အဗရှလုံကလည်း “ထိုသို့ဖြစ်လျှင် အကျွန်ုပ်၏အစ်ကို အာမနုန်ကို အကျွန်ုပ်တို့နှင့်အတူ သွားခွင့်ပေးပါ”ဟု ဆိုလျှင် ရှင်ဘုရင်က “အဘယ်ကြောင့် သူ့ကို သွားစေလိုသနည်း”ဟု မေး၏။
၂ ရာ 3:27 - မြန်မာ့စံမီသမ္မာကျမ်း ဟေဗြုန်မြို့သို့ အာဗနာပြန်ရောက်လာသောအခါ ယွာဘက သူ့အား သီးခြားစကားပြောလိုသည်ဟု ဆို၍ သူ့ကိုမြို့တံခါးအတွင်းသို့ ခေါ်သွားပြီးလျှင် သူ့ဗိုက်ကို ဓားနှင့်ထိုးလိုက်လေ၏။ ယွာဘညီ အာသဟေလကို သတ်သောသွေးကြွေးအတွက် အာဗနာသေရလေ၏။ Common Language Bible ဟေဗြုန်မြို့သို့အာဗနာရောက်ရှိလာသော အခါ ယွာဘသည်မြို့တံခါးနံဘေးသို့ခေါ် ယူကာတီးတိုးပြောဆိုဆွေးနွေးဟန်ပြု၍ ဝမ်းကိုဋ္ဌားနှင့်ထိုးလိုက်၏။ ဤသို့လျှင်အာဗနာ သည်ယွာဘ၏ညီအာသဟေလကိုသတ်ခဲ့ သည့်အတွက်လုပ်ကြံခြင်းကိုခံရလေ၏။- Garrad Bible ဟေ ဗြုန် မြို့ သို့ ရောက် သော အ ခါ ယွာ ဘ သည် နှစ် ကိုယ့် တစ် စိတ် တိုင် ပင် လို ဟန် မြို့ တံ ခါး ဝ သို့ ခေါ် ပြီး လျှင် ညီ အာ သ ဟေ လ အ သွေး ကို သွန်း မိ သည့် အ တွက် ဝမ်း ကို ထိုး သတ် သ ဖြင့် အာ ဗ နာ သေ လေ ၏။ Judson Bible အာဗနာသည် ဟေဗြုန်မြို့သို့ရောက်သောအခါ၊ ယွာဘသည် အသင့်အတင့်နှုတ်ဆက်ခြင်းငှာ၊ မြို့တံခါးနားသို့ ခေါ်ပြီးလျှင်၊ ညီအာသဟေလ သေသည်အတွက် သူ၏ဝမ်းကိုထိုး၍ သူသည်လည်းသေ၏။ |
အဗရှလုံကလည်း “ထိုသို့ဖြစ်လျှင် အကျွန်ုပ်၏အစ်ကို အာမနုန်ကို အကျွန်ုပ်တို့နှင့်အတူ သွားခွင့်ပေးပါ”ဟု ဆိုလျှင် ရှင်ဘုရင်က “အဘယ်ကြောင့် သူ့ကို သွားစေလိုသနည်း”ဟု မေး၏။
အာမသကိုလည်း ‘သင်သည် ငါ့အရိုးအသား ဖြစ်သည်မဟုတ်လော။ ယွာဘအစား သင့်ကို အမြဲတမ်းစစ်ဗိုလ်ချုပ်အဖြစ် ခန့်အပ်ပြီ။ ထိုသို့မပြုလျှင် ဘုရားသခင်သည် ငါ့အား ထိုထက်မကပြုတော်မူပါစေသော’ဟူ၍ ပြောကြားလော့”ဟု မှာလိုက်လေ၏။
ထို့နောက် ယွာဘသည် ဒါဝိဒ်မင်းကြီးထံမှထွက်သွားပြီး အာဗနာနောက်သို့တမန်တို့ကိုစေလွှတ်၍ သူတို့သည် သူ့အား သိရရေတွင်းနားမှ ပြန်ခေါ်လာကြ၏။ ထိုအမှုကို ဒါဝိဒ်မင်းကြီးမသိ။
