ဒါဝိဒ်မင်းကြီးသည် ရှောလုမင်းကြီး၏သား ဣရှဗောရှက်မင်းကြီးထံသို့လည်း တမန်ကိုစေလွှတ်၍ “ဖိလိတ္တိလူမျိုးတို့၏အရေဖျားတစ်ရာဖြင့် လဲယူခဲ့ရသော ငါ့မယားမိခါလကို ပြန်ပေးပါ”ဟု မှာလိုက်လေ၏။
၂ ရာ 6:16 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်မြို့တွင်းသို့ ထာဝရဘုရား၏သေတ္တာတော် ဝင်ရောက်လာသောအခါ ရှောလုမင်းကြီး၏သမီးတော် မိခါလသည် ပြတင်းပေါက်မှလှမ်းကြည့်ရာ ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်တွင် ကခုန်လျက်လိုက်ပါလာသည်ကို မြင်လျှင် သူ့စိတ်ထဲတွင် ဒါဝိဒ်မင်းကြီးကို မထီလေးစားပြုမိလေ၏။ Common Language Bible သေတ္တာတော်ကိုမြို့တွင်းသို့ပင့်ဆောင်လာသော အခါရှောလု၏သမီးတော်မိခါလသည် လေ သာပြူတင်းမှကြည့်လိုက်ရာထာဝရဘုရား ၏ရှေ့တော်၌ ဒါဝိဒ်မင်းကခုန်လျက်နေသည် ကိုမြင်လေသော်မင်းကြီးအားရွံရှာမိ၏။- Garrad Bible ဒါ ဝိဒ် မြို့ တော် တွင်း သို့ ထာ ဝ ရ ဘု ရား၏ သေ တ္တာ တော် ဝင် ရောက် ဆဲ အ ခါ ရှော လု မင်း သ မီး တော် မိ ခါ လ သည် ပြူ တင်း ပေါက် မှ စီး ကြည့်၍ ထာ ဝ ရ ဘု ရား ရှေ့ ဒါ ဝိဒ် မင်း က ခုန် လျက် လာ သည် ကို မြင် သော် Judson Bible ထာဝရဘုရား၏သေတ္တာတော်သည် ဒါဝိဒ်မြို့ထဲသို့ဝင်သောအခါ၊ ရှောလု၏သမီးမိခါလသည် ပြတင်းပေါက်ဖြင့်ကြည့်၍၊ ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်၌ ကလျက်ခုန်လျက်လာသည်ကိုမြင်၍ စိတ်နှလုံးထဲ၌ မထီမဲ့မြင်ပြု၏။ |
ဒါဝိဒ်မင်းကြီးသည် ရှောလုမင်းကြီး၏သား ဣရှဗောရှက်မင်းကြီးထံသို့လည်း တမန်ကိုစေလွှတ်၍ “ဖိလိတ္တိလူမျိုးတို့၏အရေဖျားတစ်ရာဖြင့် လဲယူခဲ့ရသော ငါ့မယားမိခါလကို ပြန်ပေးပါ”ဟု မှာလိုက်လေ၏။
သို့သော် ဒါဝိဒ်မင်းကြီးသည် ဒါဝိဒ်မြို့ ဟုခေါ်တွင်မည့် ဇိအုန်ခံတပ်ကို သိမ်းပိုက်နိုင်ခဲ့၏။
ဒါဝိဒ်မင်းကြီးအပါအဝင် အစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် ကြွေးကြော်သံ၊ တံပိုးမှုတ်သံများနှင့်တကွ ထာဝရဘုရား၏သေတ္တာတော်ကို သယ်ဆောင်လာကြ၏။
