ကိုယ်တော်သည် အကျွန်ုပ်ကို သွန်သင်တော်မူသောကြောင့် အကျွန်ုပ်သည် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့မှ ဖယ်ခွာမသွားပါ။
၂ ရာ 22:23 - မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်ရှိသမျှတို့ကို ငါမျက်မှောက်ပြုပါ၏။ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့မှ ငါလွှဲရှောင်မသွားပါ။ Common Language Bible ငါသည်ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့ကို စောင့်ထိန်းခဲ့၏။ ကိုယ်တော်၏အမိန့်တော်တို့ကိုမဖီဆန်ခဲ့ပါ။ Garrad Bible ငါ့ ရှေ့၌ ဆုံး ဖြတ် တော် မူ ချက် ရှိ သ မျှ တည် သည့် အ လျောက် ထုံး ဖွဲ့ တော် မူ ချက် များ ကို ငါ မ ကြဉ် မ ရှောင်။ Judson Bible စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက်ပြု၏။ အထုံးအဖွဲ့တော်တို့မှ မလွှဲ။ |
ကိုယ်တော်သည် အကျွန်ုပ်ကို သွန်သင်တော်မူသောကြောင့် အကျွန်ုပ်သည် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့မှ ဖယ်ခွာမသွားပါ။
ထို့ကြောင့် ကိုယ်တော်၏ဥပဒေသအားလုံးတို့သည် အကုန်အစင်ဖြောင့်မှန်သည်ဟု အကျွန်ုပ်မှတ်ယူလျက် မှားယွင်းသောလမ်းရှိသမျှတို့ကို မုန်းပါ၏။
အကျွန်ုပ်၏နှုတ်ဖြင့် ကိုယ်တော်၏နှုတ်တော်ထွက် စီရင်ထုံးဖွဲ့ချက်ရှိသမျှတို့ကို ပြောကြားပါ၏။
အကျွန်ုပ်သည် သစ္စာတရားလမ်းကို ရွေးချယ်ပါပြီ။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကို မျက်မှောက်ပြုပါပြီ။
ထိုအခါ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်အလုံးစုံတို့ကို ကြည့်ရှုဆင်ခြင်သဖြင့် အရှက်ကွဲရလိမ့်မည်မဟုတ်ပါ။
ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့သည် သစ္စာနှင့်ပြည့်စုံကြပါ၏။ ထိုသူတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲကြသည်ဖြစ်၍ အကျွန်ုပ်ကို ကူညီမစတော်မူပါ။
သူတို့နှစ်ဦးစလုံးသည် ထာဝရဘုရား၏ပညတ်တော်နှင့်ပြဋ္ဌာန်းချက်ရှိသမျှတို့ကို တစ်သဝေမတိမ်းလိုက်လျှောက်လျက် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူများဖြစ်ကြ၏။
သင်တို့အား ငါပညတ်သည့်အရာတို့ကို သင်တို့ကျင့်သုံးလျှင် သင်တို့သည် ငါ၏မိတ်ဆွေများဖြစ်ကြ၏။
ထိုသို့ပြုလျှင် မိမိညီအစ်ကိုတို့အပေါ် မာနထောင်လွှားသောစိတ်ရှိမည်မဟုတ်၊ ပညတ်တရားလမ်းမှ လက်ယာဘက်လက်ဝဲဘက်သို့လမ်းလွဲမည်မဟုတ်၊ သူနှင့်သူ၏သားမြေးတို့သည်လည်း အစ္စရေးလူမျိုးတို့အလယ်၌ တိုင်းပြည်ကို ကာလကြာရှည်စွာ အုပ်စိုးရလိမ့်မည်။
သင်သည် ဤစီရင်ထုံးဖွဲ့ချက်တို့ကို ကြားနာ၍ လိုက်နာစောင့်ထိန်းလျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ဘိုးဘေးတို့အားကျိန်ဆိုတော်မူခဲ့သည့်ပဋိညာဉ်နှင့် မေတ္တာကရုဏာကို သင့်အပေါ်တွင် တည်စေတော်မူမည်။
ယနေ့ သင့်အား ငါဆင့်ဆိုသော သင်၏ဘုရားသခင်ထာဝရဘုရား၏ပညတ်ချက်များ၊ စီရင်ထုံးဖွဲ့ချက်များ၊ ပြဋ္ဌာန်းချက်များကို မစောင့်ထိန်းဘဲ ကိုယ်တော်အား မေ့လျော့မည်ကို သင့်ကိုယ်သင်သတိပြုလော့။