ရှင်ဘုရင်နှင့်လူအပေါင်းတို့သည် မောပန်းလာသဖြင့် တစ်နေရာတွင် အပန်းဖြေရပ်နားကြ၏။
၂ ရာ 16:5 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်မင်းကြီးသည် ဗာဟုရိမ်မြို့သို့ရောက်သောအခါ ရှောလုမင်းကြီး၏ဆွေမျိုးသားချင်းထဲမှ လူတစ်ယောက်ထွက်လာ၏။ ထိုသူသည် ဂေရ၏သားဖြစ်၍ ရှိမိ အမည်ရှိ၏။ သူသည် ဒါဝိဒ်မင်းကြီးကို ကျိန်ဆဲရင်းနှင့် ထွက်လာခြင်းဖြစ်၏။ Common Language Bible ဒါဝိဒ်သည်ဗာဟုရိမ်မြို့သို့ရောက်သောအခါ ရှောလု၏ဆွေတော်မျိုးတော်ဂေရ၏သား၊ ရှိမိ ဆိုသူသည်ဒါဝိဒ်အားကျိန်ဆဲလျက်မြို့မှ ထွက်လာ၏။- Garrad Bible ဗာ ဟု ရိမ် မြို့ သို့ ဒါ ဝိဒ် မင်း ရောက် သော အ ခါ ရှော လု မင်း ဆွေ တော် မျိုး တော်၊ ဂေ ရ သား၊ ရှိ မိ အ မည် ရှိ သူ သည် မြို့ တွင်း မှ ထွက် လာ လျက် သူ ရဲ ကောင်း တို့ နှင့် တပ် တော် သား အ လုံး အ ရင်း ကို ဝဲ ယာ ခင်း ချီ စေ သော ဒါ ဝိဒ် မင်း မှ စ၍ ကျေး ကျွန် သင်း ပင်း အ ပေါင်း တို့ အား ခဲ ပစ် ဆဲ ဆို လိုက် လျှောက် စဉ် Judson Bible ဒါဝိဒ်မင်းကြီးသည် ဗာဟုရိမ်မြို့သို့ ရောက်သောအခါ၊ ရှောလု၏အဆွေအမျိုး ဂေရသား ရှိမိအမည်ရှိသောသူသည် ကျိန်ဆဲလျက် ထွက်လာ၏။ |
ရှင်ဘုရင်နှင့်လူအပေါင်းတို့သည် မောပန်းလာသဖြင့် တစ်နေရာတွင် အပန်းဖြေရပ်နားကြ၏။
ထိုအခါ ရှင်ဘုရင်က ဇိဘအား “မေဖိဗောရှက်၌ ရှိသမျှသည် သင့်အဖို့ဖြစ်၏”ဟု မိန့်ဆိုလျှင် ဇိဘက “အကျွန်ုပ် ဦးညွှတ်ပါ၏။ အကျွန်ုပ်၏သခင် အရှင်မင်းကြီး ရှေ့တော်မှောက်တွင် မျက်နှာသာရပါစေသော”ဟု ပြန်လျှောက်၏။
သူသည် ဒါဝိဒ်မင်းကြီးကိုသာမက ဒါဝိဒ်မင်းကြီး၏အမှုထမ်းများ၊ လူများနှင့် မင်းကြီး၏ဝဲဘက်ယာဘက်မှစစ်သူရဲများကို ကျောက်ခဲနှင့် ပေါက်ရင်း
သို့သော် လုလင်တစ်ဦးသည် သူတို့ကို တွေ့သွား၍ အဗရှလုံအား သွားလျှောက်သဖြင့် သူတို့နှစ်ဦးသည် အလျင်အမြန်ထွက်ပြေးသွားပြီး ဗာဟုရိမ်မြို့ရှိ လူတစ်ယောက်၏အိမ်သို့ ပြေးသွားကာ ထိုအိမ်ဝင်းရှိ ရေတွင်းထဲသို့ ဆင်း၍ပုန်းနေကြ၏။
သူ့ခင်ပွန်းသည်လည်း ငိုကြွေးလျက် ဗာဟုရိမ်မြို့တိုင်အောင် သူနှင့်အတူလိုက်လာ၏။ အာဗနာက သူ့အား “ပြန်သွားပါ”ဟု ဆိုမှ သူပြန်သွားလေ၏။
