှိသမျှသောအမျိုး သားအမျိုးသမီးတို့အားမုန့်တစ်လုံး၊ အမဲ ကင်တစ်တုံးနှင့်စပျစ်ပျဉ်တစ်ပြားစီကို ဝေငှတော်မူ၏။ ထိုနောက်လူအပေါင်းတို့ သည်မိမိတို့၏အိမ်သို့ပြန်သွားကြ၏။ Garrad Bible ဣ သ ရေ လ တစ် မျိုး လုံး တည်း ဟူ သော ထို ပ ရိ သတ်၊ ယောက်ျား၊ မိန်း မ တို့ အား တစ် ယောက် လျှင် မုန့် ပေါက် တစ် လုံး၊ အ မဲ တစ် တုံး၊ စ ပျစ် ပြဉ် တစ် ပြား စီ ဝေ ငှ ပြီး နောက် အ သီး အ သီး ကိုယ့် အိမ် သို့ ပြန် သွား ရ ကြ၏။ Judson Bible ဣသရေလပရိသတ် ယောက်ျားမိန်းမအပေါင်းတို့အား မုန့်တစ်ပြား၊ အမဲသားတစ်တစ်၊ စပျစ်သီးပျဉ် တစ်ပြားစီ ဝေငှပြီးမှ၊ လူအပေါင်းတို့သည် မိမိတို့နေရာသို့ ပြန်သွားကြ၏။ |
ထိုသို့ မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်တို့ကို ပူဇော်ပြီးသောအခါ ဒါဝိဒ်မင်းကြီးသည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏နာမတော်၌ လူတို့ကို ကောင်းချီးပေးလေ၏။
ထို့နောက် အိမ်သူအိမ်သားတို့ကို ကောင်းချီးပေးရန် ဒါဝိဒ်မင်းကြီး ပြန်လာသောအခါ ရှောလု၏သမီး မိခါလသည် ထွက်လာ၍ ဒါဝိဒ်မင်းကြီးကို ကြိုဆိုပြီး “ယနေ့တွင် အစ္စရေးဘုရင်သည် ကျွန်ယောက်ျား၊ ကျွန်မိန်းမများရှေ့၌ စိတ်လွတ်ကိုယ်လွတ်ကခုန်နေသည်မှာ ကျက်သရေရှိလှပါသည်တကား။ လူမိုက်တစ်ယောက် စိတ်လွတ်ကိုယ်လွတ်ပြုမူသကဲ့သို့ပါတကား”ဟု ဆို၏။
ရှစ်ရက်မြောက်သောနေ့တွင် လူတို့ကို ပြန်လွှတ်လိုက်ရာ သူတို့သည်လည်း ရှင်ဘုရင်ကိုကောင်းချီးပေးပြီး ထာဝရဘုရားက မိမိအစေအပါးဒါဝိဒ်နှင့် မိမိလူမျိုးတော်အစ္စရေးတို့အဖို့ ပြုတော်မူသောကောင်းကျိုးချမ်းသာအလုံးစုံကြောင့် ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် မိမိတို့နေရပ်သို့ပြန်သွားကြ၏။
ထို့နောက် အစ္စရေးလူထုတစ်ရပ်လုံးအား ယောက်ျားမိန်းမ မကျန် တစ်ဦးလျှင် မုန့်တစ်လုံး၊ အသားတစ်တုံး၊ စပျစ်ပျဉ်တစ်ချပ် ဝေပေး၏။
ထို့နောက် လူအပေါင်းတို့သည် အသီးသီးကိုယ့်အိမ်သို့ပြန်သွားကြ၏။ ဒါဝိဒ်မင်းကြီးသည်လည်း မိမိအိမ်သူအိမ်သားတို့ကို ကောင်းချီးပေးရန် ပြန်သွားလေ၏။
အကြောင်းမူကား ယုဒဘုရင်ဟေဇကိမင်းကြီးသည် လူထုတစ်ရပ်လုံးအတွက် နွားအကောင်ရေတစ်ထောင်၊ သိုးအကောင်ရေခုနစ်ထောင်ကို ပေးလှူပူဇော်၏။ မှူးမတ်တို့သည်လည်း လူထုအတွက် နွားအကောင်ရေတစ်ထောင်၊ သိုးအကောင်ရေတစ်သောင်းကို ပေးလှူပူဇော်ကြ၏။ များစွာသောယဇ်ပုရောဟိတ်တို့သည်လည်း မိမိကိုယ်ကိုသန့်ရှင်းခြင်းဝတ်ပြုကြ၏။
