ဒွါဒသမလတွင် တာဝန်ထမ်းဆောင်ရသောဒွါဒသမတပ်ဖွဲ့၏တပ်မှူးမှာ ဩသံယေလအမျိုးမှ နေတောဖမြို့သား ဟေလဒဲဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
၂ ရာ 23:29 - မြန်မာ့စံမီသမ္မာကျမ်း နေတောဖာသိလူမျိုး ဗာနာ၏သား ဟေလက်၊ ဂိဗာမြို့မှ ဗင်္ယာမိန်သားမြေး ရိဘဲ၏သား အိတ္တဲ၊ Garrad Bible နေ တော ဖ မြို့ နေ၊ ဗာ နာ့ သား ဟေ လက် Judson Bible နေတောဖာသိအမျိုး ဗာနာသားဟေလက်၊ ဗင်္ယာမိန်အမျိုး ဂိဗာမြို့နေ၊ ရိဘဲ၏သားအိတ္တဲ၊ |
ဒွါဒသမလတွင် တာဝန်ထမ်းဆောင်ရသောဒွါဒသမတပ်ဖွဲ့၏တပ်မှူးမှာ ဩသံယေလအမျိုးမှ နေတောဖမြို့သား ဟေလဒဲဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
နေသနိ၏သား ဣရှမေလ၊ ကာရာ၏သား ယောဟနန်နှင့်ယောနသန်၊ တာနုမက်၏သား စရာယ၊ နေတောဖာသိလူမျိုး ဧဖဲ၏သားများ၊ မာခါသိအမျိုးသား ယေဇနိတို့သည်လည်း သူတို့၏လူများနှင့်တကွ ဂေဒလိရှိရာ မိဇပါမြို့သို့ရောက်လာကြ၏။
ဇေလမြို့၊ ဧလပ်မြို့၊ ဂျေရုဆလင် ခေါ် ယေဗုသိမြို့၊ ဂိဗာမြို့၊ ကိရယတ်မြို့ စသည့်မြို့ပေါင်း တစ်ဆယ့်လေးမြို့နှင့်ရွာများ ပါ၏။ ဤသည်ကား ဗင်္ယာမိန်အမျိုးသားတို့ မျိုးနွယ်စုအလိုက် ရရှိသောအမွေမြေဖြစ်၏။
အစ္စရေးလူမျိုးထဲမှ လူအယောက်သုံးထောင်ကို ရွေးချယ်၏။ လူနှစ်ထောင်သည် ရှောလုမင်းကြီးနှင့်အတူ မိတ်မတ်မြို့နှင့် ဗေသလတောင်ပေါ်ဒေသတို့တွင် နေရပြီး ကျန်လူတစ်ထောင်သည် ယောနသန်နှင့်အတူ ဗင်္ယာမိန်နယ်၊ ဂိဗာမြို့တွင် နေရ၏။ ကျန်လူတို့ကိုမူကား မိမိတို့တဲသို့ အသီးသီးပြန်သွားစေ၏။