သုတ္တံကျမ်း။ 26:26 - မြန်မာ့စံမီသမ္မာကျမ်း26 သူသည် အမုန်းထားခြင်းကို ပရိယာယ်ဖြင့်ဖုံးကွယ်ထားသော်လည်း သူ၏မကောင်းမှုသည် လူပုံအလယ်တွင် ထင်ရှားလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible26 အငြိုးထားခြင်းကို လှည့်စားခြင်းအားဖြင့် ဝှက် ထားသောသူ၏ ဒုစရိုက်အပြစ်သည် ပရိသတ်ရှေ့မှာ ထင်ရှားလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible26 မုန်း ထား သော သ ဘော ကို၊ စဉ်း လဲ ခြင်း အား ဖြင့် ဝှက် ထား တတ် သော် လည်း၊ လူ ပ ရိ သတ် ရှေ့ တွင်၊ သူ၏ ဆိုး သွမ်း ခြင်း ထင် ရှား လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible26 အငြိုးထားခြင်းကို လှည့်စားခြင်းအားဖြင့် ဝှက်ထားသောသူ၏ဒုစရိုက်အပြစ်သည် ပရိသတ်ရှေ့မှာ ထင်ရှားလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ရှောလုမင်းကြီးက ဒါဝိဒ်အား “ကြည့်လော့။ ငါ့သမီးအကြီးမေရပ်ကို သင်နှင့်ပေးစားမည်။ ငါ၏စစ်သူရဲအဖြစ်နေ၍ ထာဝရဘုရားအဖို့ တိုက်ပွဲဝင်ပါလော့”ဟု ဆို၏။ အကယ်စင်စစ် ရှောလုမင်းကြီးက “ငါ့လက်ချက်နှင့် သူမသေ။ ဖိလိတ္တိလူမျိုးတို့လက်ချက်ဖြင့် သေပါစေ”ဟု ကြံစည်ခြင်းဖြစ်၏။