ရှုရှန်နန်းတော်တွင် မော်ဒကဲဟုခေါ်သော ဂျူးလူမျိုးတစ်ဦးရှိ၏။ သူသည် ဗင်္ယာမိန်အမျိုး ကိရှ၏မြစ်၊ ရှိမိ၏မြေး၊ ယာဣရ၏သားဖြစ်၏။
ကိုယ်တော်သည် ငါ့လေးကြိုးကို လျော့ရဲစေ၍ ငါ့ကို ဒုက္ခရောက်စေ၏။ သူတို့သည်လည်း ငါ့ရှေ့တွင် ဇက်ကြိုးကို ဖြတ်တောက်ပစ်ကြ၏။
အကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်ကိုတစ်နေ့လုံး ကဲ့ရဲ့ပြစ်တင်ကြပါ၏။ အကျွန်ုပ်ကိုစော်ကားသောသူတို့သည် အကျွန်ုပ်ကိုပုံဆောင်၍ ကျိန်ဆိုကြပါ၏။
သူတို့သည် ကျိန်ဆဲသော်လည်း ကိုယ်တော်သည် ကောင်းချီးပေးတော်မူလိမ့်မည်။ သူတို့သည် ထကြွသော်လည်း အရှက်ကွဲကြရပါလိမ့်မည်။ ကိုယ်တော်၏အစေအပါးမူကား ဝမ်းမြောက်ရပါလိမ့်မည်။
အကြောင်းမူကား သူတို့သည် ကိုယ်တော်ဒဏ်ခတ်ထားသောသူကို လိုက်လံညှဉ်းဆဲကြပြီး ကိုယ်တော်ဒဏ်ရာရစေသောသူတို့၏ ဒုက္ခဝေဒနာအကြောင်းကို ပြောဆိုကြပါ၏။
အကြောင်းမူကား ၎င်းသည် သူ၏တစ်ခုတည်းသောခြုံစရာ၊ သူ၏ကိုယ်ခန္ဓာအတွက် ခြုံထည်ဖြစ်သဖြင့် သူသည် မည်သည့်အရာကိုခြုံ၍ အိပ်မည်နည်း။ ငါသည် သနားကြင်နာတတ်သည်ဖြစ်၍ သူသည် ငါ့ထံ အော်ဟစ်တောင်းလျှောက်သောအခါ ငါနားထောင်မည်။
ဘုရားသခင်အား ပြစ်မှားပြောဆိုခြင်းမပြုရ။ သင့်လူမျိုး၏ခေါင်းဆောင်ကို မကျိန်ဆဲရ။
လူးလာပျံဝဲသည့် စာငှက်ကဲ့သို့လည်းကောင်း၊ ပျံသန်းသွားလာသည့် ပျံလွှားငှက်ကဲ့သို့လည်းကောင်း အကြောင်းမဲ့ကျိန်ဆဲခြင်းသည် လာရောက်ရပ်နားခြင်းမရှိတတ်။
ရှင်ဘုရင်ကို သင်၏စိတ်ကူးထဲ၌ပင် မကျိန်ဆဲနှင့်။ ချမ်းသာသောသူကိုလည်း သင်၏အိပ်ခန်းထဲ၌ပင် မကျိန်ဆဲနှင့်။ အကြောင်းမူကား မိုးကောင်းကင်ငှက်သည် ထိုအသံကို ဆောင်ယူသွားလိမ့်မည်။ တောင်ပံရှိသောအကောင်သည်လည်း ထိုစကားကို ပြောကြားလိမ့်မည်။
သူတို့သည် ခက်ခဲပင်ပန်းလျက်၊ ဆာလောင်မွတ်သိပ်လျက် ပြည်တစ်လျှောက်ဖြတ်သန်းသွားရမည်။ ဆာလောင်သောအခါ အမျက်ထွက်၍ မိမိဘုရင်၊ မိမိဘုရားသခင်ကို ကျိန်ဆဲမည်။ အထက်သို့ မော့ကြည့်လျှင်ဖြစ်စေ၊
ထို့နောက် ဖိလိတ္တိပြည်သားက ဒါဝိဒ်အား “သင်သည် တောင်ဝှေးမျှလောက်ဖြင့် ငါ့ထံလာသည်မှာ ငါသည် ခွေးဖြစ်၍လော”ဟု ဆိုလျက် ဖိလိတ္တိပြည်သားသည် မိမိ၏ဘုရားကိုတိုင်တည်၍ ဒါဝိဒ်ကို ကျိန်ဆဲ၏။