၂ ရာချုပ် 30:24 - မြန်မာ့စံမီသမ္မာကျမ်း
24 အကြောင်းမူကား ယုဒဘုရင်ဟေဇကိမင်းကြီးသည် လူထုတစ်ရပ်လုံးအတွက် နွားအကောင်ရေတစ်ထောင်၊ သိုးအကောင်ရေခုနစ်ထောင်ကို ပေးလှူပူဇော်၏။ မှူးမတ်တို့သည်လည်း လူထုအတွက် နွားအကောင်ရေတစ်ထောင်၊ သိုးအကောင်ရေတစ်သောင်းကို ပေးလှူပူဇော်ကြ၏။ များစွာသောယဇ်ပုရောဟိတ်တို့သည်လည်း မိမိကိုယ်ကိုသန့်ရှင်းခြင်းဝတ်ပြုကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
24 ဟေဇကိမင်းသည်လူတို့စားရန်အတွက် နွား ကောင်ရေတစ်ထောင်နှင့်သိုးကောင်ရေခုနစ်ထောင် ကိုပေးလှူတော်မူ၏။ မှူးမတ်များကလည်း နွားကောင်ရေတစ်ထောင်နှင့်သိုးကောင်ရေတစ် သောင်းကိုပေးလှူကြလေသည်။ ယဇ်ပုရော ဟိတ်အမြောက်အမြားပင်ဘာသာရေး ထုံးနည်းအရသန့်စင်မှုကိုပြုကြကုန်၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
24 ယုဒရှင်ဘုရင်ဟေဇကိသည် နွားတစ်ထောင်နှင့် သိုးခုနစ်ထောင်တို့ကိုလည်းကောင်း၊ မှူးမတ်တို့သည် နွားတစ်ထောင်နှင့် သိုးတစ်သောင်းကိုလည်းကောင်း၊ စည်းဝေးသောသူတို့အား ပေးကြ၏။ များစွာသောယဇ်ပုရောဟိတ်တို့သည် ကိုယ်ကို သန့်ရှင်းစေကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