၂ ရာ 12:20 - မြန်မာ့စံမီသမ္မာကျမ်း20 ထိုအခါ ဒါဝိဒ်မင်းကြီးသည် မြေမှထ၍ ရေချိုးဆီလိမ်း အဝတ်အစားလဲပြီးလျှင် ထာဝရဘုရား၏အိမ်တော်သို့သွား၍ ဝတ်ပြုကိုးကွယ်လေ၏။ ထို့နောက် နန်းတော်သို့ပြန်လာ၍ အစားအစာပြင်ဆင်ခိုင်းပြီး စားတော်ခေါ်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible20 ဒါဝိဒ်သည်ကြမ်းပြင်ပေါ်မှထ၍ ရေချိုး ခေါင်းဖီးပြီးလျှင်အဝတ်အစားများကို လဲ၏။ ထိုနောက်ထာဝရဘုရား၏အိမ်တော် သို့သွား၍ဝတ်ပြုကိုးကွယ်၏။ နန်းတော် သို့ပြန်လည်ရောက်ရှိလာသောအခါမင်း ကြီးသည် စားသောက်ဖွယ်တို့ကိုတောင်း၍ ချက်ချင်းပင်စားတော်ခေါ်လေသည်။- အခန်းကိုကြည့်ပါ။Garrad Bible20 နန်း ကြိမ်း ပြင် မှ ထ၍ ရေ သုံး သပ် ခြင်း၊ ဆီ လိမ်း ခြင်း၊ ဝတ် လဲ တော် ဆင် ယင် ခြင်း များ ကို ပြု ပြီး လျှင်၊ ထာ ဝ ရ ဘု ရား ဗိ မာန် တော် သို့ သွား၍ ရှိ ခိုး ပြီး နောက် နန်း တော် သို့ ပြန် ဝင် လျက် တောင်း ဆို ဆက် သ သော ပွဲ တော် စာ ကို သုံး ဆောင် လေ၏။ အခန်းကိုကြည့်ပါ။Judson Bible20 ထိုအခါ ဒါဝိဒ်သည် မြေမှထ၍ ရေချိုးခြင်း၊ ဆီလိမ်းခြင်း၊ အဝတ်လဲခြင်းကို ပြုပြီးလျှင်၊ ထာဝရဘုရား၏ အိမ်တော်သို့သွား၍ ကိုးကွယ်၏။ ထိုနောက် နန်းတော်သို့ပြန်လာ၍ စားစရာကိုတောင်းသောအခါ၊ ကျွန်တို့သည် စားပွဲတော်ကိုပြင်၍ မင်းကြီးသည် စားတော်မူ၏။ အခန်းကိုကြည့်ပါ။ |
သို့သော် သင်သည် အစာရှောင်သောအခါ မိမိအစာရှောင်နေကြောင်းကို လူတို့ရှေ့၌မထင်ရှားစေဘဲ မထင်ရှားသောအရပ်၌ရှိတော်မူသော သင်၏အဖရှေ့တော်၌သာ ထင်ရှားစေရန် သင်၏ခေါင်းကိုဆီလိမ်း၍ သင်၏မျက်နှာကိုသစ်လော့။ ထိုအခါ မထင်ရှားသောအရာကိုမြင်တော်မူသော သင်၏အဖသည် သင့်အား ဆုလာဘ်ကိုပေးတော်မူလိမ့်မည်။