ထိုအခါ ဒါဝိဒ်မင်းကြီးသည် မြေမှထ၍ ရေချိုးဆီလိမ်း အဝတ်အစားလဲပြီးလျှင် ထာဝရဘုရား၏အိမ်တော်သို့သွား၍ ဝတ်ပြုကိုးကွယ်လေ၏။ ထို့နောက် နန်းတော်သို့ပြန်လာ၍ အစားအစာပြင်ဆင်ခိုင်းပြီး စားတော်ခေါ်လေ၏။
၂ ရာ 19:24 - မြန်မာ့စံမီသမ္မာကျမ်း ရှောလုမင်းကြီး၏မြေး မေဖိဗောရှက်သည်လည်း ရှင်ဘုရင်ကို ကြိုဆိုရန် ဆင်းလာ၏။ ရှင်ဘုရင်ထွက်သွားသည့်နေ့မှစ၍ ဘေးကင်းစွာပြန်လာသည့်နေ့အထိ သူသည် ကိုယ့်ခြေကို မဆေး၊ နှုတ်ခမ်းမွေးကို မရိတ်၊ အဝတ်ကိုလည်း မလျှော်ဖွပ်ဘဲ နေ၏။ Common Language Bible ထိုနောက်ရှောလု၏မြေးမေဖိဗောရှက်သည် မင်းကြီးအားခရီးဦးကြိုပြုရန်လာရောက် ၏။ သူသည်မင်းကြီးယေရုရှလင်မြို့ကထွက် ခွာသွားချိန်မှအစပြု၍ အောင်မြင်စွာပြန် လည်ရောက်ရှိလာချိန်အထိ မိမိ၏ခြေတို့ ကိုမဆေး၊ မုတ်ဆိတ်ကိုမညှပ်၊ အဝတ်အစား ကိုလည်းမလျှော်မဖွတ်ဘဲနေ၏။- Garrad Bible ထို နောက် ဘု ရင် မင်း ထွက် ခွာ သည့် နေ့ မှ စ၍ ဘေး လွတ် စွာ ပြန် လာ သော နေ့ တိုင် အောင် ခြေ သည်း မ ထိုး၊ နှုတ် ခမ်း မွေး မ ဖြတ်၊ အ ဝတ် ကို လည်း မ ဖွပ် မ လျှော် သော ရှော လု မင်း မြေး တော် မေ ဖိ ဗော ရှက် သည် ဘု ရင် မင်း ကို ခ ရီး ဦး ကြို ဆို လာ ၏။ Judson Bible ရှောလု၏သား မေဖိဗောရှက်သည်လည်း ရှင်ဘုရင်ကို ခရီးဦးကြိုပြုခြင်းငှာလာ၏။ ရှင်ဘုရင်ထွက်သောနေ့မှစ၍ ငြိမ်ဝပ်စွာ ပြန်လာတော်မမူမီတိုင်အောင်၊ သူသည်ခြေတို့ကို မပြုစု၊ မုတ်ဆိတ်ကိုမပြင်ဆင်၊ အဝတ်ကို မလျှော်ဘဲနေပြီ။ |
ထိုအခါ ဒါဝိဒ်မင်းကြီးသည် မြေမှထ၍ ရေချိုးဆီလိမ်း အဝတ်အစားလဲပြီးလျှင် ထာဝရဘုရား၏အိမ်တော်သို့သွား၍ ဝတ်ပြုကိုးကွယ်လေ၏။ ထို့နောက် နန်းတော်သို့ပြန်လာ၍ အစားအစာပြင်ဆင်ခိုင်းပြီး စားတော်ခေါ်လေ၏။
ဒါဝိဒ်မင်းကြီးသည် သံလွင်တောင်တက်လမ်းအတိုင်း ငိုကြွေးလျက်၊ ဦးခေါင်းကိုလည်းခြုံလျက် ခြေနင်းတော်မပါဘဲ တက်သွား၏။ သူနှင့်ပါလာသောလူအပေါင်းတို့သည်လည်း အသီးသီးဦးခေါင်းကိုခြုံထားလျက်၊ ငိုကြွေးလျက် လိုက်တက်သွားကြ၏။
