ယေရမိ 40:8 - မြန်မာ့စံမီသမ္မာကျမ်း8 နေသနိ၏သား ဣရှမေလ၊ ကာရာ၏သား ယောဟနန်နှင့်ယောနသန်၊ တာနုမက်၏သား စရာယ၊ နေတောဖာသိလူမျိုး ဧဖဲ၏သားများ၊ မာခါသိအမျိုးသား ယေဇနိတို့သည်လည်း သူတို့၏လူများနှင့်တကွ ဂေဒလိရှိရာ မိဇပါမြို့သို့ရောက်လာကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible8 သို့ဖြစ်၍နာသနိ၏သားဣရှမေလ၊ ကာရာ ၏သားယောဟနန်နှင့်ယောနသန်၊ တာနုမက်၏ သားစရာယ၊ နေတောဖတ်မြို့သားဧဖဲ၏သား များ၊ မာခသိမြို့သားယေဇနိတို့သည် မိမိ တို့လူများနှင့်အတူဂေဒလိရှိရာမိဇပါ မြို့သို့လာရောက်ကြ၏။- အခန်းကိုကြည့်ပါ။Judson Bible8 နာသနိသား ဣရှမေလ၊ ကာရာသား ယောဟနန်နှင့် ယောနသန်၊ တာနုမက်သား စရာယ၊ နေတောဖတ်အမျိုး၊ ဧဖဲ၏သားများ၊ မာခသိအမျိုးသား ယေဇနိတို့သည် မိမိလူများနှင့်တကွ ဂေဒလိရှိရာ မိဇပါမြို့သို့လာ၍၊ အခန်းကိုကြည့်ပါ။ |
သူတို့အား ဒါဝိဒ်မင်းကြီးစက်ဆုပ်ရွံရှာသွားကြောင်းကို အမ္မုန်အမျိုးသားတို့သိသောအခါ အမ္မုန်အမျိုးသားတို့သည် လူလွှတ်၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့မှဆီးရီးယားလူမျိုး ခြေလျင်တပ်သား အယောက်နှစ်သောင်း၊ မာခါဘုရင်ထံမှ လူတစ်ထောင်၊ တောဘမြို့မှ လူတစ်သောင်းနှစ်ထောင်တို့ကိုငှားရမ်းလေ၏။
ထိုအခါ ကာရာ၏သားယောဟနန်က “နေသနိ၏သားဣရှမေလကို သွား၍သတ်ရသောအခွင့်ကို ပေးပါ။ မည်သူမျှ မသိစေရ။ အဘယ်ကြောင့် သူသည် သင့်ကိုသတ်၍ သင့်ကိုခိုလှုံလာသောယုဒလူအပေါင်းတို့ကို ကွဲလွင့်စေမည်နည်း။ အဘယ်ကြောင့် ယုဒပြည်၌ကြွင်းကျန်သောသူတို့ ပျက်စီးကြရမည်နည်း”ဟု ဂေဒလိအား မိဇပါမြို့၌ တိတ်တဆိတ်လျှောက်ဆို၏။