သတ္တမလ၊ နှစ်ဆယ့်သုံးရက်နေ့တွင် လူတို့ကို မိမိတို့အိမ်သို့ပြန်လွှတ်လိုက်၏။ ဒါဝိဒ်မင်းကြီး၊ ရှောလမုန်မင်းကြီးမှစ၍ မိမိလူမျိုးတော်အစ္စရေးအတွက် ထာဝရဘုရားပြုပေးသော ကောင်းကျိုးချမ်းသာများကြောင့် ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် ပြန်သွားကြ၏။
ထို့နောက် နေဟမိက လူတို့အား “ချိုမြိန်သောစားကောင်းသောက်ဖွယ်တို့ကို သွား၍ စားသောက်ကြလော့။ စားသောက်စရာမရှိသူတို့အား ဝေငှပေးလော့။ ယနေ့သည် ငါတို့အရှင်သခင်အဖို့ သန့်ရှင်းသောနေ့ဖြစ်၍ ဝမ်းမနည်းကြနှင့်။ ထာဝရဘုရားထံတော်မှ ဝမ်းမြောက်ခြင်းသည် သင်တို့အဖို့ ခွန်အားဖြစ်၏”ဟု ဆို၏။
အချစ်နာကျနေသောအကျွန်ုပ်ကို စပျစ်သီးခြောက်ကျွေး၍ အားဖြည့်ပေးပါ၏။ ပန်းသီးကျွေး၍လည်း လန်းဆန်းစေပါ၏။
မင်းသားသည် ပွဲတော်နေ့၊ လဆန်းနေ့၊ ဥပုသ်နေ့မှစ၍ အစ္စရေးအမျိုးသားတို့ တွေ့ဆုံစည်းဝေးရာအချိန်တို့တွင် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာ စသည်တို့ကို ဆက်သရန်တာဝန်ရှိသည်။ အစ္စရေးအမျိုးသားတို့ အပြစ်ဖြေလွှတ်ခြင်းအတွက် အပြစ်ဖြေရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ဆက်သရမည်။
တစ်ဖန် ထာဝရဘုရားက ငါ့အား “အခြားဘုရားနောက်သို့လိုက်၍ စပျစ်ပျဉ်ကိုနှစ်သက်သော အစ္စရေးအမျိုးသားတို့အား ထာဝရဘုရား ချစ်သည့်နည်းတူ အိမ်ထောင်ရှိလျက်ပင် အခြားသူတို့နှင့် အိမ်ထောင်ရေးဖောက်ပြန်သောမိန်းမကို တစ်ဖန်သွား၍ချစ်လော့”ဟု မိန့်တော်မူ၏။
ထိုသို့ကြိုးစားလုပ်ဆောင်၍ အားနည်းသောသူတို့ကို ကူညီမစသင့်ကြောင်းနှင့်‘ပေးကမ်းခြင်းသည် ရယူခြင်းထက် သာ၍မင်္ဂလာရှိသည်’ဟု သခင်ယေရှုကိုယ်တော်တိုင် မိန့်တော်မူသည့်စကားကို သတိရသင့်ကြောင်း အရာရာ၌ သင်တို့အား ငါပြသ၏”ဟု ဆိုလေ၏။
ထို့ကြောင့် “ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်သွားတော်မူသောအခါ ချုပ်နှောင်ထားသောသူကို ဖမ်းဆီးခေါ်ဆောင်သွား၍ လူတို့အား လက်ဆောင်များကိုပေးတော်မူ၏”ဟု ကျမ်းစာ၌ဆိုထား၏။
ထို့နောက် ယောရှုသည် သူတို့ကိုကောင်းချီးပေးပြီး ပြန်စေသဖြင့် သူတို့လည်း မိမိတို့အိမ်သို့ပြန်သွားကြလေ၏။