ထိုအခါ ရှင်ဘုရင်က ဇိဘအား “မေဖိဗောရှက်၌ ရှိသမျှသည် သင့်အဖို့ဖြစ်၏”ဟု မိန့်ဆိုလျှင် ဇိဘက “အကျွန်ုပ် ဦးညွှတ်ပါ၏။ အကျွန်ုပ်၏သခင် အရှင်မင်းကြီး ရှေ့တော်မှောက်တွင် မျက်နှာသာရပါစေသော”ဟု ပြန်လျှောက်၏။
၂ ရာ 21:7 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဒါဝိဒ်မင်းကြီးနှင့် ရှောလုမင်းကြီး၏သားယောနသန်တို့ကြား၌ ထာဝရဘုရားကိုတိုင်တည်၍ ပြုထားသောကတိသစ္စာကြောင့် ရှင်ဘုရင်သည် ရှောလု၏မြေး၊ ယောနသန်၏သား မေဖိဗောရှက်ကို ချမ်းသာပေး၏။ Common Language Bible ဒါဝိဒ်သည်ဘုရားသခင်၏ရှေ့တော်တွင် ယော နသန်နှင့်မိမိပြုခဲ့သည့်သစ္စာကတိကို ထောက်၍ ယောနသန်၏သား၊ ရှောလု၏မြေး မေဖိဗောရှက်၏အသက်ကိုချမ်းသာ ပေး၍၊- Garrad Bible ဒါ ဝိဒ် မင်း သည် ရှော လု မင်း သား တော် ယော န သန် နှင့် ထာ ဝ ရ ဘု ရား ကို တိုင် တည် လျက် သစ္စာ မိတ် ဖွဲ့ သည် ကို ထောက် သ ဖြင့်၊ ရှော လု မင်း သား တော် ယော န သန် ရ သော မေ ဖိ ဗော ရှက် အား ညှာ တာ၍ Judson Bible သို့သော်လည်း ဒါဝိဒ်နှင့်ရှောလု၏သားယောနသန်တို့သည် ထာဝရဘုရားရှေ့တော်၌ တစ်ယောက်နှင့်တစ်ယောက် သစ္စာကတိထားသောကြောင့်၊ ရှင်ဘုရင်သည် ရှောလု၏သားယောနသန်မြင်သော မေဖိဗောရှက်ကို နှမြောတော်မူ၏။ |
ထိုအခါ ရှင်ဘုရင်က ဇိဘအား “မေဖိဗောရှက်၌ ရှိသမျှသည် သင့်အဖို့ဖြစ်၏”ဟု မိန့်ဆိုလျှင် ဇိဘက “အကျွန်ုပ် ဦးညွှတ်ပါ၏။ အကျွန်ုပ်၏သခင် အရှင်မင်းကြီး ရှေ့တော်မှောက်တွင် မျက်နှာသာရပါစေသော”ဟု ပြန်လျှောက်၏။
ဤသို့ သူသည် ရှင်ဘုရင်ကို ကြိုဆိုရန် ဂျေရုဆလင်မြို့သို့ရောက်လာသောအခါ ရှင်ဘုရင်က သူ့အား “မေဖိဗောရှက်၊ အဘယ်ကြောင့် သင်သည် ငါနှင့် မလိုက်ခဲ့သနည်း”ဟု မေးလျှင်
ရှောလုမင်းကြီး၏သား ယောနသန်၌ ခြေမသန်သောသားတစ်ဦးရှိ၏။ ယေဇရေလမြို့မှ ရှောလုမင်းကြီးနှင့်ယောနသန်၏သတင်းရောက်လာချိန်၌ ထိုသားသည် အသက်ငါးနှစ်သာရှိသေး၏။ ထိုသတင်းကြောင့် သူ့အထိန်းတော်သည် သူ့ကိုပွေ့ချီလျက် အလန့်တကြားထွက်ပြေးရာမှ ထိုကလေးပြုတ်ကျပြီး ခြေမသန်ဖြစ်ရခြင်းဖြစ်၏။ ထိုကလေး၏အမည်မှာ မေဖိဗောရှက်ဖြစ်၏။
ဒါဝိဒ်မင်းကြီးက “ရှောလုမင်းကြီးအမျိုးထဲမှ ကြွင်းကျန်သူတစ်ဦးဦးရှိသေးသလော။ ငါသည် ယောနသန်အား မေတ္တာကရုဏာကိုပြလို၏”ဟု ဆို၏။
သင်နှင့် သင့်သားသမီးများ၊ သင့်အစေအပါးများသည် ထိုလယ်ယာများကို ထွန်ယက်စိုက်ပျိုးပြီး သင့်သခင်၏သားမြေးတို့ စားစရာအဖို့ ယူဆောင်လာပေးရမည်။ သင့်သခင်၏သား မေဖိဗောရှက်သည် နေ့စဉ် ငါ့စားပွဲတွင် စားရမည်”ဟု ဆို၏။ ဇိဘ၌ သားတစ်ဆယ့်ငါးယောက်နှင့် အစေအပါး အယောက်နှစ်ဆယ်ရှိ၏။