ထို့နောက် အိမ်သူအိမ်သားတို့ကို ကောင်းချီးပေးရန် ဒါဝိဒ်မင်းကြီး ပြန်လာသောအခါ ရှောလု၏သမီး မိခါလသည် ထွက်လာ၍ ဒါဝိဒ်မင်းကြီးကို ကြိုဆိုပြီး “ယနေ့တွင် အစ္စရေးဘုရင်သည် ကျွန်ယောက်ျား၊ ကျွန်မိန်းမများရှေ့၌ စိတ်လွတ်ကိုယ်လွတ်ကခုန်နေသည်မှာ ကျက်သရေရှိလှပါသည်တကား။ လူမိုက်တစ်ယောက် စိတ်လွတ်ကိုယ်လွတ်ပြုမူသကဲ့သို့ပါတကား”ဟု ဆို၏။
ဒါဝိဒ်မြို့တွင်းသို့ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော် ဝင်ရောက်လာသောအခါ ရှောလုမင်းကြီး၏သမီးတော် မိခါလသည် ပြတင်းပေါက်မှလှမ်းကြည့်ရာ ဒါဝိဒ်မင်းကြီး ကခုန်ပျော်မြူးနေသည်ကိုမြင်လျှင် သူ့စိတ်ထဲတွင် ဒါဝိဒ်မင်းကြီးကို မထီလေးစားပြုမိလေ၏။
အကျွန်ုပ်တို့ကိုသနားတော်မူပါ။ အို ထာဝရဘုရား၊ အကျွန်ုပ်တို့ကိုသနားတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်တို့သည် မထီမဲ့မြင်ပြုခြင်းကိုခံရသည်မှာ လွန်စွာငြီးငွေ့လှပါပြီ။
အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်အတွက် ကဲ့ရဲ့ပြစ်တင်ခြင်းကိုခံရပါ၏။ အသရေပျက်ခြင်းသည် အကျွန်ုပ်၏မျက်နှာကို ဖုံးလွှမ်းပါပြီ။
သူသည် မထီမဲ့မြင်ပြုခြင်းကိုခံရ၏။ လူတို့၏ငြင်းပယ်ခြင်းကိုခံရ၏။ ဒုက္ခဝေဒနာခံရသောသူ၊ နာကျင်ခြင်းဝေဒနာနှင့် မိတ်ဖွဲ့ရသူဖြစ်၏။ မျက်နှာလွှဲခြင်းဖြင့် သူ့ကိုမထီမဲ့မြင်ပြုကြ၏။ ငါတို့သည်လည်း သူ့ကိုအလေးမထားကြ။
သို့သော် လူအချို့တို့က “သူတို့သည် ဝိုင်ချိုဖြင့်မူးယစ်နေကြသည်”ဟု ကဲ့ရဲ့ပြောဆိုကြ၏။
ဇာတိနှင့်ဆိုင်သောလူသည် ဘုရားသခင်၏ဝိညာဉ်တော်နှင့်ဆိုင်သောအရာတို့ကို မခံယူပေ။ အကြောင်းမူကား ထိုအရာတို့သည် သူ့အတွက် မိုက်မဲသောအရာဖြစ်၏။ ထိုအရာတို့ကို ဝိညာဉ်အားဖြင့်သာ ပိုင်းခြား၍သိနိုင်သည်ဖြစ်၍ သူသည် ၎င်းတို့ကိုနားမလည်နိုင်။
ထို့ကြောင့် ရှောလုမင်းကြီးက ဒါဝိဒ်အား “ကြည့်လော့။ ငါ့သမီးအကြီးမေရပ်ကို သင်နှင့်ပေးစားမည်။ ငါ၏စစ်သူရဲအဖြစ်နေ၍ ထာဝရဘုရားအဖို့ တိုက်ပွဲဝင်ပါလော့”ဟု ဆို၏။ အကယ်စင်စစ် ရှောလုမင်းကြီးက “ငါ့လက်ချက်နှင့် သူမသေ။ ဖိလိတ္တိလူမျိုးတို့လက်ချက်ဖြင့် သေပါစေ”ဟု ကြံစည်ခြင်းဖြစ်၏။
ရှောလုမင်းကြီး၏သမီး မိခါလသည် ဒါဝိဒ်ကို ချစ်နှစ်သက်နေကြောင်း လျှောက်တင်ကြသောအခါ ရှောလုမင်းကြီးစိတ်ကြိုက်တွေ့သွား၏။