ထိုအခါ ရှင်ဘုရင်က “သင့်သခင်၏သားကား အဘယ်မှာနည်း”ဟု မေးလျှင် ဇိဘက “ ‘အစ္စရေးအမျိုးအနွယ်တို့သည် ငါ့ခမည်းတော်၏နိုင်ငံကို ငါ့အား ပြန်ပေးကောင်းပေးလိမ့်မည်’ဟု ဆို၍ ဂျေရုဆလင်မြို့တွင် နေခဲ့ပါ၏”ဟု ရှင်ဘုရင်အား လျှောက်တင်၏။
ဇိဘက “အရှင့်အစေအပါးအား အရှင်မင်းကြီးမိန့်တော်မူသမျှအတိုင်း အရှင့်အစေအပါးပြုပါမည်”ဟု ရှင်ဘုရင်အား ပြန်လျှောက်၏။ မေဖိဗောရှက်သည် ဘုရင့်သားတော်တစ်ပါးကဲ့သို့ ဒါဝိဒ်မင်းကြီး၏စားပွဲတွင် စားသောက်ရ၏။
ဗာဟုရိမ်မြို့သား၊ ဗင်္ယာမိန်အမျိုးသား ဂေရ၏သားရှိမိသည် မဟာနိမ်မြို့သို့ ငါသွားသောနေ့တွင် သူသည် ငါ့ကို ခါးသီးစွာကျိန်ဆဲခဲ့၏။ သို့သော် ငါပြန်လာသောအခါ သူသည် ငါ့ကို ဂျော်ဒန်မြစ်သို့ဆင်းကြို၍ ‘သင့်ကို ငါ ဓားဖြင့်မသတ်’ဟု ထာဝရဘုရားကိုတိုင်တည်၍ ငါကျိန်ဆိုခဲ့ပြီ။
တစ်ဖန် ထာဝရဘုရားက မောရှေအား “လူတို့ထံသို့သွား၍ ယနေ့နှင့်မနက်ဖြန်တွင် သူတို့ကို သန့်ရှင်းစေလော့။ သူတို့၏အဝတ်အစားများကိုလည်း လျှော်စေလော့။
မောဘပြည်သားတို့သည် မြင့်ရာအရပ်ရှိ အိမ်တော်သို့၊ ဒိဘုန်မြို့သို့ တက်သွား၍ ငိုကြွေးကြပြီ။ နေဗောမြို့၊ မေဒဘမြို့အတွက် ညည်းတွားငိုကြွေးကြပြီ။ သူတို့အားလုံး ခေါင်းတုံးတုံးကြ၏။ မုတ်ဆိတ်ရိတ်ကြ၏။
ရှေခင်မြို့၊ ရှိလောမြို့၊ ရှမာရိမြို့တို့မှ လူအယောက်ရှစ်ဆယ်တို့ ရောက်လာကြ၏။ သူတို့သည် မုတ်ဆိတ်ရိတ်ထားကြ၏။ သူတို့၏အဝတ်လည်း စုတ်ပြဲနေ၏။ ကိုယ်ကိုလည်း မွှမ်းထားကြ၏။ လက်ထဲတွင်လည်း ထာဝရဘုရား၏အိမ်တော်အဖို့ ဘောဇဉ်ပူဇော်သက္ကာနှင့် လော်ဗန်တို့ကို ယူဆောင်လာကြ၏။
သင်တို့သည် အစာရှောင်ကြသောအခါ သူတော်ကောင်းယောင်ဆောင်သောသူတို့ကဲ့သို့ မျက်နှာညှိုးငယ်ခြင်းမရှိစေကြနှင့်။ အကြောင်းမူကား သူတို့သည် မိမိတို့အစာရှောင်နေကြောင်း လူတို့ရှေ့၌ထင်ရှားစေရန် မျက်နှာရှုံ့မဲ့ထားတတ်ကြ၏။ သင်တို့အား ငါအမှန်ဆိုမည်။ သူတို့သည် မိမိတို့၏အကျိုးကျေးဇူးကိုရကြလေပြီ။
ဝမ်းမြောက်သောသူတို့နှင့်အတူဝမ်းမြောက်၍ ငိုကြွေးသောသူတို့နှင့်အတူငိုကြွေးကြလော့။
အကျဉ်းသားများကို သူတို့နှင့်အတူအချုပ်အနှောင်ခံနေရသကဲ့သို့ သတိရကြလော့။ မတရားပြုမူဆက်ဆံခြင်းခံရသောသူတို့ကို သင်တို့လည်း မိမိကိုယ်ခန္ဓာ၌ ထိုနည်းတူခံရသကဲ့သို့ သတိရကြလော့။