ရှောလုမင်းကြီး၏မြေး၊ ယောနသန်၏သားမေဖိဗောရှက်သည် ဒါဝိဒ်မင်းကြီးထံရောက်လာသောအခါ ရှေ့တော်တွင် ပျပ်ဝပ်ရှိခိုး၏။ ဒါဝိဒ်မင်းကြီးက “သင်ကား မေဖိဗောရှက်လော”ဟု မေးလျှင် သူက “အကျွန်ုပ်သည် အရှင့်အစေအပါး မှန်ပါ၏”ဟု ပြန်လျှောက်၏။
ဒါဝိဒ်မင်းကြီးက သူ့အား “မကြောက်နှင့်။ သင့်ဖခင်ယောနသန်ကိုထောက်ပြီး သင့်အား မေတ္တာကရုဏာကိုပြမည်။ သင့်အဘိုးရှောလုမင်းကြီးပိုင်ခဲ့သောလယ်ယာမြေအားလုံးကို သင့်အား ပြန်ပေးအပ်မည်။ သင်သည် ငါ့စားပွဲတွင် အမြဲစားသောက်ရမည်”ဟု ဆိုလျှင်
ငါဆိုသည်ကား “ဘုရားသခင်၏ရှေ့တော်၌ကျိန်ဆိုထားသည်ဖြစ်၍ ရှင်ဘုရင်၏အမိန့်ကိုနာခံလော့။
ယောနသန်သည် ဒါဝိဒ်ကို ကိုယ်နှင့်အမျှချစ်သောကြောင့် ဒါဝိဒ်နှင့်ကတိသစ္စာပြုလေ၏။
ထို့နောက် ယောနသန်က ဒါဝိဒ်အား “အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားကို တိုင်တည်၍ မနက်ဖြန်၊ သန်ဘက်ခါ ဤအချိန်တွင် ငါ့ခမည်းတော်ကို ငါစောင့်ကြည့်မည်။ သင်ဒါဝိဒ်အပေါ် ငါ့ခမည်းတော်ကောင်းမည်ဆိုလျှင် ငါသည် သင့်ထံသို့လူလွှတ်၍ ဆက်ဆက်ပြောကြားပေးမည်။
ထာဝရဘုရားသည် ဒါဝိဒ်၏ရန်သူအပေါင်းတို့ကို မြေမျက်နှာပြင်မှ သုတ်သင်ပယ်ရှင်းတော်မူသည့်အခါ ငါ၏အိမ်သူအိမ်သားတို့အား သင်၏မေတ္တာကရုဏာကို မဖြတ်ဘဲ ဆက်၍ပြသပေးပါ”ဟု ဆို၏။
ယောနသန်သည် ဒါဝိဒ်ကို မိမိကိုယ်နှင့်အမျှချစ်သောကြောင့် ဒါဝိဒ်ကို ချစ်သောစိတ်ဖြင့် ထပ်မံကျိန်ဆို၏။
ထို့နောက် ယောနသန်က ဒါဝိဒ်အား “အေးအေးဆေးဆေးသွားပါတော့။ ‘ထာဝရဘုရားသည် ငါနှင့်သင့်ကြား၊ ငါ့သားစဉ်မြေးဆက်နှင့် သင့်သားစဉ်မြေးဆက်တို့ကြားတွင် သက်သေအစဉ်ဖြစ်ပါစေ’ဟူ၍ ထိုထာဝရဘုရား၏နာမတော်၌ ငါတို့နှစ်ယောက် ကျိန်ဆိုထားပြီ”ဟု ဆို၏။ ထို့နောက် ဒါဝိဒ်ထွက်သွား၍ ယောနသန်လည်း မြို့ထဲသို့ ပြန်သွားလေ၏။
သို့ဖြစ်၍ အရှင်နှင့်အကျွန်ုပ်သည် ထာဝရဘုရားရှေ့တွင် ပဋိညာဉ်ပြုထားကြပြီဖြစ်၍ အရှင်၏အစေအပါးကို သနားပါလော့။ အကျွန်ုပ်အပြစ်ပြုမိခဲ့လျှင် အရှင်ကိုယ်တိုင် အကျွန်ုပ်ကိုသတ်ပါ။ အဘယ်ကြောင့် အကျွန်ုပ်ကို အရှင့်ခမည်းတော်လက်သို့အပ်မည်နည်း”ဟု ဆို၏။
ထို့နောက် သူတို့နှစ်ဦး ထာဝရဘုရားရှေ့တော်တွင် ကတိသစ္စာပြု၍ ဒါဝိဒ်သည် ဟောရေရှအရပ်၌နေခဲ့ပြီး ယောနသန်ကား သူ့အိမ်သို့ပြန်သွားလေ၏။
ဒါဝိဒ်သည် ရှောလုမင်းကြီးအား ကျိန်ဆိုလေ၏။ ထို့နောက် ရှောလုမင်းကြီးသည် မိမိအိမ်သို့ ပြန်သွား၍ ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့မူကား ဥမင်လိုဏ်ခေါင်းရှိရာသို့ တက်သွားလေ၏။