ဧဖရိမ်သည် သားအငယ်ဖြစ်သော်လည်း အစ္စရေးသည် မိမိလက်ယာလက်ကိုဆန့်၍ ဧဖရိမ်၏ခေါင်းပေါ်သို့တင်၏။ မနာရှေသည် သားဦးဖြစ်သော်လည်း အစ္စရေးသည် မိမိလက်ကို ကြက်ခြေခတ်၍ မိမိ၏လက်ဝဲလက်ကို မနာရှေခေါင်းပေါ်သို့တင်၏။
၂ ရာ 19:20 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်ပြစ်မှားမိခဲ့ကြောင်းကို အရှင့်အစေအပါးအကျွန်ုပ် သိပါ၏။ သို့ဖြစ်၍ ယနေ့ အကျွန်ုပ်၏သခင် အရှင်မင်းကြီးကိုကြိုဆိုရန် ယောသပ်အမျိုးအနွယ်အပေါင်းတို့တွင် အကျွန်ုပ်သည် အဦးဆုံးရောက်လာသူဖြစ်ပါ၏”ဟု လျှောက်တင်လေ၏။ Common Language Bible အရှင်၊ အကျွန်ုပ်သည်ပြစ်မှားမိပါပြီ။ သို့ ဖြစ်၍မြောက်ဘက်အနွယ်ဝင်များထဲမှ အကျွန်ုပ်သည်ဦးစွာပထမအရှင်မင်း ကြီးအား ယနေ့လာရောက်ကြိုဆိုခြင်း ဖြစ်ပါ၏'' ဟုလျှောက်၏။ Garrad Bible ပြစ် မှား မိ သည် ကို ကျွန် တော် သိ ပါ၍ ယော သပ် အ နွယ် အ နက် အ ရှင် မင်း မြတ် ကို ဦး စွာ လာ ရောက် ကြို ဆို သူ ကား ကျွန် တော် ပင် တည်း ဟု တင် လျှောက် သော်၊ Judson Bible ကိုယ်တော်ကျွန်သည် ပြစ်မှားမိသည်ကို ကိုယ်တော်ကျွန်သိပါ၏။ သို့သော်လည်း ယောသပ်အမျိုးသား အပေါင်းတို့အရင်၊ ကျွန်တော်သည် ယနေ့အရှင်မင်းကြီးကို ခရီးဦးကြိုပြုခြင်းငှာ လာပါပြီဟု လျှောက်လေ၏။ |
ဧဖရိမ်သည် သားအငယ်ဖြစ်သော်လည်း အစ္စရေးသည် မိမိလက်ယာလက်ကိုဆန့်၍ ဧဖရိမ်၏ခေါင်းပေါ်သို့တင်၏။ မနာရှေသည် သားဦးဖြစ်သော်လည်း အစ္စရေးသည် မိမိလက်ကို ကြက်ခြေခတ်၍ မိမိ၏လက်ဝဲလက်ကို မနာရှေခေါင်းပေါ်သို့တင်၏။
တစ်ဖန် ထိုနေ့၌ အစ္စရေးသည် သူတို့အား “အစ္စရေးအမျိုးသားတို့သည် သင်တို့ကိုအစွဲပြု၍ ‘ဘုရားသခင်သည် သင့်ကို ဧဖရိမ်နှင့် မနာရှေကဲ့သို့ ဖြစ်စေတော်မူပါစေသော’ဟူ၍ အချင်းချင်း ကောင်းချီးပေးကြလိမ့်မည်”ဟု ကောင်းချီးပေးလေ၏။ ထိုသို့ အစ္စရေးသည် ဧဖရိမ်ကို မနာရှေ၏ရှေ့၌ နေရာချလေ၏။
ဒါဝိဒ်မင်းကြီးသည် ဗာဟုရိမ်မြို့သို့ရောက်သောအခါ ရှောလုမင်းကြီး၏ဆွေမျိုးသားချင်းထဲမှ လူတစ်ယောက်ထွက်လာ၏။ ထိုသူသည် ဂေရ၏သားဖြစ်၍ ရှိမိ အမည်ရှိ၏။ သူသည် ဒါဝိဒ်မင်းကြီးကို ကျိန်ဆဲရင်းနှင့် ထွက်လာခြင်းဖြစ်၏။
ထိုအခါ ဇေရုယာ၏သား အဘိရှဲက “ရှိမိသည် ထာဝရဘုရား ဘိသိက်ပေးတော်မူသောသူကို ကျိန်ဆဲခဲ့လေပြီ။ ထို့အတွက်ကြောင့် သူအသေသတ်ခြင်းခံရမည် မဟုတ်လော”ဟု ဆိုလျှင်
ထို့နောက်တွင် အစ္စရေးအမျိုးအနွယ်အပေါင်းတို့က “ငါတို့ကို ရန်သူ့လက်မှ ကယ်တင်သူမှာ ရှင်ဘုရင်ဖြစ်၏။ ငါတို့ကို ဖိလိတ္တိလူမျိုးတို့လက်မှ လွတ်မြောက်စေသူမှာလည်း ရှင်ဘုရင်ပင် ဖြစ်၏။ သို့သော် ယခုမှာ အဗရှလုံကြောင့် ရှင်ဘုရင်မှာ တိုင်းပြည်မှ ထွက်ပြေးနေရပါပြီ။
ယေရောဗောင်ပြန်ရောက်လာပြီဖြစ်ကြောင်းကို အစ္စရေးလူမျိုးတစ်မျိုးလုံး ကြားသိလျှင် လူလွှတ်၍ သူ့ကို လူထုရှေ့သို့ခေါ်လာစေပြီး အစ္စရေးလူမျိုးအပေါင်းတို့ကို အုပ်ချုပ်ရန် မင်းမြှောက်လိုက်လေ၏။ ယုဒအမျိုးမှတစ်ပါး ဒါဝိဒ်မင်းမျိုးမင်းနွယ်နောက်သို့လိုက်သောသူမရှိ။
ထို့နောက်တွင် ယေရောဗောင်မင်းကြီးသည် ဧဖရိမ်တောင်ပေါ်တွင် ရှေခင်မြို့ကိုတည်၍ နေထိုင်၏။ ထို့နောက် ရှေခင်မြို့မှထွက်ခွာပြီး ပေနွေလမြို့ကို တည်ပြန်၏။
သစ်ကတိုးပင်၌အသိုက်လုပ်၍ လက်ဘနွန်တောင်၌နေသောသူ၊ သားဖွားဝေဒနာကဲ့သို့ နာကျင်ခြင်းဝေဒနာကို သင်ခံစားရသောအခါ သင်မည်မျှညည်းတွားလိမ့်မည်နည်း”ဟု မိန့်တော်မူ၏။
သူတို့သည် ကိုယ့်အပြစ်ကိုမဝန်ခံမချင်း၊ ငါ့မျက်နှာကိုမရှာမချင်း စံမြန်းရာသို့ ငါပြန်သွားနေမည်။ သူတို့သည် ဆင်းရဲဒုက္ခရောက်သောအခါ ငါ့ကို ကြိုးစားရှာကြလိမ့်မည်။”
ဧဖရိမ်ကို ငါသိ၏။ အစ္စရေးသည်လည်း ငါ့ကိုပုန်းရှောင်၍ မရ။ အို ဧဖရိမ်၊ သင်သည် ဖောက်ပြန်မှားယွင်းလေပြီ။ အစ္စရေးသည် ညစ်ညူးလေပြီ။