နောက်မှ ထိုအကြောင်းကို ဒါဝိဒ်မင်းကြီး ကြားသောအခါ “နေရ၏သား အာဗနာကိုသတ်သည့်အမှုနှင့်ပတ်သက်၍ ငါနှင့် ငါ့ပြည်သူပြည်သားတို့သည် ထာဝရဘုရားရှေ့တော်၌ အစဉ်အပြစ်ကင်းလွတ်၏။
အာဗနာသည် ဟေဗြုန်မြို့၌သေဆုံးသွားပြီဖြစ်ကြောင်းကို ရှောလုမင်းကြီး၏သား ကြားသောအခါ စိတ်ပျက်အားလျော့သွားလေ၏။ အစ္စရေးလူမျိုးအပေါင်းတို့သည်လည်း ထိတ်လန့်ကြလေ၏။
သူသည် သူ့ထက်ပို၍ဖြောင့်မတ်မှန်ကန်သူနှစ်ဦးဖြစ်သော အစ္စရေးစစ်သူကြီး နေရ၏သားအာဗနာနှင့် ယုဒစစ်သူကြီး ယေသာ၏သားအာမသတို့ကို ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီး မသိဘဲ ဓားနှင့်သတ်ခဲ့၏။ ဤသို့ လူအသက်သတ်သောအပြစ်ကို ထာဝရဘုရားသည် သူ့ခေါင်းပေါ်သို့ ရောက်စေတော်မူမည်။
ယခု ဇေရုယာ၏သားယွာဘသည် ငါ့အား မည်သို့ပြုခဲ့သည်ကိုလည်းကောင်း၊ အစ္စရေးစစ်သူကြီးနှစ်ဦးဖြစ်သော နေရ၏သားအာဗနာနှင့် ယေသာ၏သားအာမသတို့အား မည်သို့ပြုခဲ့သည်ကိုလည်းကောင်း သင်သိ၏။ သူသည် တိုင်းပြည်အေးချမ်းချိန်တွင်ပင် ထိုသူတို့ကို တိုက်ခိုက်သတ်ဖြတ်ပြီး သူ့ခါးမှခါးဝတ်တန်ဆာ၊ သူ့ခြေမှခြေနင်းတို့ကို စစ်သွေးစွန်းစေခဲ့၏။
ဂိလဒ်ပြည်ရှိကျန်မနာရှေအမျိုးတစ်ဝက်တွင် ဇာခရိ၏သားဣဒေါ၊ ဗင်္ယာမိန်အမျိုးတွင် အာဗနာ၏သားယာသေလ၊
သူသည် အမုန်းထားခြင်းကို ပရိယာယ်ဖြင့်ဖုံးကွယ်ထားသော်လည်း သူ၏မကောင်းမှုသည် လူပုံအလယ်တွင် ထင်ရှားလိမ့်မည်။
နေသနိ၏သားဣရှမေလနှင့် သူနှင့်အတူပါလာသောလူဆယ်ယောက်တို့သည် ပြည်ကိုအုပ်ချုပ်ရန် ဘေဘီလုံဘုရင်ခန့်ထားခဲ့သော ရှာဖန်၏မြေး၊ အဟိကံ၏သားဂေဒလိကို ထ၍ဓားဖြင့်ခုတ်သတ်လေ၏။
သွေးကြွေးအတွက်လက်စားချေပေးသောသူသည် လူသတ်သောသူကိုတွေ့လျှင် သူကိုယ်တိုင်သတ်ရမည်။
မုန်းတီးစိတ်ကြောင့် လူကိုတွန်းချ၍ဖြစ်စေ၊ ချောင်းမြောင်းလျက် တစ်စုံတစ်ရာဖြင့် လူကိုပစ်၍ဖြစ်စေ ထိုလူသေသွားလျှင်လည်းကောင်း၊
‘မိမိအိမ်နီးချင်းကို လျှို့ဝှက်စွာသတ်သောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။